ဒုတိယမြောက် PUBG Mobile အသင်းကို ထပ်မံ ဖွဲ့စည်းလိုက်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Team Secret

ဒုတိယမြောက် PUBG Mobile အသင်းကို ထပ်မံ ဖွဲ့စည်းလိုက်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Team Secret

နာမည်ကျော် Esports အဖွဲ့အစည်း Team Secret အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က 2019 PUBG Mobile ရာသီမှာ ကောင်းမွန်တဲ့ ရလဒ်တွေကို စွမ်းဆောင်နိုင်ခြင်း မရှိခဲ့တဲ့ မလေးရှားနိုင်ငံ အခြေစိုက် PUBG Mobile အသင်းကို ပြန်လည် ဖွဲ့စည်းပြီး 2020 PUBG Mobile ရာသီမှာ ချန်ပီယံဆုတွေ သိမ်းပိုက်နိုင်စေဖို့ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Team Secret Malaysia PUBG Mobile

ယခုအခါမှာတော့ Team Secret အနေနဲ့ ဒုတိယမြောက် PUBG Mobile အသင်းကို ထပ်မံ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယမြောက် Team Secret PUBG Mobile အသင်းမှာ PUBG Mobile Pro League – Thailand ပြိုင်ပွဲကို လက်ရည်စစ်ပွဲကနေ တစ်ဆင့် တက်လှမ်းနိုင်ခဲ့တဲ့ The Hill PUBG Mobile အသင်းသားတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Team Secret Thailand PUBG Mobile အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • GZ
  • Kengzo
  • Twokay
  • Jayzii
  • Out
Faze Clan

PUBG Mobile Pro League – Thailand ပြိုင်ပွဲမှာ ထိုင်းနိုင်ငံ အခြေစိုက် အင်အားကြီး PUBG Mobile အသင်းတွေဖြစ်တဲ့ RRQ Athena, MiTH, Faze Clan, Alpha Red, Illuminate စတဲ့ အသင်းတွေ ပါဝင်မှာ ဖြစ်သလို Team Secret Thailand PUBG Mobile အသင်းလို လက်ရည်စစ်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ AHQ Esports Club လည်း ပါဝင်မှာ ဖြစ်တာကြောင့် Team Secret Thailand PUBG Mobile အသင်း အနေနဲ့ Thai PMPL ပြိုင်ပွဲမှာ အောင်မြင်မှုတွေ စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle