ပြိုင်ပွဲစုံ (၆) ပွဲဆက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret Dota2

ပြိုင်ပွဲစုံ (၆) ပွဲဆက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret Dota2

ပရိုဖက်ရှင်နယ် Dota2 အသင်း (၁၂) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Beyon Epic: EU & CIS ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးလို့ သွားခဲ့ပြီ ဖြစ်တာနဲ့ အညီ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Dota2 အသင်းလို့ ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Beyond Epic: EU & CIS ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အသင်းကလည်း ပြီးခဲ့တဲ့ WePlay! Pushka League S1, Gamers Without Borders 2020, OGA Dota PIT 2020 Online, ESL One Birmingham 2020, BLAST Bounty Hunt စတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ နာမည်ကျော် Dota2 အသင်း Secret ပဲ ဖြစ်ပါတယ်။

Beyond Epic: EU & CIS ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ Team Secret Dota2 အသင်း အနေနဲ့ အုပ်စု ပထမ နေရာကို ရယူနိုင်ခဲ့တာကြောင့် Playoffs အဆင့်မှာ Upper Bracket ကနေ စတင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ Upper Bracket Round 1 မှာ Team Liquid ကို ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်း ပေးခဲ့ရပါတယ်။

Lower Bracket ကို ရောက်ရှိတဲ့ အချိန်က စတင်ပြီး Team Secret အနေနဲ့ ရင်ဆိုင်ရသမျှ အသင်းအားလုံးကို ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ Grand Finals အဆင့်မှာ Team Secret ကို အုပ်စုတွင်း (၂) ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တဲ့ Team Nigma နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။

Beyond Epic: EU & CIS ပြိုင်ပွဲရဲ့ Grand Finals ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရပေမယ့် Nigma Dota2 အဖွဲ့သားတွေ အနေနဲ့ Team Secret ကို (၃) ပွဲပြတ်ဖြင့် အရေးနိမ့်ခဲ့တာကြောင့် Team Secret အနေနဲ့ Beyond Epic: EU & CIS ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။

Team Secret အနေနဲ့ ချန်ပီယံဆုကို စွတ်ခူးနိုင်ခဲ့တာ ယခုအကြိမ်နဲ့ပါဆိုရင် (၆) ကြိမ်ဆက်တိုက် ရှိသွားခဲ့ပြီ ဖြစ်သလို Grand Finals ပွဲစဉ်အားလုံးကို (၃) ပွဲပြတ်တွေဖြင့် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာလည်း ယခုလို ရလဒ်ကောင်းတွေကို ထပ်မံ ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ