စင်ကာပူနိုင်ငံသား ပရိုဖက်ရှင်နယ် Dota2 ကစားသမား နှစ်ဦးကို ခေါ်ယူအားဖြည့်လိုက်တဲ့ T1

စင်ကာပူနိုင်ငံသား ပရိုဖက်ရှင်နယ် Dota2 ကစားသမား နှစ်ဦးကို ခေါ်ယူအားဖြည့်လိုက်တဲ့ T1

ကိုရီးယားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota2 အသင်း T1 အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသင်းရဲ့ Carry ကစားသမားဖြစ်တဲ့ Dominik “Black” Reitmeier နဲ့ Pos 5 ကစားသမားဖြစ်သူ Yixuan “Xuan” Guo တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ ယခုအခါမှာတော့ လစ်လပ်သွားတဲ့ ကစားသမား နေရာအတွက် စင်ကာပူနိုင်ငံသား ပရိုဖက်ရှင်နယ် Dota2 ကစားသမား နှစ်ဦးကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း တရားဝင်‌ ကြေညာပေးလိုက်ပြီ ဖြစ်ပါတယ်။

Meracle

T1 Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် စင်ကာပူနိုင်ငံသား Dota2 ကစားသမားတွေကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ Galvin “Meracle” Kang Jian Wen နဲ့ Wilson “Poloson” Koh Chin Wei တို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ T1 အနေနဲ့ အဆိုပါ ကစားသမား နှစ်ဦးကို အစားထိုး ကစားသမား (Stand-In) အဖြစ်သာ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့မယ် ဆိုရင်တော့ အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူသွားဖွယ် ရှိပါတယ်။

Meracle အနေနဲ့ ယခင် အချိန်တုန်းက အရှေ့တောင်အာရှရဲ့ အောင်မြင် ကျော်ကြားလာဖွယ်ရှိတဲ့ Dota2 ကစားသမား အဖြစ် လူအများစုရဲ့ ထင်မှတ်ခြင်းကို ခံယူနိုင်ခဲ့သလို နာမည်ကျော် Dota2 အသင်းတွေဖြစ်တဲ့ Mineski, Fnatic, Complexity Gaming တို့မှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့ပေမယ့်လည်း အောင်မြင်မှုတွေ စွတ်ခူးနိုင်ခြင်း မရှိခဲ့ပါတယ်။ ဒါ့အပြင် Meracle အနေနဲ့ နောက်ဆုံး ဝင်ရောက် ကစားခဲ့တဲ့ Alpha x Hashtag Dota2 အသင်း ဖျက်သိမ်းသွားချိန်မှာတော့ အသင်းလက်မဲ့ အဖြစ်သာ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။

POLOSON (Left) , MERACLE (Mid)

Poloson အနေနဲ့ ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကို စတင် ခံယူခဲ့စဉ် အချိန်က Mid-Lane ကစားသမား အဖြစ် ကစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ Pos 4/ Pos 5 (Support) ကစားသမား အဖြစ်သာ ပြောင်းလဲ တာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် Poloson အနေနဲ့ Meracle နဲ့အတူ Alpha x Hashtag, Resurgence စတဲ့ Dota2 အသင်းတွေမှာ အတူတကွ ကစားခဲ့ဖူးတာကြောင့် T1 Dota2 အသင်းမှာလည်း စင်ကာပူနိုင်ငံသား နှစ်ဦးရဲ့ အချိတ်အဆက်မိမိ ကစားဟန်တွေကို မြင်တွေ့သွားရဖွယ် ရှိပါတယ်။

T1 Dota2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၄၀၀၀ ပေးအပ်ချီးမြှင့်သွားမယ့် Thailand Celestial Cup Season 2 အွန်လိုင်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် ကစားသမားသစ် နှစ်ဦးနဲ့အတူ အောင်မြင်မှုတွေကို သိမ်းပိုက်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ