Esports Awards 2020 ဆုပေးပွဲ အခမ်းအနားမှာ စုစုပေါင်း (၃) ဆုအထိ ရယူနိုင်ခဲ့တဲ့ Team Secret Dota2

Esports Awards 2020 ဆုပေးပွဲ အခမ်းအနားမှာ စုစုပေါင်း (၃) ဆုအထိ ရယူနိုင်ခဲ့တဲ့ Team Secret Dota2

တစ်နှစ်တာ အတွင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့တဲ့ Esports ရပ်ဝန်းမှ အသင်းတွေ၊ ကစားသမားတွေ၊ နည်းပြတွေ၊ Personalities တွေကို ဂုဏ်ပြုဆု ပေးအပ်ခဲ့တဲ့ Esports Awards 2020 အခမ်းအနားမှာတော့ Team Secret အဖွဲ့ဝင်တွေ အနေနဲ့ စုစုပေါင်း (၃) ဆု အထိ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Team Secret Dota2 အသင်း အနေနဲ့ ၂၀၂၀ ခုနှစ် အတွင်း ချန်ပီယံဆု (၉) ဆုအထိ သိမ်းပိုက်နိုင်ခဲ့သလို ပြိုင်ပွဲစုံ (၈) ပွဲဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ စံချိန်သစ် တစ်ခုကိုလည်း ဖော်ဆောင်နိုင်ခဲ့တာကြောင့် ၂၀၂၀ ခုနှစ် အတွက် အအောင်မြင်ဆုံး Esports အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန်ပဲ ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Team Secret Dota2 အသင်းရဲ့ Mid Laner ဖြစ်သူ Nisha ဟာ ဆိုရင်လည်း အခြားသော နာမည်ကျော် PC Esports ကစားသမားများကို ကျော်လွန်ပြီး ၂၀၂၀ ခုနှစ် အတွက် အအောင်မြင်ဆုံး PC Esports ကစားသမားဆိုတဲ့ ဆုချီးမြှင့်မှုကို ရယူနိုင်ခဲ့သလို နည်းပြဖြစ်သူ Heen အနေနဲ့လည်း Damwon Gaming LOL ကို Worlds 2020 မှာ ချန်ပီယံဆု ရယူနိုင်ပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်သူ Lee “Zefa” Jae Min ကို ကျော်လွန်ပြီး ၂၀၂၀ ခုနှစ် အတွက် အကောင်းဆုံး နည်းပြဆိုတဲ့ ဆုပေးအပ်မှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Team Secret အဖွဲ့သားတွေ အနေနဲ့ Dota2 ကဏ္ဍကနေ တစ်ဆင့် ဆုချီးမြှင့်မှုတွေကို အသီးသီး ရယူနိုင်ခဲ့ပေမယ့် နာမည်ကျော် Dota2 Analyst တစ်ဦးဖြစ်တဲ့ Fogged, Caster တစ်ဦးဖြစ်တဲ့ ODPixel, Host တစ်ဦးဖြစ်တဲ့ Sheever တို့ကတော့ Esports Awards 2020 ဆုပေးပွဲ အခမ်းအနားမှာ ဆန်ကာတင် အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

REF: AfkGaming, Dexerto

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle