Team Unique Dota2 အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခြင်း ခံခဲ့ရတဲ့ Illusion

Team Unique Dota2 အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခြင်း ခံခဲ့ရတဲ့ Illusion

ESL One Birmingham Online ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပြီ ဖြစ်ပေမယ့်လည်း Team Unique Dota2 အသင်းကတော့ အသင်းမှာ နှစ်လကြာ အစမ်းခန့် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း လက်စွမ်းပြခဲ့တဲ့ Danil “Illusion” Volchan ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။

Vanskor

CIS Dota2 လောကရဲ့ နာမည်ကျော် Support ကစားသမား တစ်ဦးဖြစ်တဲ့ Vanskor အနေနဲ့ အသင်းကနေ ရုတ်တရက် ထွက်ခွာသွားတဲ့ Pos4 ကစားသမား Chuvash နေရာမှာ အစားထိုးဖို့ အတွက် အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ 19teen နဲ့အတူ Magic Hands Dota2 အသင်းမှာ အတူတကွ ကစားခဲ့ဖူးတဲ့ Illuision ကို ဧပြီလ ၁၃ ရက်နေ့မှာ အစမ်းခန့် ကစားသမား အဖြစ် ခေါ်ယူခဲ့ပါတယ်။

Team Unique Dota2 အသင်းကို ရောက်ရှိတာနဲ့ Illuision အနေနဲ့ ESL One Los Angeles အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ရလဒ်ကောင်းတွေကိုတော့ ဖော်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘဲ Team Unique အနေနဲ့ အဆင့် (၉) နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

19teen

ဒါပေမယ့်လည်း WePlay! Pushka League Division 2 Season One ပြိုင်ပွဲမှာ ဒုတိယနေရာကို ရယူနိုင်ခဲ့တာကြောင့် Team Unique အဖွဲ့သားတွေ အနေနဲ့ WePlay! Pushka League Season 2 စတင်ချိန်မှာတော့ Division 1 မှာ Tier-1 အသင်းတွေနဲ့ အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတော့မှာာ ဖြစ်ပါတယ်။

ဒါ့အပြင် Illusion ပါဝင်တဲ့ Team Unique Dota2 အသင်းဟာ Team Secret ရဲ့ ပွဲ (၁၀၀) အတွင်း နိုင်ပွဲအများဆုံး စံချိန်သစ် တင်ယူနိုင်မယ့် အခွင့်အရေးကို ပျက်သုန်းစေခဲ့သလို ESL One Birmingham အွန်လိုင်း ပြိုင်ပွဲ အုပ်စုအဆင့်မှာ နာမည်ကျော် Team Secret Dota2 အသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော Dota2 အသင်းလည်း ဖြစ်ပါတယ်။

အခုလို Illusion ကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Team Unique Dota2 အသင်းရဲ့ မန်နေဂျာဖြစ်သူ Gleb Antokhin ကတော့ အောက်ပါ အတိုင်း ပြောကြားသွားခဲ့ပါတယ်။

“ESL LA ပြိုင်ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့တာကြောင့် နောက်ထပ် တစ်လလောက် အသင်းမှာ ထပ်မံ အသုံးပြုကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီ တစ်လအတွင်းမှာလည်း လက်စွမ်းကောင်းတွေကို ထပ်မံ ပြသနိုင်ခဲ့တာကြောင့် အခုလို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Illusion က အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသလို အခုမှ ပရိုဖက်ရှင်နယ် လောကအထဲကို စတင် ဝင်ရောက်ကာစ အတွေ့အကြုံနုနယ်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ Illusion အနေနဲ့ Dota2 လောက အတွင်းမှာ အောင်မြင်တဲ့ ကစားသမား တစ်ဦးအဖြစ် ရပ်တည်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်။”

633

Team Unique Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Zitraks – Pos 1

19teen – Pos 2

633 – Pos 3

Illusion – Pos 4

Vanskor – Pos 5

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle