Team Secret CSGO အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား Rigon

Team Secret CSGO အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား Rigon

ဥရောပ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း Team Secret အနေနဲ့ CSGO လောကကနေ သုံးနှစ်ခန့် ကွယ်ပျောက်သွားခဲ့ပေမယ့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ M1X CSGO အသင်းရဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူပြီး CSGO လောက အထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။ M1X CSGO အသင်းရဲ့ ကစားသမားတွေဟာ အသက်အရွယ်အရ ငယ်ရွယ်ပေမယ့် ဝင်ရောက် ယှဥ်ပြိုင်ခဲ့သမျှ ပြိုင်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Team Secret အနေနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Team CSGO အသင်း အနေနဲ့ ပြန်လည် ဖွဲ့စည်းခဲ့စဥ် အချိန်က စတင်ကာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရသလို မကြာသေးခင် အချိန်က ကျင်းပသွားခဲ့တဲ့ DreamHack Open Leipzig 2020 ဥရောပ လက်ရည်စစ်ပွဲကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရတာကြောင့် အခုလို ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ ရတာပဲ ဖြစ်ပါတယ်။

Team Secret ရဲ့ ထုတ်ပြန် ကြေငြာချက်များ အရ အသင်းရဲ့ အသက် (၂၀) အရွယ် ပရိုဖက်ရှင်နယ် CSGO ကစားသမား Rigon အနေနဲ့ ပညာရေးကို ဦးစားပေး သင်ယူဖို့ စိတ်ကူးထားတာကြောင့် အခုလို အသင်းကနေ အနားပေးဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“Rigon အနေနဲ့ ပညာရေးကို ဦးစားပေး သင်ယူဖို့ ဆုံးဖြတ်ချက် ချခဲ့တာကြောင့် အခုလို အသင်းကနေ အနားပေးဖို့ ဆုံးဖြတ်ချက်ချလိုက် ရတာပဲ ဖြစ်ပါတယ်။ Rigon အနေနဲ့ အသင်းရဲ့ အဓိက ကစားသမားအဖြစ် အနားပေးခံလိုက် ရပေမယ့် အရံကစားသမား အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Rigon နေရာ အစားထိုးအတွက် ကစားသမား ရှာဖွေလျက် ရှိတာကြောင့် မကြာမီ အချိန်အတွင်းမှာ ကစားသမား အသစ်ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။”

Rigon

လက်ရှိအချိန်မှာ Team Secret CSGO အသင်းရဲ့ ကစားသမား အသစ်နဲ့ ပတ်သတ်ပြီး သတင်း အချက်အလက်တွေကို သိရှိရခြင်း မရှိ‌သေးတာကြောင့် Team Secret အာဏာပိုင်တွေ အနေနဲ့ လူငယ် ကစားသမား တစ်ဦးကိုပဲ ထပ်မံ ခေါ်ယူသွားမလား ဒါမှမဟုတ် အသင်းမှာ တည်ရှိနေတဲ့ လူငယ်ကစားသမားတွေကို ဦးစီးဦးဆောင် ပြုလုပ်နိုင်မယ့် အတွေ့အကြုံရင့် နာမည်ကျော် ကစားသမား တစ်ဦးကို ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle