T1 Dota2 အသင်းနဲ့ လမ်းခွဲလိုက်တဲ့ Carry ကစားသမား Meracle နဲ့ နည်းပြဖြစ်သူ xFreedom

တောင်ကိုရီးယား အခြေစိုက် Dota2 အသင်း T1 အနေနဲ့လည်း ကစားသမား အပြောင်းအရွေ့ ရိုက်ခက်မှုတွေနဲ့ စတင် ရင်ဆိုင်လို့ လာရပြီ ဖြစ်ပါတယ်။ T1 Dota2 အသင်းကို ဖွဲ့စည်းခဲ့တာ တစ်နှစ်ကျော်ခန့်သာ ရှိသေးပေမယ့်လည်း ကစားသမား အပြောင်းအလဲတွေကတော့ အသင်းတွင်းမှာ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လို့ နေခဲ့ပါတယ်။

အခုလို ကစားသမား အပြောင်းအလဲတွေကို မကြာခဏ ပြုလုပ်လေ့ ရှိပေမယ့်လည်း မယ်မယ်ရရ အောင်မြင်မှုတွေကိုတော့ T1 Dota2 အသင်း အနေနဲ့ သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။ ယခုအခါမှာ ထပ်မံ ထွက်ပေါ်လာတဲ့ သတင်းများအရ T1 Dota2 အသင်း အနေနဲ့ နည်းပြဖြစ်သူ xFreedom, Carry ကစားသမားဖြစ်သူ Meracle တို့နဲ့ ထပ်မံ လမ်းခွဲလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Today we part ways with Meracle and Xfreedom. We thank both for their contribution to the team and with all the best in the future. pic.twitter.com/WA4j8Uej6l
— T1 (@T1) September 16, 2020
Meracle အနေနဲ့ T1 Dota2 အသင်းကို ယခုနှစ် ဇန်နဝါရီလမှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး အသင်း အတွက် လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့်လည်း ဆုဖလားတွေနဲ့ ဆက်တိုက် ဆိုသလို ဝေးကွာလို့ နေခဲ့တာကြောင့် အခုလို အသင်းကနေ ပြန်လည် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Meracle တစ်ယောက် အသင်းကနေ ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပေမယ့်လည်း T1 Dota2 အသင်းကတော့ လက်ရှိအချိန်ထိ အသင်းရဲ့ Carry အသစ်ကို ကြေညာခြင်း မရှိသေးပါဘူး။ လက်ရှိအချိန်မှာ T1 Dota2 အသင်း အနေနဲ့ ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ မရှိသေးတာကြောင့် အသင်းရဲ့ လစ်လပ်နေတဲ့ Carry Position အတွက် ဘယ်ကစားသမားကို ခေါ်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
T1 Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- inYourdreaM – Pos 2
- Sam_H – Pos 3
- Jhocam – Pos 4
- Poloson – Pos 5
REF: VpEsports