Team Unique Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ
ဘယ်အချိန်မှ ပြန်လည် ကျင်းပသွားမယ်မှန်း မသိရတဲ့ DPC ရာသီ၊ နည်းပါးတဲ့ Tier-2 အဆင့် အွန်လိုင်း Dota2 ပြိုင်ပွဲတွေကြောင့် CIS Dota2 အသင်း Team Unique ကတော့ အသင်းကို ခေတ္တ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ရပြီ ဖြစ်ပါတယ်။ Team Unique Dota2 အသင်းကို ယခုအချိန်မှာ ဖျက်သိမ်းလိုက်ရပေမယ့်လည်း DPC ရာသီ ပြန်လည် စတင်ချိန်မှာတော့ ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Team Unique Dota2 အသင်းရဲ့ CEO ဖြစ်သူ Georgy Faleev ရဲ့ ပြောကြားချက်များ အရ အသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် မဟုတ်ဘဲ DPC ရာသီ ဘယ်အချိန်မှာ ပြန်လည် စတင်မယ် ဆိုတာကို သိရှိရခြင်း မရှိတာကြောင့် အခုလို အသင်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုဆိုရင် နိုဝင်ဘာလ အထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပေမယ့် DPC ရာသီနဲ့ ပတ်သက်ပြီး အတိအကျ သိရှိရခြင်း မရှိသေးပါဘူး။ အခုလို အခြေအနေမှာ ကျွန်တော်တို့ Team Unique Dota2 အသင်း အနေနဲ့ ငွေရေးကြေးရေး အရ ဆက်လက် ရပ်တည်သွားဖို့ စွမ်းဆောင်နိုင်ခြင်း မရှိတော့တာကြောင့် အခုလို ဖျက်သိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”
အခုလို အသင်းကို ဖျက်သိမ်းလိုက်တာကြောင့် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Pikachu, 19teen, BZZ, illusion, VANSKOR တို့ အနေနဲ့ ကမ်းလှမ်းလာတဲ့ အသင်းတွေကို စိတ်ကြိုက် ပြောင်းရွေ့ခွင့် ပေးသွားမှာ ဖြစ်ကြောင်းကိုလည်း Team Unique ဘက်က တစ်ခါတည်း ကြေညာသွားခဲ့ပါတယ်။
REF: VpEsports