Team Spirit Dota 2 အသင်းကနေ ထွက်ခွာသွားရပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Ghostik

Team Spirit Dota 2 အသင်းကနေ ထွက်ခွာသွားရပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Ghostik

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ WePlay! Bukovel Minor ပြိုင်ပွဲကြီး မစတင်ခင် အချိန်မှာ အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ NIP Dota 2 အသင်းနဲ့ Geek Fam Dota 2 အသင်းတို့ အနေနဲ့ ကစားသမား အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ WePlay! Bukovel Minor မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ နောက်ထပ် အသင်း တစ်သင်းဖြစ်တဲ့ Team Spirit Dota 2 အသင်း အနေနဲ့လည်း ကစားသမား အပြောင်းအလဲ တစ်ခုကို ပြုလုပ်ခဲ့ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Team Spirit Dota 2 အသင်း အနေနဲ့ CIS ဒေသတွင်း နာမည်ကျော် Offlane ကစားသမား Ghostik ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Team Spirit အနေနဲ့ Bukovel Minor ပြိုင်ပွဲမှာ Ghostik နေရာအတွက် Dendi ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ MR Dota 2 အသင်းရဲ့ Offlane ကစားသမား Nongrata ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ghostik

Ghostik ကို ထုတ်ပယ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး Team Spirit ဘက်ကတော့ အခုလိုပဲ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

“Ghostik အနေနဲ့ ကျွန်တော်တို့ အသင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာသော အထောက်အကူတွေကို ပေးစွမ်းခဲ့သလို ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အတွက်လည်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Ghostik ရဲ့ Dota 2 အပေါ် ချဉ်းကပ်ပုံ အတွေးအမြင်တွေဟာ အသင်းရဲ့ ကျန်ရှိနေတဲ့ ကစားသမားတွေရဲ့ အတွေးအမြင်တွေနဲ့ တူညီခြင်း မရှိတာကြောင့် အတူတကွ တွဲဖက်ကစားရမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အသင်းသားတွေ အကြားမှာ ကတောက်ကဆ ဖြစ်ခဲ့ကြခြင်း မရှိပေမယ့်လည်း စိတ်သဘောထား ကွဲပြားစရာ ဖြစ်ရပ်လပ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ အဓိက ရည်မှန်းချက်က ကစားသမားတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသင်းရဲ့ ကစားသမားတွေ အကြား စည်းလုံးမှုတွေ ပြိုကွဲနေပြီ ဖြစ်တာကြောင့် အခုလို လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ရပ်ကို လုပ်ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ Ghostik ကိုလည်း အသင်းမှာ ရှိနေစဉ် ကာလမှာ အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း၊ ရှေ့ဆက်လျှောက်မယ့် လမ်းခရီးလည်း ဖြောင့်ဖြူးပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။”

လက်ရှိအချိန်မှာ အစားထိုး ကစားသမား Nongrata အနေနဲ့ Team Sprit အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပြီး WePlay! Bukovel Minor ပြီးဆုံးသွားတဲ့ အချိန်မှသာ Nongrata ကို အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူသွားမလား ဒါမှမဟုတ် ကစားသမား အသစ် တစ်ဦးကို ရှာဖွေသွားမလား ဆိုတာကို Team Spirit ဘက်က တာဝန်ရှိသူတွေ အနေနဲ့ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Nongrata

WePlay! Bukovel Minor ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်တာကြောင့် အစားထိုး ကစားသမားနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Team Spirit အနေနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle