Game of Thrones ဇာတ်လမ်းတွဲမှာ အံ့အားသင့်စရာအချိန်လေးတွေ

Game of Thrones ဇာတ်လမ်းတွဲမှာ အံ့အားသင့်စရာအချိန်လေးတွေ

(၁) Red Wedding
တကယ်ပါ။ Red Wedding ကတော့ တကယ်ကို ရှော့ခ်ရစေပါတယ်။ ရော့ဘ်စတာ့ခ် (Robb Stark) အများကြီး မျှော်လင့်ထားတာ။ သူက မြောက်ပိုင်းဘုရင်ကိုး။ သူ့အမေ ကတ်သလင်းစတာ့ခ် (Catelyn Stark) ကိုလည်း ဆာဆီ (Cersei) လိုဖြစ်မယ်ထင်ထားတာ။ ဒါပေမဲ့ ဖရေးအိမ်တော် (House Frey) က မင်္ဂလာဆောင်မှာ အကုန်လုံးအသတ်ခံလိုက်ရတယ်။ စတာ့ခ်အကုန်လုံးနီးပါးပေါ့။ ရော့ဘ်စတာ့ခ်တယောက်ပဲ သန်သန်မာမာရှိတာ။

ကျန်တဲ့ စတာ့ခ်တွေက ပေါက်စလေးတွေ။ ဂျွန်စနိုး (Jon Snow) ကလည်း စတာ့ခ်စစ်စစ်မဟုတ်။ မင်္ဂလာဆောင်မှာ တံခါးတွေပတ်။ ရော့ဘ်ရဲ့ မိန်းမဗိုက်ကြီးသည်ကို သတ်လိုက်တာ စိတ်ထဲ ကြေကွဲလို့မဆုံးဘူး။ စတာခ်တွေကို ပိုးဆိုးပက်စက်သတ်ပလိုက်တာကို ကြည့်နေရင်း ပါးစပ်အဟောင်းသားဖြစ်သွားစေတယ်။ အဲ့လိုဖြစ်မယ်လို့ကို မထင်ထားတာ။ ရော့ဘ်စတာ့ခ်ကိုတောင် တကယ်သေတယ်လို့ မထင်မိဘူး။ နောက်ပိုင်းမှ တကယ်သေသွားတယ်ဆိုတာ လက်ခံမိတာ။

(၂) ဟိုက်စပ်တန် (High Septon) တွေကို မီးလောင်းတိုက်သွင်းခြင်း
ဟိုက်စပဲရိုး (High Sparrow) ကို မီးလောင်တိုက်သွင်းလိုက်တာ တကယ်ကို အံ့သြဖွယ်ပဲ။ ဟိုက်ဆပ်တန်တွေ ဒီထက်ပိုပြီး အားကောင်းလာမယ်။ နေပြည်တော်မှာ ဒီကောင်တွေ ဘာသာရေးအကြောင်းပြချယ်လှယ်မယ်ဆိုပြီး ထင်ထားတာ။ သူတို့ကလည်း တကယ်ကို အာဏာတွေပြနေပြီကိုး။ နန်းတော်ထဲမှာတောင် ဘုရင်ထက် သူတို့ကို ပိုကြောက်ရတဲ့ အခြေအနေမဟုတ်လား။ အဲ့လို ဟိုက်ဆပ်တန်တွေ တစ်ဖွဲလုံးရှိနေတဲ့အချိန်။ ပြီးတော့ ဘုရင့်မိဖုရား မာဂျရီ (Margaery) ရှိနေတဲ့အချိန်။

အဲ့လိုအချိန်မျိုးမှာ အကုန်လုံးကို မီးလောင်ဗုံးနဲ့ သတ်လိုက်မယ်လို့ ဘယ်လိုထင်မှာလဲ။ အကုန်လုံး မီးလောက်ပေါက်ကွဲသွားမှ…..။ ဟာ…သွားပြီဆိုပြီး တအံ့တသြဝမ်းသာအားရဖြစ်မိတာ။ ဆာဆီ (Cersei) ကို နှိပ်စက်တဲ့အတွက် ဟိုက်စပဲရိုးကို မုန်းနေတဲ့အချိန်ဆိုတော့ ဟိုက်စပဲရိုးသေတာကို ဝမ်းသာမိတာတော့ အမှန်ပဲ။ တကယ်လည်း ရှော့ခ်ရစေတယ်။ ပြီးတော့ မီးလောင်ရာမှာ မိဖုရား မာဂျရီလည်း သေသွားလို့ ဘုရင် တိုမန်ဘရာသီယွန် (Tommen Baratheon) ပါ ရဲတိုက်ပေါ်က ခုန်ချပြီး သတ်သေသွားတာကိုလည်း အံ့သြမှင်သက်မိတယ်။ အဲ့လိုမလုပ်ဘူးထင်တာပဲလေ။ ဒါပေမဲ့ GOT ရဲ့ ထုံးစံအတိုင်း မဖြစ်နိုင်ဘူးထင်တာတွေကို လုပ်ပြသွားတာပါပဲ။

(၃) ရှရင်းဘရာသီယွန် (Shireen Baratheon) ကို မီးရှို့ခြင်း
စတန်းနစ်ဘရာသီယွန် (Stannis Baratheon) ရဲ့ သမီးလေးကို မီးရှို့ပြီး အလင်းသခင်ကို ပူဇော်တာကရော….။ ဒါကလည်း တကယ်ကို ရှောခ့်ပါပဲ။ စတန်းနစ်ရဲ့ သမီးလေးဟာ စိတ်ထားလည်း ကောင်းတယ်။ တော်လည်းတော်တယ်။ ပညာလည်း တတ်တယ်။ အဲ့လို မိန်းကလေးကို ဒီဇာတ်ကားထဲမှာ ဒီထက်ပိုပြီး မျှော်လင့်ထားတာပဲ။

သူ့ရဲ့ မျက်နှာပက်ကြားအက်ရောဂါကောင်းသွားမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ သူ့အမေက အလင်းသခင်ကို မီးရှို့ပြီး ပူဇော်လိုက်တဲ့အခါကြတော့…တော်တော်လေးကို အံ့သြတုန်လှုပ်မိတယ်။ မီးလောင်နေတဲ့ အချိန်အထိ အဲ့ကောင်မလေးကို တယောက်ယောက် လာကယ်မယ်ပဲ ထင်နေတုန်း။ ဒါပေမဲ့ သေသွားတာပါပဲ။

(၄) ဂျွန်စနိုး (Jon Snow) သေဆုံးခြင်း
ဂျွန်စနိုးသေတာကလည်း တုန်လှုပ်စရာပဲ။ ညကြည့်မျှော်စင်ပေါ်မှ လူတွေက သူ့ကို သစ္စာဖောက်ဆိုပြီး သတ်လိုက်တဲ့အခန်းဟာ ရှော့ခ်ပဲ။ မြောက်ဘက်က လူရိုင်းတွေကို ခေါ်သွင်းလာလို့ သူ့ကို မကြည်တဲ့ ကောင်လေး အိုလီ (Olly) က ဓားနဲ့ထိုးတဲ့အခန်းဆို ထင်မထားဘူး။

အိုလီကလေးက ဂျွန်စနိုးကို ချစ်တယ်ပဲထင်နေတာ။ အဲ့လောက်မုန်းမယ်လို့မထင်ဘူး။ ဂျွန်စနိုး တကယ်သေသွားပြီထင်ပြီး ဝမ်းနည်းလိုက်ရတာ။ နောက်မှ အလင်းသခင်ကျေးဇူးနဲ့ ပြန်ရှင်လာတော့ ဝမ်းသာရပြန်ရော။ အဲ့အပိုင်းတွေကတော့ တကယ်ကို အံ့သြဝမ်းနည်းဝမ်းသာတွေပြည့်နှက်နေတာပါပဲ။

(၅) နတ်စတာ့ခ် (Ned Stark) ခေါင်းဖြတ်ခံရခြင်း
အအံ့သြဆုံးကတော့ နတ်စတာ့ခ် (Ned Stark) ခေါင်းဖြတ်ခံရတာပဲ။ နတ်စတာ့ခ်ဟာ ဇာတ်ကားအစတကည်းကပါတယ်။ မြောက်ပိုင်းကို စောင့်ရှောက်သူကြီးပေါ့။ သူ့ရုပ်ကလည်း တည်တည်ကြည်ကြည်။ ပြီးတော့ အလုပ်ကိုလည်း လေးစား။ ဖြောင့်မှတ်မှန်ကန်သူကြီး။ သူ့ဟာ ဘုရင်ဖြစ်မယ့်လူလို့ ထင်ထားတာ။ တကယ်ဇာတ်လိုက်ကြီးလို့လည်း ထင်ထားမိတာ။ ဒါပေမဲ့ ဘုရင် ဂျော့ဖရေးဘရာသီယွန် (Joffrey Baratheon) က ခေါင်းဖြတ်ခိုင်းလိုက်တော့ အံ့သြသွားတယ်။ အဲ့အခန်းမှာ တကယ်ခေါင်းမပြတ်ဘူးပဲထင်တာ။ ဆာဆီ (Cersei) ကလည်း တားနေတယ်။ တခြားလူတွေကလည်း မသတ်ဖို့တားတယ်။ ဒါပေမဲ့ ဂျော့ဖရေးရယ် ပြည်သူတွေရယ်က သတ်ဖို့ပဲ တောင်းဆို။ နတ်စတာ့ခ်ကို တယောက်ယောက်က လာကယ်လိမ့်မယ်ပဲထင်ထားတာ။ ဒါပေမဲ့ နတ်စတာ့ခ် တကယ်သေသွားတယ်။ တအံ့တသြကြီးဖြစ်သွားရော…..။ GOT ကြီး ပြီးသွားပြီတောင်ထင်ခဲ့မိတယ်။

တကယ်တော့ GOT မှာ အံ့အားသင့်စရာ ရှော့ခ်ဖြစ်စေတာတွေ အများကြီးပါ။ ဘရန်စတာ့ခ် (Bran Stark) မျှော်စင်ပေါ်က ပြုတ်ကျတာတို့။ ဂျွန်စနိုးက စတာ့ခ် (Stark) မဟုတ်ဘဲ တာကေးရီးယန်း (Targaryen) ဖြစ်နေတာတို့။ ရမ်ဆေးဘော်တန် (Ramsay Bolton) သေသွားတာတို့တွေပေါ့။ ရေးမယ်ဆို မဆုံးနိုင်အောင်ပါပဲ။ ဒါကြောင့် လောလောဆယ်တော့ ရှောခ်ဖြစ်စေတဲ့ (၅) ခန်းကိုပဲ ရေးလိုက်ပါတယ်။ မိတ်ဆွေတို့တွေ မထင်ထားဘဲ အံ့အားသင့်သွားစေတဲ့ အခန်းတွေရှိရင်လည်း ပြောပြပေးပါဦး။

Cookie TV ကနေစီစဉ်ထားတဲ့ Cookie’s GOT Event လေးမှာ Fans အချင်းချင်းပျော်ပျော်ပါးပါးတွေ့ပြီး ဂိမ်းတွေဆော့မယ်… HBO ရဲ့ Premium လက်ဆောင်တွေ ရယူကြမယ်လေ ။ Talk Show ၊ ဖျော်ဖြေရေးတင်ဆက်မှုတွေအပြင် အကနဲ့ Cosplay Performance တွေပါ ပါဦးမှာပါ။ ဒီပွဲကို ဧပြီလ(၁၁) ရက်နေ့ ညနေ (၅) နာရီကနေ (၇) နာရီအထိ Junction City မှာ ကျင်းပပေးသွားမှာဖြစ်လို့ ဒီလင့်ခ်မှာ Register လုပ်လိုက်ပါ။

(***မှတ်ချက်။   ။ ပထမဆုံး Register လုပ်တဲ့ အယောက် ၁ဝဝ အတွက် HBO Premium လက်ဆောင်တွေ စီစဉ်ပေးထားသေးတာမို့ လာမယ်ဆို Register လုပ်ဖို့ မမေ့နဲ့နော်။)

Photo Credit – AZCentral.com ၊  Game of Thrones

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle