နိုင်ပွဲဆက် စံချိန်သစ်ကို ဖော်ဆောင်နိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ Team Secret

နိုင်ပွဲဆက် စံချိန်သစ်ကို ဖော်ဆောင်နိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ Team Secret

ဥရောပ အခြေစိုက် နာမည်ကျော် Dota2 အသင်း Team Secret အနေနဲ့ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ သုံးခုဖြစ်တဲ့ WePlay! Pushka League S1: Division 1, Gamers Without Borders 2020, OGA Dota PIT 2020 Online: Europe/ CIS စတဲ့ ပြိုင်ပွဲသုံးခုလုံးရဲ့ ဗိုလ်လုပွဲတွေမှာ သုံးပွဲပြတ်ဆိုတဲ့ ရလဒ်တွေဖြင့် ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုလို စံချိန်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ Team Secret အနေနဲ့ နောက်ထပ် စံချိန်ကောင်း တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ တဖြည်းဖြည်းနဲ့ ပိုမို နီးစပ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Team Secret အနေနဲ့ OGA Dota PIT အွန်လိုင်း ပြိုင်ပွဲမှာ အုပ်စုပွဲစဉ်တွေကနေ ဗိုလ်လုပွဲစဉ် အထိ (၁၅) ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် (၃၆) ပွဲမှာ (၃၅) ပွဲ အနိုင်ရတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Dota2 ပြိုင်ပွဲများနဲ့ ပတ်သတ်ပြီး အချက်အလက်များ စုဆောင်းသူ တစ်ဦးဖြစ်တဲ့ Noxville ရဲ့ ထုတ်ဖော် ပြောကြားချက်များ အရ Secret အနေနဲ့ ပွဲစဉ် (၁၀၀) အတွင်း နိုင်ပွဲအများဆုံး စံချိန်ကောင်းကို ဖော်ဆောင်ထားနိုင်ခဲ့တဲ့ TI3 Alliance Dota2 အသင်း၊ TI 6 Newbee Dota2 အသင်းတို့ရဲ့ စံချိန်ကို လိုက်မီဖို့ အတွက် ပွဲစဉ် အနည်းငယ်သာ အနိုင်ရရှိဖို့ လိုအပ်တော့တယ်လို့ သိရပါတယ်။

Alliance Dota2 အသင်း အနေနဲ့ ၂၀၁၃ ခုနှစ် အတွင်းမှာ ၈၃ ပွဲနိုင်၊ ၁၇ ပွဲရှုံးဆိုတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သလို Newbee Dota2 အသင်း အနေနဲ့ ၂၀၁၆ ခုနှစ် အစောပိုင်း ကာလတွေမှာ ၈၃ ပွဲနိုင်၊ ၁၇ ပွဲရှုံးဆိုတဲ့ ရလဒ်ဖြင့်ပဲ ပွဲစဉ် (၁၀၀) အတွင်း နိုင်ပွဲအများဆုံးဆိုတဲ့ စံချိန်ကောင်းကို ရယူနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Team Secret အနေနဲ့ ၈၇ ပွဲနိုင်၊ ၁၈ ပွဲရှုံးဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်တာကြောင့် Allaince နဲ့ Newbee အသင်းတို့ရဲ့ ဆက်တိုက် နိုင်ပွဲအများဆုံးဆိုတဲ့ စံချိန်ကို လိုက်မီဖို့ ၂ ပွဲဆက်တိုက်သာ အနိုင်ရရှိဖို့ လိုအပ်တော့သလို အဆိုပါ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ဖို့ (၄) ပွဲဆက်တိုက်သာ အနိုင်ရရှိဖို့ လိုအပ်ပါတော့တယ်။

Team Secret အနေနဲ့ ယနေ့ ယှဉ်ပြိုင်သွားရမယ့် Gambit နဲ့ ပွဲစဉ်မှာသာ ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် Alliance နဲ့ Newbee တို့ နည်းတူ ဆက်တိုက် နိုင်ပွဲအများဆုံးဆိုတဲ့ စံချိန်ကောင်းကို ပူးတွဲ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး Team Unique နဲ့ ထပ်မံ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာပါ နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ဆက်တိုက် နိုင်ပွဲအများဆုံးဆိုတဲ့ စံချိန်ကောင်းကို တစ်ဦးတည်း မူပိုင် အဖြစ် ပိုင်ဆိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle