ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Secret

လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး Dota2 အသင်းအဖြစ် သတ်မှတ်ရဖွယ်ရှိတဲ့ Team Secret ကတော့ ESL One Birmingham Online: Europe and CIS အွန်လိုင်း ပြိုင်ပွဲမှာလည်း အနိုင်ရ ဗိုလ်စွဲခဲ့ပြန်ပြီ ဖြစ်ပါတယ်။ Team Secret အနေနဲ့ နောက်ဆုံး ယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ပွဲ လေးခုလုံးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တာဖြစ်တဲ့ အပြင် Grand Finals ပွဲစဉ်တွေ အားလုံးကိုလည်း သုံးပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Team Secret အနေနဲ့ ESL One Birmingham Online: EU and CIS ပြိုင်ပွဲမှာ အုပ်စုအေကနေ တစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ၆ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် အုပ်စု ပထမ နေရာဖြင့် ရှုံးထွက်အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

Upper Bracket Round 1 ပွဲစဉ်မှာ အုပ်စုဘီရဲ့ ဒုတိယနေရာကို ရယူနိုင်ခဲ့တဲ့ Alliance နဲ့ ရင်ဆိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းပေးခဲ့ရပါတယ်။ Lower Bracket မှာ Team Secret အနေနဲ့ FlyToMoon ကို နှစ်ပွဲပြတ်၊ Nigma ကို (၂-၁) ၊ VP.P ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Finals အဆင့်မှာတော့ Team Secret ကို Upper Bracket မှာ အနိုင်ယူဖူးတဲ့ Alliance နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။ ESL One Birmingham Online: EU & CIS ပြိုင်ပွဲရဲ့ Grand Finals ပွဲစဉ်ကို Best of Five Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Alliance Dota2 အသင်း အနေနဲ့ Team Secret ကို အဘက်ဘက်မှ ယှဉ်နိုင်ခဲ့ခြင်း မရှိတာကြောင့် သုံးပွဲပြတ်ဆိုတဲ့ ရလဒ်ဖြင့် အရှုံးပေးခဲ့ရပါတယ်။
4 tournaments, 4 trophies 🏆
— Team Secret (@teamsecret) June 7, 2020
🥇 WePlay! Pushka League, May 12th
🥇 Gamers Without Borders, May 17th
🥇 OGA Dota PIT, May 23rd
🥇 ESL One Birmingham, June 7th
Thank you to our fans for sticking with us through these rough times 🖤#SecretDota pic.twitter.com/FTK5aXvP8q
Team Secret အနေနဲ့ ESL One Birmingham Online ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တာကြောင့် ဆုကြေးငွေ (၆) သောင်းကို သိမ်းပိုက်နိုင်ခဲ့သလို နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ယူ ဗိုလ်စွဲနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
REF: VpEsports