JaCkky နဲ့ Xepher တို့ကို ထပ်မံ ခေါ်ယူလိုက်တဲ့ T1 Dota2

DPC ရာသီ ပြန်လည် စတင်ချိန်မှာ အသင်းကြီး အဖြစ် ရပ်တည်သွားနိုင်ဖို့ ရည်ရွယ်ထားတဲ့ T1 Dota2 အသင်းကတော့ SEA အခြေစိုက် နာမည်ကျော် ကစားသမား နှစ်ဦးကို ထပ်မံ ခေါ်ယူအားဖြည့်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ T1 Dota2 အသင်း အနေနဲ့ 032 Dota2 အသင်းရဲ့ Mid Lane ကစားသမား Karl, TNC နဲ့ လမ်းခွဲလိုက်တဲ့ နာမည်ကျော် SEA ကပ္ပတိန်ကြီး March တို့ကို နည်းပြချုပ် အဖြစ် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ခေါ်ယူခဲ့သလို ယခုအခါမှာလည်း Motivate.Trust Gaming နဲ့အတူ လက်စွမ်းပြနိုင်ခဲ့တဲ့ Jackky နဲ့ အသင်းလက်မဲ့ အဖြစ် တည်ရှိလျက်ရှိတဲ့ Karl ရဲ့ အသင်းဖော်ဟောင်း Zepher တို့ကို ထပ်မံ ခေါ်ယူအားဖြည့်လိုက်ပြီ ဖြစ်ပါတယ်။
Welcome to the team, JaCkky & Xepher!@DOTA2 팀에 새롭게 합류한 "JaCkky" & "Xepher" 선수들을 소개합니다. 팬 여러분들의 많은 관심과 응원 부탁드립니다.#T1WIN #T1Fighting pic.twitter.com/ddq1A9IsYb
— T1 (@T1) November 27, 2020
လာအိုနိုင်ငံသား Carry ကစားသမား Jackky အနေနဲ့ Motivate. Trust Gaming နဲ့အတူ Dota Summit 13, BTS Pro Series Season 3 စတဲ့ ပြိုင်ပွဲတွေမှာ အသင်းကြီးများကို ဖြတ်ကျော်ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို လက်စွမ်းပိုင်းမှာလည်း အတော်လေးကို တိုးတက်လာခဲ့တာကြောင့် အခုလို T1 Dota2 အသင်းရဲ့ တော်ကောက်ခြင်းကို ခံယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Xepher ဆိုတာကတော့ SEA Dota2 ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးဖြစ်သလို Geek Fam Dota2 အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကာ Geek Fam ဖျက်သိမ်းသွားချိန်မှာလည်း Among Us အဖွဲ့သားတွေနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

လက်ရှိ T1 Dota2 အသင်းရဲ့ စာရွက်ပေါ်က လူစာရင်းဟာ အတော်လေးကို တောင့်တင်းသလို နည်းပြဖြစ်သူ March ဟာ ဆိုရင်လည်း အတော်လေးကို အတွေ့အကြုံရှိတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ယခု T1 Dota2 အသင်းဟာ အတွဲအဖက် ညီခဲ့မယ်ဆိုရင် SEA အခြေစိုက် ပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်မိပါတယ်။
လက်ရှိအချိန်မှာ SEA ဒေသတွင်း ပြိုင်ပွဲများကို ထပ်မံ ကျင်းပသွားဖို့ နေ့ရက်နဲ့ ပက်သက်ပြီး အတိအကျ မသိရှိရသေးသလို DPC ရာသီကိုလည်း လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ပြန်လည် စတင်သွားဖို့ ရှိနေတာကြောင့် တစ်လခန့် အချိန်အတွင်းမှာ အသင်းသားတွေ အသားကျပြီး လာမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
T1 Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Jackky - Pos 1
- Karl - Pos 2
- Sam_H - Pos 3
- Xepher - Pos 4
- Poloson - Pos 5
- March - Coach
REF: VpEsports