တစ်ပတ်အတွင်း Hacker ပေါင်း ၁.၂ သန်းခန့်ကို PUBG Mobile ကနေ ရှင်းလင်းပစ်ခဲ့တဲ့ Tencent

တစ်ပတ်အတွင်း Hacker ပေါင်း ၁.၂ သန်းခန့်ကို PUBG Mobile ကနေ ရှင်းလင်းပစ်ခဲ့တဲ့ Tencent

PUBG Mobile ကစားသူတိုင်း အတွက် အမုန်းဆုံး ပြဿနာကို ပြောပါဆိုရင် ဟက်ကာတွေလို့ ပြောလို့ရမယ် ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်း ကစားသူဦးရေ သန်း ၆၀၀ ခန့်ဖြင့် လူကြိုက်အများဆုံး Battle Royale မိုဘိုင်းဂိမ်းတွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ PUBG Mobile ကတော့ ကစားသူတွေကို စိတ်ဒုက္ခ အပေးနိုင်ဆုံး ပြဿနာ တစ်ခုဖြစ်တဲ့ ဟက်ကာ ပြဿနာကို ထိထိရောက်ရောက် စတင် ဖြေရှင်းလို့ လာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက Tencent ဘက်မှ ထုတ်ပြန် ကြေညာချက်များအရ PUBG Mobile အနေနဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကနေ ၁၄ ရက် အတွင်း Hacking ပြုလုပ်သူ ကစားသူဦးရေ ၁၂ သိန်းကျော်ကို ဂိမ်းအတွင်းကနေ အပြီးပိုင် ရှင်းလင်း ဖယ်ရှားပစ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

PUBG Mobile ဂိမ်းအတွင်း ဟက်ကင်း ပြုလုပ်ခဲ့သူတွေ အထဲက ၄၈ ရာခိုင်နှုန်းဟာ Auto-Aim Hack ဒါမှမဟုတ် ကာရိုက်တာ မော်ဒယ်တွေကို ပြောင်းလဲဖို့ အတွက် ဟက်ကင်း ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ၂၂ ရာခိုင်နှုန်းကတော့ X-ray Vision, ၁၂ ရာခိုင်နှုန်းက Speed Hack, ၇ ရာခိုင်နှုန်းက Area Damage ကို ဟက်ကင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် PUBG Mobile မှ ထုတ်ပြန် ကြေညာချက်များအရ ဟက်ကင်း ပြုလုပ်မှုကြောင့် အဘန်းခံရသူတွေ အထဲမှာ Bronze ကစားသမားတွေ အများဆုံး ဖြစ်တယ်လို့ သိရပြီး Bronze ၃၈ ရာခိုင်နှုန်း၊ Silver ၁၁ ရာခိုင်နှုန်း၊ Gold ၉ ရာခိုင်နှုန်း၊ Platinum ၁၁ ရာခိုင်နှုန်း၊ Diamond ၁၂ ရာခိုင်နှုန်း၊ Crown ၁၀ ရာခိုင်နှုန်း၊ Ace ၆ ရာခိုင်နှုန်း၊ Conqueror ၃ ရာခိုင်နှုန်းတို့ အနေနဲ့ ဟက်ကင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ