League Partner Program ကနေ ထုတ်ခံလိုက်ရပြန်တဲ့ TF Blade

League Partner Program ကနေ ထုတ်ခံလိုက်ရပြန်တဲ့ TF Blade

နာမည်ကြီး League of Legends Streamer ထဲကတစ်ယောက်ဖြစ်တဲ့ TF Blade ကတော့ League Partner Program ထဲကထုတ်ပယ်ခံလိုက်ရပြီလို့ Twitch Stream ကနေ ပြောကြားလိုက်ပါတယ်။

Streamer ဟာ Riot Games Creator Support Team ရဲ့ Email ကို Stream မှာပြသခဲ့ပြီး ထုတ်ပယ်ခံလိုက်ရတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ TF Blade ဟာ LPP ရဲ့ အမြဲတမ်း Member ကနေ အစမ်းခန့်အဖြစ် ပြောင်းလဲသတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ ကိုရီးယား Server မှာသွားရောက်ဆော့ကစားစဥ်က Jungler သမားနဲ့ ပြဿနာတက်ပြီး ပြောဆိုမိတာကြောင့် Ban ခံလိုက်ရတာကနေ LPP အတွက်ပါ အခုလို အစမ်းခန့်အဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရတာပါ။

ဒီလို LPP ကနေ ထုတ်ပယ်ခံခဲ့ရတာကို TF Blade ကတော့ ကျေနပ်ပုံမရပါဘူး။ TF Blade က “ကျွန်တော့်ကို ဘာမှမတိုးတက်လာဘူး၊ Toxic ဖြစ်နေတုန်းပဲလို့ စွပ်စွဲပြီးဖြုတ်ချလို့မရဘူး” လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “သူတို့ကကျွန်တော့်ကို ဘာကြောင့် Ban လိုက်တယ်ဆိုတာတောင် သေချာရှင်းပြမထားဘဲ စွပ်စွဲနေတာဗျ။ ကျွန်တော့်ကို စွပ်စွဲတာတော့ လုံးဝမကြိုက်ဘူး” လို့ Stream မှာပြောကြားထားပါတယ်။

Riot ရဲ့ Creator Support Team ကို သက်သေအထောက်အထားတွေ တောင်းဆိုခဲ့တဲ့အခါမှာလည်း လတ်တလောဖြစ်ပျက်ထားတဲ့အရာတွေကြောင့် အခုလို Ban ရတာမဟုတ်ဘဲ၊ အရင်ကဖြစ်ပျက်ထားဖူးတဲ့ကိစ္စရပ်တွေနဲ့ Stream တွေကိုစောင့်ကြည့်ပြီးမှ အခုလိုဆုံးဖြတ်ချက် ချရတာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ Streamer အနေနဲ့ LPP ကနေ ထုတ်ခံလိုက်ရတာကြောင့် League Unlocked၊ LPP သမားတွေအတွက်ထားရှိပေးတဲ့ Riot Support တွေ၊ LCS နဲ့ Academy ဂိမ်းတွေကို Stream ခွင့်တွေပါ ပိတ်ပင်ခံလိုက်ရတာပါ။

အခုလို ပိတ်ပင်ခံရတာ TF Blade တင်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း IWillDominate ဆိုတဲ့နာမည်ကြီး Streamer တစ်ယောက် LPP ကနေ ထုတ်ပယ်ခံလိုက်ရပါသေးတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle