နောက်ထပ် သုံးပွဲပြတ်နိုင်ပွဲနဲ့ အတူ OMEGA League: EU Immortal Division မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Secret

နောက်ထပ် သုံးပွဲပြတ်နိုင်ပွဲနဲ့ အတူ OMEGA League: EU Immortal Division မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Secret

ကိုဗစ်-၁၉ ကြောင့် The International 10 ပြိုင်ပွဲကို နောက်ဆုတ်လိုက်တဲ့ ကာလ အတွင်းမှာ ပရိသတ်တွေ ပွဲငတ်ရခြင်း မရှိရလေအောင် အတွက် ရည်ရွယ်ပြီး နာမည်ကျော် ပြိုင်ပွဲစီစဉ်ရေး အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ EPICENTER နဲ့ WePlay! တို့ ပူးပေါင်းကာ ဩဂုတ်လ ၁၄ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ OMEGA League: EU Immortal Division ပြိုင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။

OMEGA League: EU Immortal Division ပြိုင်ပွဲဟာ လက်ရှိ ကျင်းပသမျှ အွန်လိုင်း Dota2 ပြိုင်ပွဲတွေ အထဲမှာ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့သလို EU အခြေစိုက် နာမည်ကျော် အသင်းတွေ အပြင် NA အခြေစိုက် နာမည်ကျော် အသင်းတစ်သင်းဖြစ်တဲ့ Evil Geniuses လည်း အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ OMEGA League: EU Immortal Division ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့ အညီ အနိုင်ရရှိတဲ့ အသင်းလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအသင်းကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အသင်းလည်းဖြစ်၊ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ (၇) ပွဲဆက်တိုက် အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်တဲ့ Team Secret ပဲ ဖြစ်ပါတယ်။

Team Secret အနေနဲ့ အုပ်စုအဆင့်မှာကတည်းက တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး ပွဲငယ် (၁) ပွဲသာ ရှုံးနိမ့်ခဲ့သလို ၅ ပွဲကစား၊ ၅ ပွဲနိုင်ဆိုတဲ့ ရလဒ်ဖြင့် PlayOffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ PlayOffs ပထမ အဆင့်မှာ Arteezy, GPK တို့ ပါဝင်တဲ့ Evil Geniuses ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရယူပြီး Upper Bracket Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Upper Bracket Final ပွဲစဉ်မှာ အုပ်စုတွင်း ပြိုင်ဘက်ဖြစ်တဲ့ OG နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို သက်တောင့်သက်သာပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။ Grand Finals ပွဲစဉ်မှာ OG Dota2 အသင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပေမယ့် Secret Dota2 အသင်းဟာ အခြားသော ပရိုဖက်ရှင်နယ် Dota2 အသင်းတွေထက် တစ်ဆင့်သာနေသလို ခံစားရလောက်အောက် လက်စွမ်းကောင်းတွေကို ပြသသွားခဲ့ပြီး သုံးပွဲပြတ်ဆိုတဲ့ ရလဒ်ဖြင့် OMEGA League: EU Immortal Division ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Team Secret အနေနဲ့ ၂၀၂၀ ခုနှစ်၊ မေလကနေ စတင်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သမျှ ပြိုင်ပွဲအားလုံးမှာ ချန်ပီံယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို အဆိုပါ ပြိုင်ပွဲများ အားလုံးရဲ့ Grand Finals တွေ အားလုံးမှာလည်း သုံးပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာလည်း Team Secret အဖွဲ့သားတွေ အနေနဲ့ အဆိုပါ စံချိန်ကောင်းကို ဆက်လက် ထိန်းသွားနိုင်မလား ဒါမှမဟုတ် Team Secret ရဲ့ စံချိန်ကို ဘယ်အသင်းက ချိုးဖျက်သွားနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle