T1 Dota2 အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Forev

T1 Dota2 အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Forev

ကိုရီးယား အခြေစိုက် Dota2 အသင်း T1 ကတော့ အသင်းရဲ့ တစ်ဦးတည်းသော ကိုရီးယား ကစားသမားဖြစ်တဲ့ Lee “Forev” Sang-don နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ Forev အနေနဲ့ T1 Dota2 အသင်း စတင် တည်ထောင်ချိန်ကတည်းက အဓိက ကစားသမား အဖြစ် ရှိနေခဲ့သလို (၁၁) လကြာ ကစားခဲ့ပေမယ့် ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် T1 Dota2 အသင်းဘက်က အခုလို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“ဒီနေ့မှာ အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Forev နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ T1 Dota2 အသင်းမှာ ရှိနေတဲ့အချိန် အတွင်း အစွမ်းကုန် ပေးဆပ်မှုတွေ အတွက် ကျေးဇူးတင်ရှိသလို ရှေ့လျှောက်‌ အောင်မြင်စေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။”

T1 Dota2 အသင်း အနေနဲ့ စတင် ဖွဲ့စည်းခဲ့စဥ် အချိန်ကတည်းက လက်ရှိအချိန်ထိ Hephaestus Cup နဲ့ SEA Dota Invitational 2020 စတဲ့ ပြိုင်ပွဲသေး နှစ်ခုမှသာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ LoL လောကမှာ ထိပ်သီး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ T1 Esports အဖွဲ့အစည်း အနေနဲ့ Dota2 လောကမှာတော့ အသင်းသေး အဖြစ်သာ ရပ်တည်နိုင်ခဲ့သလို မူလရည်မှန်းချက်ဖြစ်တဲ့ Fnatic, TNC, Geek Fam တို့လို SEA အခြေစိုက် နာမည်ကျော် အသင်းအဖြစ် ရပ်တည်နိုင်မယ့် ရည်မှန်းချက်ကလည်း ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေတုန်းပါပဲ။

လက်ရှိအချိန်မှာ SEA Dota2 လောကရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်ကြတဲ့ 23savage, Drew တို့ အနေနဲ့ သက်ဆိုင်ရာ အသင်းကိုယ်စီနဲ့ လမ်းခွဲထားပြီး အသင်းလက်မဲ့ အဖြစ် ရပ်တည်လျက် ရှိတာကြောင့် T1 Dota2 အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်ပြီး ထိပ်တန်း အသင်း အဖြစ် ရပ်တည်သွားနိုင်အောင် ကြိုးပမ်းသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

T1 Dota2 အသင်းရဲ့ လက်ရှိ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Galvin “Meracle” Kang Jian Wen – Pos 1
  • Muhammad “inYourdreaM” Rizky – Pos 2
  • Tri “Jhocam” Kuncoro – Pos 4
  • Wilson “Poloson” Koh Chin Wei – Pos 5

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle