Dota2 အပြင် PUBG Mobile မှာပါ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret

Dota2 အပြင် PUBG Mobile မှာပါ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret

Dota2 မှာ (၈) ကြိမ် ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret ဟာ PMPL Fall Split 2020: MY/ SG Finals နဲ့ PMPL Fall Spilt 2020: Thailand Finals တို့မှာလည်း သက်ဆိုင်ရာ PUBG Mobile အသင်းတွေဖြင့် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

PMPL Fall Split 2020: MY/ SG Finals ပြိုင်ပွဲမှာ စုစုပေါင်း PUBG Mobile အသင်း ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ Team Secret MY PUBG Mobile အသင်း အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ပွဲစဉ် ၈ ခုအထိ ထိပ်ဆုံး လေးသင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ပွဲစဉ် စုစုပေါင်း လေးခုအထိ Chicken Dinner ရယူနိုင်ခဲ့ပါတယ်။

Team Secret Malaysia

အခုလို PMPL Fall Split 2020: MY/ SG Finals မှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် Team Secret MY PUBG Mobile အသင်း အနေနဲ့ ဆုကြေးငွေ ကန်ဒေါ်လာ ၁၅၀၀၀ ကို ရယူနိုင်ခဲ့သလို PMPL SEA Finals မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Team Secret MY အသင်းနည်းတူ Team Secret Thailand PUBG Mobile အသင်း အနေနဲ့လည်း PMPL Fall Split 2020: Thailand Finals မှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ PMPL MY/ SG နည်းတူ PMPL Thailand ကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး Team Secret Thailand PUBG Mobile အသင်း အနေနဲ့ စုစုပေါင်း ရမှတ် ၁၈၉ မှတ် ရယူနိုင်ခဲ့ပြီး ဒုတိယ နေရာကို ရရှိခဲ့တဲ့ RRQ Athena ကို ၁၇ မှတ် အထိ ဖြတ်တောက်နိုင်ခဲ့တာကြောင့် PMPL Fall Split 2020: Thailand Finals ပြိုင်ပွဲရဲ့ ချန်ပီယံဆုနဲ့အတူ ဆုကြေးငွေ ကန်ဒေါ်လာ ၁၅၀၀၀ ကို ရယူနိုင်ခဲ့ပါတယ်။

Team Secret Thailand

အခုလို PMPL Fall Split 2020: Thailand Finals မှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် Team Secret Thailand PUBG Mobile အသင်း အနေနဲ့‌ Team Secret Malaysia PUBG Mobile အသင်းနည်းတူ PMPL SEA Finals မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိတော့မှာ ဖြစ်ပါတယ်။

PMPL SEA Finals မှာ ထိပ်ဆုံး (၄) သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်းတွေ အနေနဲ့ လာမယ့် နိုဝင်ဘာလ အတွင်းမှာ ကျင်းပသွားမယ့် ဆုကြေးငွေ ဒေါ်လာ ၂ သန်းတန် PUBG Mobile Global Championship (PMGC) ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်တာကြောင့် ဘယ်အသင်းတွေ အနေနဲ့ SEA ကိုယ်စားပြု အဖြစ် နိုင်ငံတကာ စင်မြင့်ထက်မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports1, DotEsports2

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle