BTS Pro Series Season 4 EU/ CIS ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Spirit Dota2

BTS Pro Series Season 4 EU/ CIS ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Spirit Dota2

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Yellow Submarines အဖွဲ့သားတွေကို ခေါ်ယူခဲ့တဲ့ Team Spirit Dota2 အသင်းကတော့ ကစားသမား အသစ်တွေနဲ့အတူ BTS Pro Series Season 4 EU/ CIS ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Dota2 လောကကနေ ပြီးခဲ့တဲ့ မေလကတည်းက ပျောက်ကွယ်နေခဲ့တဲ့ Team Spirit Dota2 အသင်းဟာ BTS Pro Series Season 4 ရဲ့ ချန်ပီယံဆုကို သိမ်းပိုက်ရင်း အဖွင့်လှသွားခဲ့ပြီ ဖြစ်ပါတယ်။

BTS Pro Series Season 4 EU/ CIS ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး EU/ CIS အခြေစိုက် Dota2 အသင်း ၆ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ Team Spirit Dota2 အသင်း အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ နောက်ထပ် ဖိတ်ကြားခံ Dota2 အသင်း တစ်သင်းဖြစ်တဲ့ Vikin.gg နဲ့အတူ ရှုံးထွက် အဆင့်ကနေ စတင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Vikin.gg

ရှုံးထွက်အဆင့်မှာ Team Spirit အနေနဲ့ အုပ်စုဗိုလ် အဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းလာခဲ့တဲ့ Live To Win ကို (၂-၁) ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို Vikin.gg အနေနဲ့ အုပ်စု ဒုတိယ အဖြစ် ရှုံးထွက် အဆင့်ကို တက်လှမ်းလာခဲ့တဲ့ Spider Pigzs ကို (၂-၁) ဖြင့်ပဲ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Team Spirit

Team Spirit နဲ့ Vikin.gg တို့ ယှဉ်ပြိုင်ခဲ့တဲ့ ဂရန်းဖိုင်နယ် ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Team Spirit အဖွဲ့သားတွေ အနေနဲ့ Vikin.gg Dota2 အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် BTS Pro Series Season 4 EU/ CIS ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ တစ်သောင်းခွဲကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

BTS Pro Series Season 4 SEA ပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုတော့ TNC Predator Dota2 အသင်းက Iceiceice, Abed တို့ ပါဝင်တဲ့ Team Dog ကို (၃-၂) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူပြီး သိမ်းပိုက်နိုင်ခဲ့သလို BTS Pro Series Season 4 Americas ပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုတော့ Thunder Predator က 4 Zoomers ကို (၃-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

REF: VpEsports