LAN ပြိုင်ပွဲတွေ ကျင်းပသွားမယ့် PUBG Mobile Esports စတူဒီယို အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ Tencent

LAN ပြိုင်ပွဲတွေ ကျင်းပသွားမယ့် PUBG Mobile Esports စတူဒီယို အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ Tencent

Tencent အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားခဲ့တဲ့ PMPL South Asia ပြိုင်ပွဲမှာ အသစ် တည်ဆောက် ပြီးစီးသွားခဲ့ပြီဖြစ်တဲ့ PUBG Mobile Esports စတူဒီယိုကို မိတ်ဆက် ပေးခဲ့ပါတယ်။ အဆိုပါ PUBG Mobile Esports စတူဒီယို အသစ်ကို ပိုလန်နိုင်ငံ၊ ကာတိုဝိစာ (Katowice) မြို့တော်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Tencent နဲ့ ESL တို့မှ ပူးတွဲ ကြေညာချက်များအရ အဆိုပါ စတူဒီယိုအသစ်ကို PUBG Mobile LAN ပြိုင်ပွဲများ သီးသန့် ကျင်းပသွားရာ နေရာ တစ်ခု အဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ PUBG Mobile Esports စတူဒီယို အသစ်ကို မူလပထမက PMPL Americas Season 1 ပြိုင်ပွဲများ ကျင်းပရာ နေရာအဖြစ် အသုံးပြုသွားဖို့ စီစဥ်ထားခဲ့ပေမယ့်လည်း COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းကနေ တစ်ဆင့်သာ ကျင်းပဖြစ်ခဲ့ပါတယ်။

PUBG Mobile Global Esports ရဲ့ Director တစ်ဦးဖြစ်သူ James Yang အနေနဲ့ ယခု စတူဒီယိုကို ပရိုဖက်ရှင်နယ် PUBG Mobile အသင်း အများစုနဲ့ တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း အများစုကလည်း နှစ်သက် သဘောကျကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ စတူဒီယိုမှာ PMPL Americas Season 1 အပြင် PUBG Mobile လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်လာမယ့် PUBG Mobile World Leage ကိုပါ ကျင်းပဖို့ စီစဥ်ခဲ့တာဖြစ်ကြောင်း ဒါပေမယ့်လည်း လက်ရှိအခြေအနေအရ အွန်လိုင်းကနေ တစ်ဆင့်သာ ကျင်းပနိုင်တော့မှာ ဖြစ်ကြောင်း James Yang ကတော့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle