2020 LCS ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ Team Liquid LoL ကစားသမား Tactical

2020 LCS ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ Team Liquid LoL ကစားသမား Tactical

LCS Spring, LCS Summer စတဲ့ ပြိုင်ပွဲ နှစ်ခုလုံးမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တဲ့ Team Liquid LoL အသင်းရဲ့ လူငယ် AD Carry ကစားသမား Tactical ကတော့ LCS ပြိုင်ပွဲရဲ့ ၂၀၂၀ ခုနစ် အတွက် အကောင်းဆုံး လူငယ် ကစားသမားဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Tactical အနေနဲ့ ယခင်အချိန်တွေတုန်းက Team Liquid အကယ်ဒမီ အသင်းမှာသာ ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး LCS 2020 Spring ပြိုင်ပွဲ စတင်ချိန်မှ Team Liquid အသင်းကြီး ကိုယ်စားပြု ကစားသမား အဖြစ် ဝင်ရောက် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Tactical ဝင်ရောက် ကစားခဲ့တဲ့ AD Carry နေရာဟာ TSM LoL အသင်းကို ပြောင်းရွေ့ သွားခဲ့တဲ့ နာမည်ကျော် LoL ကစားသမား Doublelift ရဲ့ နေရာ ဖြစ်နေတာကြောင့် Tactical အပေါ်မှာ ဖိအား သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။

Doublelift

ဒါပေမယ့်လည်း Tactical အနေနဲ့ ဖိအားတွေအောက်မှာ အကောင်းဆုံး ကစားနိုင်ခဲ့သလို ဝေဖန်မှုတွေ အားလုံးကိုလည်း အမြန်ဆုံး ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Tactical အနေနဲ့ 2020 LCS ပြိုင်ပွဲရဲ့ KDA အများဆုံး စာရင်းမှာ နာမည်ကျော် ကစားသမား အများစုကို ကျော်လွန်ပြီး စတုတ္ထ နေရာမှာ ရပ်တည်နိုင်ခဲ့သလို 2020 LCS ပြိုင်ပွဲရဲ့ AD Carry တွေ အထဲမှာ KDA အကောင်းဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

Tactical

Tactical အနေနဲ့ Team Liquid နဲ့အတူ LCS Summer 2020 ပြိုင်ပွဲရဲ့ အုပ်စု ပထမ နေရာကို ၁၅ ပွဲနိုင်၊ ၃ ပွဲရှုံး ဆိုတဲ့ ရလဒ်ဖြင့် သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်မှာလည်း Playoff အဆင့်ရဲ့ Round 4 ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Playoff Round 4 မှာ Team Liquid LoL အသင်း အနေနဲ့ FlyQuest နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး FlyQuest ကို အနိုင်ယူနိုင်ခဲ့မယ် ဆိုပါက Grand Finals အဆင့်ကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

Tactical

Team Liquid နဲ့ FlyQuest တို့ ယှဉ်ပြိုင်သွားရမယ့် Playoff Round 4 ပြိုင်ပွဲကို ဩဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တာကြောင့် အဆိုပါ ပွဲစဉ်မှာရော Tactical တစ်ယောက် လက်စွမ်းကောင်းတွေကို ထပ်မံ ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle