TECNO Mobile သည် POVA စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်တွင် ပထမဆုံးစတင်မိတ်ဆက်

TECNO Mobile သည် POVA စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်တွင် ပထမဆုံးစတင်မိတ်ဆက်
  • POVA သည် သုံးစွဲသူများအား စွမ်းဆောင်ရည်မြင့်မားမှုနှင့် ယှဉ်ပြိုင်မှုပြင်းထန်သည့် ဈေးနှုန်း ကို ပေးစွမ်းနိုင်သည့် ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိ
  • POVA စမတ်ဖုန်းများတွင် 6000mAh ဘက်ထရီ၊ 6.8” dot-in-display၊ 13 MP AI Camera နှင့် HyperEngine Game Technology တို့ပါ၀င်သည်။

အောက်တိုဘာလ (၁၇) ရက်နေ့၊ ရန်ကုန် - TECNO Mobile သည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ အသစ်စက်စက် အဆင့်မြင့် POVA စီးရီးကို စတင်မိတ်ဆက်ခဲ့သည်။ ယနေ့ မှစတင်၍ မြန်မာ့စျေးကွက်ရှိ သုံးစွဲသူများသည် POVA စီးရီးမှ ပထမဆုံးသော 6000mAh ပါဝင်သော POVA စမတ်ဖုန်းကို လက်လီအရောင်းဆိုင်များတွင် စတင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

"POVAကို စတင် မိတ်ဆက်လိုက်ခြင်းဖြင့် TECNO Mobileသည် အကောင်းဆုံးသော အတွေ့အကြုံနှင့်  စွမ်းဆောင်ရည်မြင့်မားသော ထုတ်ကုန်တစ်ခုကို ဈေးကွက်အတွင်းတွင် မိတ်ဆက်နိုင်ခဲ့ပါသည် ။ ကြီးမားသော storage spaceနှင့် ကင်မရာအရည်အသွေး ကောင်းမွန်ခြင်းတို့အပြင် တာရှည်ခံ Battery Life နှင့် HyperEngine Game Technologyတို့၏ ပံ့ပိုးမှုဖြင့်  POVA ကို တည်ဆောက်ထားခြင်းဖြစ်သည်။ စမတ်ဖုန်းများသည် လူတိုင်း၏ နေ့စဉ်ဘဝတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်နှင့်အမျှ TECNO Mobile သည် ထူးခြားသော စွမ်းဆောင်ရည်များနှင့် ဒီဇိုင်းပြုလုပ်ထားသော စမတ်ဖုန်းများကို အဆင့်အတန်းမြင့်မားစွာဖြင့် ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်သည်” ဟု TECNO ၏ General Manager ဖြစ်သူ Ye Yuan မှ ပြောကြားခဲ့သည်။

Power Giant Brings Non-stop Entertainment

POVA သည် 6000mAh ဘက်ထရီကို အသုံးပြုထားသောကြောင့် တစ်ခါအားသွင်းထားရုံနှင့် Stand by အနေအထားဖြင့် ရက်ပေါင်း ၃၀၊ သီချင်းများကို ၈ ရက်ကြာအထိ တောက်လျှောက် ဖွင့်ထားနိုင်မှာ ဖြစ်သည်။ ဘက်ထရီကို 18W dual IC flash charger ဖြင့်ပံ့ပိုးထားပြီး 20% အားသွင်းနိုင်မှုစွမ်းရည်ကိုတိုးမြှင့်ထားသည်။

g80

Performance Beast, Outstanding As Ever


High-performance experience ကို လိုအပ်သော ဂိမ်းကစားသူများအတွက် POVA ၏ 128GB + 6GB နှင့် ၎င်း၏ HyperEngine Game Technologyက သွက်လက်သော စွမ်းဆောင်ရည်နှင့် စဉ်ဆက်မပြတ် ဂိမ်းကစားခြင်းကို ချောမွေ့စွာ‌ ပေးစွမ်းနိုင်သည်။ Helio G80 ဂိမ်းပရိုဆက်ဆာသည် အနိုင်ရရန် ကြိုးစားသည့်အခါ Game mode နှင့် enhanced power management တို့ကို အကောင်းမွန်ဆုံး စီမံခန့်ခွဲနိုင်ပါမည်။

Always Ready to Capture Stunning Pictures

POVA အသစ်တွင် 13-megapixel-focal length ကင်မရာနှင့် 8-megapixel AI selfie ရှေ့ကင်မရာတို့ ပါ၀င်သည်။ အရည်အသွေး တိုးမြှင့်ထားသော ကင်မရာများသည် TECNO Mobile artificial intelligence technologies ကို ပိုမို ဦးစားပေးထားခြင်းအားဖြင့် ပရော်ဖက်ရှင်နယ်အဆင့် အရည်အသွေးဓါတ်ပုံများကို ရိုက်ယူနိုင်သည်။


HiOS 7.0 - A Delightful Mobile Life

POVA သည် HiOS ကို အသုံးပြုထားပြီး ၎င်းသည် သင်ကြိုက်နှစ်သက်သော စိတ်ကြိုက်ပုံစံအဖြစ် အသုံးပြုနိုင်အောင် Android™ 10  operating system ကို ပြောင်းလဲ ပုံဖော်ထားခြင်းဖြစ်သည်။ ။ operating system တွင် အခြားသော utility applications များပါဝင်မှာဖြစ်ပြီး Memory Free-up လုပ်ရန်၊ Application များကို Freeze ပြုလုပ်ရန်နှင့် Data Accessibility ကန့်သတ်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။


POVA အတွက်အဓိက Specifications များ

•Battery - 6000 mAh Batteryသည် အသုံးပြုသူများအတွက် အဆင်သင့်အနေအထားဖြင့် ရက် ၃၀ နှင့် ၈ ရက်ကြာ သီချင်းဖွင့်နိုင်သည်

• Flash Charger: 18W dual IC, ၂၀% အားသွင်းနိုင်မှုစွမ်းရည်တိုးမြှင့်ထားသည်။

•Camera - အနောက်ဘက်ရှိ 13 megapixel-focal length ကင်မရာများနှင့် 8-megapixel AI selfie ရှေ့ကင်မရာ

•Operating System- HiOS သည် သုံးစွဲသူများ စိတ်ကြိုက်ပြင်ဆင်နိုင်ရန်အတွက် Android ™ 10 ကို ခွင့်ပြုထားသော Customized Version ဖြစ်သည်။

• Display: 6.8-inch dot in display သည် ဂိမ်းကစားသူများနှင့် streaming ဝါသနာရှင်များအတွက် နှစ်သက်ဖွယ် မြင်ကွင်းများကို ပေးစွမ်းနိုင်သည်။ ၉၀.၄% မျက်နှာပြင်အချိုးအစား ရှိမည်ဖြစ်ပြီး

အလွန်ကြည်လင်ပြတ်သားသော မျက်နှာပြင်ကိုပေးစွမ်းနိုင်သည်

•အရောင်: Magic Blue, Dazzle Black နှင့် Speed ​​Purple

အောက်တိုဘာလ (၁၇)ရက်နေ့မှ စတင်ပြီး 6+64GB 189,900KS | 6+128GB 229,900KS ဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ဆိုင်များတွင် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနှံအပြားသို့ အခမဲ့ပို့ဆောင်မှု ဝန်ဆောင်မှု ကို ရယူလိုပါက >> https://forms.gle/u7s9vYxmKg84GZcN8

အသေးစိတ်အချက်အလက်များကို သိရှိရန် >>> www.tecno-mobile.com/mm    

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle