ရပ်တန့်လို့ မရတဲ့‌ နိုင်ပွဲတွေနဲ့ အတူ BLAST Bounty Hunt ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret

ရပ်တန့်လို့ မရတဲ့‌ နိုင်ပွဲတွေနဲ့ အတူ BLAST Bounty Hunt ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret

ယှဉ်ပြိုင်သမျှ ပြိုင်ပွဲပေါင်းစုံမှာ ချန်ပီယံဆုကို မရမက သိမ်းပိုက်ဖို့ အတွက် သန္နိဌာန် ချမှတ်ထားတယ်လို့ ထင်မှတ်ရလောက်အောင် Team Secret အဖွဲ့သားတွေ အနေနဲ့ ပြိုင်ပွဲစုံမှာ ပေါက်ကွဲအားပြင်းတဲ့ ချိန်ကိုက်ဗုံး တစ်လုံးလို အပြင်းအထန် ပေါက်ကွဲပြလျက် ရှိကြပါတယ်။

Team Secret အနေနဲ့ BLAST Bounty Hunt ပြိုင်ပွဲ မတိုင်ခင်မှာ ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ စံချိန်ကောင်းကို တင်ယူနိုင်ခဲ့သလို အဆိုပါ ပြိုင်ပွဲအားလုံးရဲ့ ဗိုလ်လုပွဲစဉ်တွေမှာလည်း သုံးပွဲပြတ်ဖြင့် အနိုင်ယူနိုင်တဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသလျက် ရှိပါတယ်။

ဒါပေမယ့်လည်း BLAST Bounty Hunt ပြိုင်ပွဲမှာ TI နှစ်ထပ်ကွမ်း ချန်ပီယံ အသင်းဖြစ်တဲ့ OG Dota2 အသင်း အနေနဲ့ လူစုံတက်စုံနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Team Secret ရဲ့ စံချိန်ကောင်းတွေကို ရိုက်ချိုးသွားနိုင်မလား ဆိုပြီး စောင့်မျှော် ကြည့်ရှုခဲ့ကြပါတယ်။

Team Secret အနေနဲ့ BLAST Bounty Hunt ပြိုင်ပွဲမှာ Upper Bracket Round 2 ကနေ စတင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး Kuroky ဦးဆောင်တဲ့ Nigma Dota2 အသင်းကို (၂-၁) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Upper Bracket Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Upper Bracket Final ပွဲစဉ်မှာတော့ OG Dota2 အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်နဲ့ပဲ ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို သက်တောင့်သက်သာပဲ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ OG Dota2 အသင်းကတော့ Team Secret ကို ရှုံးနိမ့်ခဲ့ပေမယ့် Lower Bracket Final ပွဲစဉ်မှာ Nigma ကို နှစ်ပွဲပြတ်ဖြင့် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

BLAST Bounty Hunt ပြိုင်ပွဲရဲ့ Grand Finals ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရပေမယ့်လည်း Team Secret အနေနဲ့ OG Dota2 အသင်းကို (၃) ပွဲလုံး မိနစ် (၃၀) ခန့်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် BLAST Bounty Hunt ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၅ သောင်းခန့်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ