ဆယ်ကျော်သက်ကောင်လေးတစ်ယောက် Twitch မှာ $20,000 ထိ Donate ပြုလုပ်ခဲ့

ဆယ်ကျော်သက်ကောင်လေးတစ်ယောက် Twitch မှာ $20,000 ထိ Donate ပြုလုပ်ခဲ့

Twitch Donation ဆိုတာကတော့ Twitch မှာ Streaming လုပ်နေတဲ့ Streamer တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိုက်ဆံပေးပြီး အားပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Mr.Beast တို့လိုသူတွေကတော့ $20,000 Donate လုပ်တယ်ဆိုတာ သိပ်မထူးဆန်းတော့ပေမယ့် ဘဝတစ်သက်စာ စုထားတဲ့ငွေတွေသာဖြစ်နေမယ်ဆိုရင်တော့ ဒီလို Donation မျိုးတွေက အတော်ကိုနစ်နာစေမှာပါ။

အခုအခါ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က Twitch မှာ အမေ့ရဲ့ Debit Card ကိုအသုံးပြုပြီး Twitch မှာ အမေရိကန်ဒေါ်လာ $20,000 ကျော်အထိ Donate ပြုလုပ်လိုက်ပါတယ်။ ကောင်လေးရဲ့အမေပြောကြားချက်အရ ဒီပိုက်ဆံတွေဟာ ချွေးနည်းစာလေးတွေကနေ စုထားတဲ့ပိုက်ဆံတွေဖြစ်တာကြောင့် Twitch ကိုတိုက်ရိုက်ဆက်သွယ်ပြီး ပိုက်ဆံတွေပြန်လည်တောင်းခံခဲ့ပါတယ်။

ကံကောင်းချင်တော့ Twitch အတွက် ငွေပေးချေမှုတွေကို တာဝန်ခံပြုလုပ်ပေးနေတဲ့ Xsolla ကို ဆက်သွယ်မိခဲ့ပြီး Donate ထားတဲ့ပိုက်ဆံတွေအားလုံးပြန်ရခဲ့တယ်လို့သိရှိရပါတယ်။ ကောင်လေးဟာ ရိုးရိုး Twitch Streamers တွေအပြင်၊ Professional ကစားသမားတွေဖြစ်တဲ့ Kurt Benkert တို့လိုသူတွေပါ Donate တွေမျိုးစုံပြုလုပ်ခဲ့တာလို့ သိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ ကောင်လေးကို တစ်နေ့ တစ်နာရီသာဂိမ်းကစားခွင့်ပြုတော့မှာဖြစ်ပြီး၊ မိသားစုနဲ့လည်း များများအချိန်ကုန်စေမယ်လို့ သိရှိရပါတယ်။

Ref: GameSpot