Team Liquid Dota2 အသင်းရဲ့ နည်းပြအဖွဲ့ဝင် ဖြစ်လာခဲ့တဲ့ “Jabbz”

ပြိုင်ပွဲတွေမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ချန်ပီယံဆုနဲ့ ဝေးကွာလျက် ရှိနေစဲဖြစ်တဲ့ နာမည်ကျော် Dota2 အသင်း Team Liquid ကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကူညီ မြှင့်တင်ပေးနိုင်ဖို့ အတွက် နည်းပြ/ Analyst အဖြစ် ဂျာမနီနိုင်ငံသား Mid/ Support ကစားသမား Mathis “Jabbz” Friesel ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
Join us as we officially welcome @jabbz1301 to the team as a coach/analyst! 🎉 pic.twitter.com/ylLkgj2AUd
— Team Liquid (@TeamLiquid) September 28, 2020
အခုလို Jabbz ကို နည်းပြ အဖွဲ့ဝင် အဖြစ် ခေါ်ယူလိုက်ပြီ ဖြစ်ပေမယ့်လည်း Team Liquid Dota2 အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ William “Blitz” Lee ကတော့ အသင်းမှာ ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ သိရပြီး Jabbz အနေနဲ့ Analyst အဖြစ် နည်းပြချုပ်ဖြစ်သူ Blitz ကို ကူညီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Jabbz အနေနဲ့ ကစားသမား ဘဝတုန်းက Tier 1 အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးခြင်း မရှိပေမယ့် လက်ရှိ NiP အသင်းရဲ့ Carry ကစားသမား Charlie၊ လက်ရှိ နာမည်ကျော် Streamer တွေ ဖြစ်ကြတဲ့ Cancel, SexyBamboe တို့နဲ့ အတူတကွ ကစားခဲ့ဖူးသလို Dota2 လောက အတွင်းမှာ ကျင်လည်ခဲ့တဲ့ သက်တမ်းဟာလည်း အတော်လေးကို ကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့် Team Liquid အဖွဲ့သားတွေ အတွက် အကျိုးရှိစေမယ့် ခေါ်ယူမှု တစ်ခု ဖြစ်တယ်လို့လည်း ယုံကြည်မိပါတယ်။

မကြာခင် အချိန်အတွင်းမှာ Team Liquid အနေနဲ့ ESL One Germany 2020 မှာ အခြားသော အသင်းကြီး အများစုနဲ့ ရင်ဆိုင် ယှဉ်ပြိုင်သွားရဖို့ ရှိတာကြောင့် Coach/ Analyst ဖြစ်သူ Jabbz ရဲ့ ကူညီပေးမှုနဲ့အတူ ဘယ်အဆင့် အထိ တက်လှမ်းသွားနိုင်မလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming