ခေါင်းလျှော်တာနဲ့ပတ်သက်ပြီး လုံးဝမလုပ်သင့်တဲ့အချက်တွေက ဘာတွေဖြစ်မလဲ

ခေါင်းလျှော်တာနဲ့ပတ်သက်ပြီး လုံးဝမလုပ်သင့်တဲ့အချက်တွေက ဘာတွေဖြစ်မလဲ

ကိုယ်ရဲ့နေ့စဉ် တစ်ကိုယ်ရဲ့သန့်ရှင်းမှုတွေထဲမှာပါဝင်တဲ့အချက်မှာပါဝင်တယ်။လူတိုင်းကတော့ အနည်းဆုံးတစ်ပတ်ကိုသုံးခါလောက်ကတော့ ခေါင်းလျှော်ဖြစ်ကြပါတယ်။ခေါင်းလျှော်ကိုလည်းအမျိုးမျိုးသုံးကြပါတယ်။ ကိုယ့်ရဲ့ဆံသားကိုနေ့တိုင်းလျှော်နေလည်း ဘယ်အချက်တွေကရှောင်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။
ခေါင်းလျှော်ရည်အများကြီးသုံးခြင်း
တစ်ချို့သူတွေကခေါင်လျှော်ဆေးရည်ကိုအများကြီးသုံးမှအားရတဲ့သူတွေရှိပါတယ်။ခေါင်းလျှော်ရည်အများကြီးသုံးပြီးရင်လည်း ရေနဲ့များများနိုင်အောင်ဆေးပေးဖို့လိုအပ်ပါတယ်။တကယ်တမ်းတော့လိုအပ်တာထက်ပိုပြီးတော့ သုံးပေးခြင်းက ဗောက်ထတာတွေ၊ ဦးရေးပြားပြဿနာတွေဖြစ်စေနိုင်ပါတယ်နော်။


နေ့တိုင်းခေါင်းလျှော်ခြင်း
ကိုယ့်ရဲ့ဆံသားကနေ့စဉ်ဖုန်တွေနဲ့ထိတွေ့နေတယ်ဆိုတော့ ၊ နေ့တိုင်းခေါင်းလျှော်ရင်ကိုယ့်ရဲ့ခေါင်းပေါ်ကဖုန်တွေကိုဖယ်ရှားပေးနိုင်တယ်လို့ထင်ကြပါတယ်။ဒါပေမယ့်တစ်ဖက်မှာတော့ ကိုယ့်ရဲ့ဦးရေကိုထိခိုက်စေနိုင်တဲ့အပြင်၊ နေ့တိုင်းခေါင်းလျှော်ပေးခြင်းအားဖြင့် ဦးနှောက်အမြှေးပါရေဂါတွေဖြစ်လာစေနိုင်ပါတယ်။


ခေါင်းကိုမခြောက်တစ်ခြောက်ထားခြင်း
ခေါင်းကိုလျှော်ပြီး ရေမခြောက်တစ်ခြောက်ထားခြင်းက ကိုယ့်ရဲ့ဆံသားကိုအဖျားနှစ်ခွဖြစ်စေပါတယ်နော်။ နောက်တစ်ချက်ကကိုယ့်ရဲ့ဦးရေစိုစိုကြီးဖြစ်နေတဲ့အချိန်မှာ လေပူကြီးနဲ့မှုတ်ခြင်းကိုလုံးဝရှောင်ရှားပေးစေချင်ပါတယ်။ ဒီလိုမျိုးဦးရေပြားကအရမ်းအေးနေတဲ့အချိန်မှာ အပူနဲ့ချက်ချင်းထိတွေ့လိုက်ရင် ဦးနှောက်ကင်ဆာတွေပါဖြစ်တတ်ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit - Free Pik