ဓာတ်ပုံတွေထဲမှာ လှပကျော့ရှင်းနေအောင် Kate Middleton နဲ့ Meghan တို့ ဘယ်လိုနေထိုင်ကြလဲ

ဓာတ်ပုံတွေထဲမှာ လှပကျော့ရှင်းနေအောင် Kate Middleton နဲ့ Meghan တို့ ဘယ်လိုနေထိုင်ကြလဲ

တော်ဝင်မင်းသားတွေရဲ့ ကြင်ယာတော်တွေဖြစ်ကြတဲ့ Kate Middleton နဲ့ Meghan Markle တို့ကို ဘယ်အချိန်ပဲကြည့်ကြည့် မယုံကြည်နိုင်လောက်အောင် လှပကြော့ရှင်းနေတာကို တွေ့ရမှာပါ။ ဓာတ်ပုံတွေထဲမှာလည်း သူတို့ဟာ အမြဲတမ်းကြည့်ကောင်းပြီး ကျက်သရေရှိရှိနဲ့ လှလှပပလေးဖြစ်အောင် နေတတ်တာကလည်း သူတို့ရဲ့ အရည်အချင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကြည့်ရဆိုးပြီး မလှမပဖြစ်နေတဲ့ စုံတွဲပုံတွေကို ရှာမယ်ဆိုရင်တောင် ရှာတွေ့ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ဓာတ်ပုံတွေထဲမှာ အချိုးအစားကျနပြီး ကျက်သရေရှိရှိနဲ့ လှပနေအောင် ဘယ်လိုများလိမ္မာပါးနပ်တဲ့ လှည့်ကွက်တွေကိုသုံးပြီး နေထိုင်လဲဆိုတာကို လေ့လာကြည့်လိုက်ကြရအောင်။

သဘာဝကျတဲ့ look ရအောင်ပြင်ဆင်ပါတယ်
ဓာတ်ပုံတွေထဲမှာ သဘာဝကျကျလေးဖြစ်နေရင် ပိုလှတယ်ဆိုတာကို သူမတို့တွေက ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့်မို့ သူမတို့ဟာ Official Meeting တွေ၊ မိသားစုနဲ့ အတူကုန်ဆုံးတဲ့ အချိန်မျိုးတွေမှာ သူမတို့ရဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုကို သဘာဝကျတဲ့ Look ကို ရအောင် ပြင်ဆင်ခြယ်သကြပါတယ်။ အဲ့လိုပြင်ဆင်ခြယ်သထားတဲ့အတွက် ဓာတ်ပုံထဲမှာ အလွန်အကျူးတွေ ဖြစ်မနေဘဲ သဘာဝကျကျလေးနဲ့ လှနေတာ ဖြစ်ပါတယ်။

Eye Contact တွေကို ရှောင်ရှားပါတယ်
Kate Middleton ဟာ ဓာတ်ပုံရိုက်တဲ့အခါတိုင်းမှာ ဘယ်တော့မှ ကင်မရာကို တည့်တည့်မကြည့်ပါဘူး။ သူမရဲ့ဓာတ်ပုံတွေအများစုမှာ ဘေးဘက်ကိုပဲ စောင်းကြည့်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ သူမဓာတ်ပုံတွေမှာ လှုပ်ရှားမှုတွေသာများပြီး အပြစ်ဆိုဖွယ်ရာအချက် မရှိသလောက်နည်းတာ ဖြစ်ပါတယ်။

ခေါင်းနည်းနည်းလေးစောင်းပြီးနေခြင်း
မင်းသမီးဘဝကနေလာတဲ့ Meghan Markle ကတော့ ဓာတ်ပုံထဲမှာ လှလှလေးဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ ကောင်းကောင်းကြီးသိပါတယ်။ သူမရဲ့ဓာတ်ပုံတွေမှာ လှနေအောင် ခေါင်းလေးကို မသိမသာလေးစောင်းပြီး နေတတ်ပါတယ်။ ပြီးပြည့်စုံတဲ့ Angle ကို ရရှိဖို့အတွက်ဆို Meghan Markle ကျင့်သုံးတဲ့ ဒီလှည့်ကွက်လေးကို လိုက်ကျင့်သုံးကြည့်ပါ။

ပြီးပြည့်စုံတဲ့ကိုယ်နေဟန်ထားရှိခြင်း
ခါးကိုမတ်မတ်ရပ်ပြီး နောက်ကျောကို သက်သောင့်သက်သာထားကာ မေးစေ့ကို ကြမ်းပြင်နဲ့ မျဉ်းတစ်ဖြောင့်တည်း အပြိုင်ထားပြီး နေတာက အမျိုးသမီးတွေကို ဓာတ်ပုံထဲမှာ ကျက်သရေရှိရှိနဲ့ လှနေစေပါတယ်။ မိန်းကလေးတွေဟာ ဒေါက်ဖိနပ်ဝတ်ထားတဲ့အခါ ကိုယ်နေဟန်ထား ဟန်ချက်ပျက်သွားနိုင်ပေမယ့် Kate ကတော့ ဟန်ချက်ပျက်တာမျိူးမရှိသလို ကြွကြွရွရွလေးဖြစ်အောင်တောင် ရပ်နေနိုင်လို့ ဓာတ်ပုံထဲမှာ ကျက်သရေရှိရှိနဲ့ လှနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒေါက်ဖိနပ်စီးပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် ဒေါက်ဖိနပ်ကို ဟန်ကျပန်ကျစီးတတ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

ကင်မရာဘက်ကို ပခုံးဖွင့်ပြီး ရပ်နေခြင်း
ပခုံးကိုဖြောင့်ဖြောင့်ထားကာ ကင်မရာဘက်ကို လှည့်ပြီးရပ်ရင် ခါးကိုပေါ်လွင်စေပြီး ခြေထောက်ကိုလည်း သွယ်လျစေတယ်လို့ ထင်ရစေလို့ အမြဲတမ်းလိုလို Kate က အဲဒီလိုပုံစံမျိုးနဲ့ရပ်ပြီး အရိုက်ခံလေးရှိပါတယ်။ နည်းနည်းပြည့်တဲ့ အမျိုးသမီးတွေလည်း Kate ရပ်တဲ့ ပုံစံမျိုးလေးကို အတုခိုးပြီး ရပ်ကြည့်ကာ ရိုက်ကြည့်ပါ။ နည်းနည်းပိုသွယ်လျလာတာကို တွေ့ရပါလိမ့်မယ်။

အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေရဲ့အကူအညီယူခြင်း
တော်ဝင်တွေရဲ့ စည်းမျဉ်းတွေအရ အရောင်တွေကို တခြားအရောင်ကွဲတွေနဲ့ တွဲဖက်ပြီး ဘယ်တော့မှ မဝတ်ဆင်ကြပါဘူး။ အဲလိုရောစပ်ပြီး မဝတ်ဆင်ပေမယ့်လည်း Kate ရော Meghan ရောက တောက်ပတဲ့အရောင်တွေကို Classic ဖြစ်အောင် ဝတ်ဆင်ဖို့ ဘယ်တော့မှ မကြောက်ကြပါဘူး။ တောက်ပတဲ့အရောင်တွေကို ဝတ်ဆင်ခြင်းဟာ ဓာတ်ပုံထဲမှာ ထင်းထင်းလင်းလင်းရှိနေစေသလို လူကိုလည်းကြွနေစေလို့ အရောင်တောက်တွေကို ဝတ်ကြည့်ပြီး ရိုက်ကြည့်ပါ။ အရောင်တောက်တွေကိုရွေးတဲ့အခါမှာလည်း မျက်စိစူးစေတာမျိူးထက် မျက်စိအေးတဲ့အရောင်တောက်တောက်လေးတွေကို ရွေးဝယ်ကြည့်ပါ။ ဒါ့အပြင် ခါးကိုပေါ်လွင်စေဖို့ ခါးပတ်ပတ်ပြီး ဝတ်တာမျိုး၊ သားရေပတ်ကြိုးုပြားအကြီးကြီးလေးတွေ ပတ်ပြီး ဝတ်တာမျိုး ဝတ်ကြပါတယ်။

ကျက်သရေရှိရှိထိုင်တတ်ခြင်း
ဓာတ်ပုံက ဘယ်ချိန်ရိုက်မယ်မှန်းမသိ ကိုယ်က ဟန်ကျပန်ကျ မထိုင်ထားရင် လျှပ်တပြက်ရိုက်လိုက်တဲ့အခါမှာ ပုံဆိုးပန်းဆိုးဖြစ်သွားစေနိုင်ပါတယ်။ Kate ထိုင်တာကို သတိထားပြီး ကြည့်ကြည့်ရင် ကြော့ရှင်းပြီး ကျက်သရေရှိအောင် အမြဲထိုင်တာကို တွေ့ရပါလိမ့်မယ်။ဒါ့ကြောင့်မို့ သူမဓာတ်ပုံကို ကြည့်လိုက်ရင် အမြဲလှပကြော့ရှင်းနေတာ ဖြစ်ပါတယ်။ သူမထိုင်တဲ့ Pose ဟာ “Duchess Slant” ဆိုပြီး ကျော်ကြားပါတယ်။ အဲ့ Pose ရဲ့ အဓိကကျတဲ့ အချက်ကတော့ ခြေထောက်ကို ဘယ်တော့မှ ခြေချင်းဝတ်နားမှာ ကန့်လန့်ဖြတ်ဖြစ်အောင် မချိတ်ဘဲ ဒူးကို ခြေထောက်နားကပ်ပြီး ခြေကျင်းဝတ်နားကို နည်းနည်းစောင်းတဲ့ပုံစံမျိုး ဖြစ်အောင် ထိုင်ခြင်းဖြစ်ပါတယ်။ ဒီ Pose ထိုင်နိုင်ဖို့ Princess Diana ကို မှီငြမ်းထားတယ်လို့လည်း ပြောကြပါတယ်။ နောက်ထပ်ကျော်ကြားတဲ့ ထိုင်ပုံထိုင်နည်းကတော့ Kate အမြဲလိုလို ပုံဖော်ပြီး ထိုင်တဲ့ “Cambridge Cross” ပဲ ဖြစ်ပါတယ်။

ပြုံးခြင်း
Meghan Markle ရဲ့ အပြုံးကတော့ သံသယဝင်စရာမလိုလောက်အောင် နှစ်လိုဖွယ်ကောင်းပါတယ်။ ငြီးငွေ့ဖွယ်နဲ့ စိတ်ပျက်နေတဲ့ပုံစံမျိုုး ဘယ်တော့မှ မဖြစ်ပါဘူး။ ပါပါရာဇီတွေ နောက်က တစ်ကောက်ကောက်လိုက်နေရင်တောင် သူမရဲ့ စိတ်ပျက်နေတဲ့ပုံနဲ့ ဖေ်ာရွေရင်းနှီးမှုမရှိတဲ့ အပြုံးမျိုးကို တစ်စက်လေးမှ တွေ့ရမှာ မဟုတ်ပါဘူးနော်။ အပြုံးတစ်ပွင့်ကြောင့်လည်း ဓာတ်ပုံထဲမှာ ပိုလှအသက်ဝင်ကာ ကျက်သရေရှိနေတာကို မြင်တွေရတာဖြစ်ပါတယ်။ အပြုံးကို လူတိုင်းလိုက်ပြီးပြုံးလို့ရလို့ ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာ ပုံထွက်လှလှလေးထွက်အောင် ပြုံးဖို့ မမေ့ပါနဲ့နော်။

လက်ကိုကြည့်ကောင်အောင်ထားတတ်ခြင်း
ဓာတ်ပုံရိုက်ရင် ဒီလက်ကြီးကို ဘယ်နားထားလို့ ထားရမှန်းမသိတဲ့ ပြဿနာကို ကြုံဖူးကြမှာပါနော်။ Cambridge မြို့စားကတော်ကတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကောင်းကောင်းသိသူပါ။ သူမဟာ ပိုက်ဆံအိတ်သေးသေးလေးကို အမြဲသယ်ပြီး လက်တစ်ဖက်က ပိုက်ဆံအိတ်ကိုကိုင်ပြီး နောက်တစ်ဖက်ကတော့ ပိုက်ဆံအိတ်ကိုင်ထားတဲ့ လက်ကို ပြန်ကိုင်ပြီး နေလေ့ရှိပါတယ်။ သူလက်ကိုသတိထားကြည့်လိုက်ရင် သက်သောင့်သက်သာရှိနေပြီး ပေါ့ပေါ့ပါးပါးရှိနေတာကို တွေ့ရမှာပါ။ လက်ဖဝါးက လက်ကောက်ဝတ်ကို ဖုံးကိုင်ထားပြီး လက်ချောင်းတွေကိုလည်း စုစုစည်းစည်းထားပြီး နေတာကို တွေ့ရှိရမှာပါ။

Accessories တွေကိုပြသခြင်း
အမြဲလိုလို Meghan Markle ဟာ ဓာတ်ပုံရိုက်ရင် သူမလက်ထပ်လက်စွပ်လေးပေါ်အောင် လုပ်ပြီး ရိုက်လေ့ရှိပါတယ်။ အဲဒီလိုရိုက်တာက သူမလက်ထပ်လက်စွပ်ကို ကြွားတာလား ဘာလားတော့ သေချာမသိပေမယ့် Accessories လေးတွေကို ပြသပြီး အရိုက်ခံတာကတော့ သူမနဲ့လိုက်ဖက်မှုရှိပြီး လှပနေတာကတော့ အသေအချာပါပဲ။ တစ်ခါလာလည်း ဒီ Pose ဒီ Pose တွေပဲ ထပ်နေမယ့်အစား ကိုယ်လည်း Accessories လေးတွေဝတ်ထားရင် သူလိုလေး လိုက်လုပ်ပြီး ရိုက်ကြည့်ကြပါဦးနော်။

ကဲ….ဘယ်လိုနေ ဘယ်လိုထိုင်ရမလဲဆိုတာကို ကောင်းကောင်းသိသွားပြီဆိုတော့ ဓာတ်ပုံလေးတွေထဲမှာ လှလှလေးဖြစ်နေဖို့ အချိန်မဆွဲဘဲ ကျင့်သုံးကြည့်လိုက်ကြပါတော့နော်။

H.H(Akhayar)