T1 LoL အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုလိုက်တဲ့ Teddy

T1 LoL အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုလိုက်တဲ့ Teddy

နာမည်ကျော် LoL အသင်း T1 အနေနဲ့ အသင်းရဲ့ ထိပ်တန်း AD Carry ကစားသမား တစ်ဦးဖြစ်တဲ့ Teddy ကို ကာလရှည် စာချုပ်ချုပ်ဆို လိုက်နိုင်ပြီ ဖြစ်ပါတယ်။ T1 LoL အသင်းဘက်မှ ထုတ်ပြန် ကြေညာချက်များအရ Teddy အနေနဲ့ T1 ကိုယ်စားပြု LoL ကစားသမား အဖြစ် ၂၀၂၂ ခုနှစ် အထိ တာဝန်ယူ ကစားသွားရတော့မှာ ဖြစ်ပါတယ်။

Teddy အနေနဲ့ T1 LoL အသင်းကို ၂၀၁၈ ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Teddy အနေနဲ့ ကမ္ဘာ့အကောင်းဆုံး AD Carry ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် သတ်မှတ်ခြင်း ခံထားရသလို 2020 LCK Spring Split ပြိုင်ပွရဲ့ KDA အများဆုံး ကစားသမား အဖြစ်လည်း လက်စွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Teddy အနေနဲ့ 2020 LCK Spring Split ပြိုင်ပွဲ တစ်လျှောက် T1 LoL အသင်းရဲ့ နာမည်ကျော် Mid Lane ကစားသမားဖြစ်သူ Faker နဲ့အတူ အတွဲဖက်မိမိ ကစားကာ 2020 LCK Spring Split ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်တဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

T1 LoL အသင်း အနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က နာမည်ကျော် ကစားသမား Faker ကိုလည်း ကာလရှည် စာချုပ်ချုပ်ဆိုနိုင်ခဲ့တာကြောင့် Teddy နဲ့ Faker တို့ရဲ့ အတွဲအဖက်မိမိ ကစားဟန်တွေကို T1 LoL အသင်း ပရိသတ်တွေ အနေနဲ့ ကာလရှည် မြင်တွေ့သွားရဦးမှာ ဖြစ်ပါတယ်။

Faker

လက်ရှိအချိန်မှာ T1 LoL အသင်း အနေနဲ့ 2020 LCK Summer Split ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲမှာပါ ချန်ပီယံဆုကို ထပ်မံ သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle