ONE Esports MLBB Invitational ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရတဲ့ မြန်မာ MLBB အသင်း Burmese Ghouls

ONE Esports MLBB Invitational ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရတဲ့ မြန်မာ MLBB အသင်း Burmese Ghouls

MPL Myanmar Season 3 ပြိုင်ပွဲရဲ့ ချန်ပီယံလည်းဖြစ်၊ လက်ရှိ MPL Myanmar Season 4 ပြိုင်ပွဲမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်လျက်ရှိတဲ့ Burmese Ghouls အနေနဲ့ ONE Esports မှ ဦးစီး ကျင်းပသွားမယ့် ONE Esports Mobile Legends: Bang Bang Invitational ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် တိုက်ရိုက် ဖိတ်ခေါ်ခြင်းကို ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

One Esports MLBB Invitational ပြိုင်ပွဲကို မူလပထမက အင်ဒိုးနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် COVID-19 ကြောင့် အွန်လိုင်းကနေ တစ်ဆင့်သာ ပြောင်းလဲ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ One Esports MLBB Invitational ပြိုင်ပွဲမှာ တိုက်ရိုက် ဖိတ်ခေါ်ခံရတဲ့ အသင်း (၆) သင်း၊ ဒေသတွင်း လက်ရည်စစ်ပွဲတွေကနေ တစ်ဆင့် တက်လှမ်းလာမယ့် အသင်း (၆) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ တစ်သိန်းခွဲ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ One Esports MLBB Invitational ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် လက်ရည်စစ်ပွဲတွေကို ကျင်းပ ပြီးစီးတော့မှာ ဖြစ်သလို Burmese Ghouls အပါအဝင် တိုက်ရိုက် ဖိတ်ခေါ်ခံရတဲ့ အသင်း လေးသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

One Esports MLBB Invitational ပြိုင်ပွဲမှာ Burmese Ghouls အပြင် အင်ဒိုနီးရှား အခြေစိုက် နာမည်ကျော် MLBB အသင်းတွေဖြစ်တဲ့ Team RRQ, Evos Legends ၊ စင်ကာပူအခြေစိုက် MLBB အသင်း Resurgence တို့လည်း ဖိတ်ကြားခြင်း ခံထားရတဲ့ အပြင် Bigetron Alpha, EVOS SG, Team Bosskurr, IDONOTSLEEP, Cignal Ultra စတဲ့ နာမည်ရှိ MLBB အသင်းတွေလည်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာဒေသတွင်း လက်ရည်စစ်ပွဲတွေကိုလည်း ဇွန်လ ၁၃ ရက်ကနေ ၁၄ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် Burmese Ghouls နဲ့အတူ ဘယ်အသင်း အနေနဲ့ မြန်မာကိုယ်စားပြု MLBB အသင်း အဖြစ် One Esports MLBB invitational ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports, Burmese Ghouls Facebook

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle