လူစာရင်း အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့တဲ့ Team Aster Dota 2

လူစာရင်း အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့တဲ့ Team Aster Dota 2

လက်ရှိကျင်းပလျက်ရှိတဲ့ CDA-FDC Professional Championship ပြိုင်ပွဲ မတိုင်ခင်မှာ Team Aster အနေနဲ့ ကစားသမား အပြောင်းအလဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Team Aster အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ကျင်းပ ပြီးစီးသွားခဲ့တဲ့ OGA Dota PIT Season 3: China မှာ တတိယ နေရာကို ရယူနိုင်ခဲ့ပေမယ့်လည်း ကျေနပ်နိုင်ခြင်း မရှိခဲ့ဘဲ အခုလို အပြောင်းအလဲ တစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Team Aster အနေနဲ့ ကပ္ပတိန်ဖြစ်သူ Pos5 ကစားသမား Jian An ကို အသင်းကနေ အနားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး တရုတ် Dota လောကရဲ့ ဝါရင့် ကစားသမား တစ်ဦးဖြစ်သူ Li “Ch” Chen ကို အစမ်းခန့် ကစားသမား အဖြစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Ch အနေနဲ့ Dota1 ခေတ်ကတည်းက တရုတ်အခြေစိုက် နာမည်ကျော် အသင်းတွေမှာ ကျင်လည်ခဲ့သူ တစ်ဦးဖြစ်သလို Dota2 ခေတ်ဦးက စတင်ပြီး LGD Gaming, Invictus Gaming, Newbee, Big God စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ပါတယ်။

ဒါ့အပြင် Ch အနေနဲ့ Team EVER အမည်ရ တရုတ်အခြေစိုက် Dota2 အသင်းမှာလည်း နည်းပြအဖြစ် ခေတ္တ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ Ch အနေနဲ့ Dota2 ကစားသမား ဘဝကနေ ၂၀၁၈ ခုနှစ်၊ ၅ လပိုင်းကတည်းက အနားယူနေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ မိတ်ဆွေဖြစ်သူ BurNIng ရဲ့ Team Aster မှာ အစမ်းခန့် ကစားသမားအဖြစ် ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

Ch အနေနဲ့ Team Aster Dota2 အသင်းမှာ Pos5/ Captain အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး နှစ်ပေါင်းများစွာ Dota1, Dota2 လောကမှာ ကျင်လည်ခဲ့တဲ့ အတွေ့အကြုံတွေက Team Aster Dota2 အသင်း အတွက် ဘယ်လောက်ထိ အကျိုးဖြစ်စေမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Team Aster Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Monet – Pos 1
  • DD – Pos 2
  • Xxs – Pos 3
  • BoBoKa – Pos 4
  • Ch – Pos 5
  • Lanm - Coach

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle