Esports ကဏ္ဍကနေ ရွှေတံဆိပ်ဆု သုံးဆုအထိ စွတ်ခူးနိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Esports အသင်းများ

Esports ကဏ္ဍကနေ ရွှေတံဆိပ်ဆု သုံးဆုအထိ စွတ်ခူးနိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Esports အသင်းများ

ဖိလစ်ပိုင် ၂၀၁၉ SEA Games Esports ကဏ္ဍရဲ့ ပထမဆုံး Final ပြိုင်ပွဲဖြစ်တဲ့ MLBB ပြိုင်ပွဲကို ဒီဇင်ဘာလ (၈) ရက်နေ့မှာ ကျင်းပခဲ့ရာမှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု MLBB အသင်း အနေနဲ့ ဒေသတွင်း အင်အားကြီး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု MLBB အသင်းကို (3-2) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Esports ကဏ္ဍကနေ ပထမဆုံး ရွှေတံဆိပ်ဆုကို စွတ်ခူးနိုင်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Philippines MLBB Team

ဒီဇင်ဘာလ (၉) ရက်နေ့မှာတော့ အခြားသော Esports ကဏ္ဍတွေဖြစ်တဲ့ Heartstone, Arena of Valor, Dota 2 ပထမလုပွဲတွေကို ဆက်လက် ကျင်းပခဲ့ပါတယ်။ Heartstone ပြိုင်ပွဲမှာ မလေးရှားနိုင်ငံ ကိုယ်စားပြု Yew Weng Kean က ပထမဆုကို ရယူနိုင်ခဲ့တာကြောင့် ရွှေတံဆိပ်ဆုကို သိမ်းပိုက်နိုင်ခဲ့သလို၊ ငွေတံဆိပ်ဆုကိုတော့ ထိုင်းနိုင်ငံ ကိုယ်စားပြု Werit Popan က အရယူနိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုကိုတော့ စင်ကာပူနိုင်ငံ ကိုယ်စားပြု Chew Khai Kiat က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Arena of Valor ပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံ ကိုယ်စားပြု AOV အသင်းအနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု AOV အသင်းကို ဗိုလ်လုပွဲမှာ ၃ ပွဲပြတ်ဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု AOV အသင်းအနေနဲ့ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရသလို ကြေးတံဆိပ်ဆုကိုတော့ ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု AOV အသင်းက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

AOV Final Standing

ဒီဇင်ဘာလ (၉) ရက်နေ့ရဲ့ နောက်ဆုံး ပြိုင်ပွဲလည်းဖြစ်၊ ပရိသတ်အများစု စောင့်မျှော်နေခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်တဲ့ Dota 2 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဥ်မှာတော့ အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်းနဲ့ SEA ဒေသတွင်း နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ ထိုင်းနိုင်ငံ ကိုယ်စားပြု Dota 2 အသင်းတို့ ယှဥ်ပြိုင်ခဲ့ရပါတယ်။

Philippines Dota 2 Team

ဗိုလ်လုပွဲစဥ်ကို Best of Five Format ဖြင့် ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေ ပါဝင်တဲ့ အသင်းတွေ ဖြစ်ကြတာနဲ့အညီ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အနိုင်ယူကာ Game 5 အထိ အရှုံး၊ အနိုင်ရလဒ် ကွဲပြားခဲ့ကြခြင်း မရှိခဲ့ပါဘူး။ Game 5 မှာတော့ အစောပိုင်း ပွဲချိန်တစ်လျှောက် ထိုင်းနိုင်ငံကိုယ်စားပြု Dota 2 အသင်းအနေနဲ့ ဖိလစ်ပိုင် Dota 2 အသင်းကို ဖိအားပေး ကစားနိုင်ခဲ့သလို ပွဲချိန် ၂၇ မိနစ်မှာ Net Worth 11K, Hero Kill 20-3 အထိ အပြတ်အသတ် ဖိထားနိုင်ခဲ့ပါတယ်။

Thailand Dota 2 Team

ဒါပေမယ့်လည်း ပွဲချိန်ကြာလာတဲ့ အခါမှာ ဖိလစ်ပိုင် အသင်းရဲ့ Carry Hero Phatom Lancer Item ထွက်လာခဲ့သလို Enigma အနေနဲ့လည်း တိကျသေချာလှတဲ့ Black Hole တွေဖြင့် ထိုင်းအသင်းရဲ့ စိုးမိုးမှုတွေကို ရပ်တန့်ပစ်နိုင်ခဲ့တာကြောင့် ပွဲချိန် ၄၇ မိနစ်မှာ ဖိလစ်ပိုင် Dota 2 အသင်း အနေနဲ့ ထိုင်းအသင်းကို အနိုင်ယူနိုင်ခဲ့ကာ နိုင်ငံအတွက် Esports ကဏ္ဍကနေ ဒုတိယမြောက်‌ ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့ပါတယ်။ ထိုင်း Dota 2 အသင်း အနေနဲ့ကတော့ ဗိုလ်လုပွဲစဥ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသလို ဗီယမ်နမ်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်းက‌တော့ ကြေးတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

ဒီဇင်ဘာလ (၁၀) ရက်နေ့မှာတော့ Starcraft II ဗိုလ်လုပွဲစဥ်ကို ကျင်းပခဲ့ပြီး အဆိုပါ ပွဲစဥ်မှာလည်း ဖိလစ်ပိုင်နိုင်ငံမှာ သာမက SEA ‌ဒေသတွင်း Starcraft II လောကမှာ နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်ခဲ့တဲ့ Caviar Napoleon Acampado အနေနဲ့ စင်ကာပူနိုင်ငံ ကိုယ်စားပြု ကစားသမား Thomas Maria Kopankiewicz ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာကြောင့် ဖိလစ်ပိုင်နိုင်ငံ အတွက် Esports ကဏ္ဍကနေ တတိယမြောက် ရွှေတံဆိပ်ကို စွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Starcraft II Final Standing

ဒီဇင်ဘာလ (၁၀) ရက်နေ့ရဲ့ နောက်ဆုံးပွဲစဉ်လည်းဖြစ်၊ ၂၀၁၉ ဖိလစ်ပိုင် SEA Games Esports ကဏ္ဍရဲ့ နောက်ဆုံးပွဲစဉ်လည်းဖြစ်တဲ့ Tekken 7 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာတော့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု ကစားသမား Alexander "AK" Laverez အနေနဲ့ ထိုင်းနိုင်ငံ ကိုယ်စားပြု ကစားသမား Nopparut "Book" Hempamorn ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယဆု (ငွေတံဆိပ်) ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ Tekken 7 ပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု ကစားသမား နှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ကစားသမား တစ်ယောက်ဖြစ်တဲ့ Andreij "Doujin" Albar အနေနဲ့ တတိယဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် Tekken 7 ပြိုင်ပွဲကနေ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် တစ်ခု ရယူပေးနိုင်ခဲ့ပါတယ်။

Tekken 7 Final Standing

အခုလို ပထမဆုံး Esports ပြိုင်ပွဲတွေ ပါဝင်လာတဲ့ SEA Games ပြိုင်ပွဲမှာ Esports ကဏ္ဍကနေ ရွှေတံဆိပ်ဆု သုံးဆု၊ ငွေတံဆိပ် တစ်ဆု၊ ကြေးတံဆိပ် တစ်ဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ Esports အခွင့်အရေးတွေ ယခုထက် ပိုပြီး ပေါ်ပေါက်လာမှာ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်တဲ့အပြင် နိုင်ငံတော် အာဏာပိုင်တွေရဲ့ အထောက်အပံ့ ပေးမှုကိုလည်း ယခုထက်ပိုပြီး ရရှိနိုင်မှာ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

REF: Mineski.net

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle