စတုဒီသာအလှူမှာ ဘယ်လိုအကျိုးထူးတွေ ခံစားရနိုင်လဲ

စတုဒီသာအလှူမှာ ဘယ်လိုအကျိုးထူးတွေ ခံစားရနိုင်လဲ

မြန်မာတွေရဲ့ အခါကြီးရက်ကြီးနေ့ထူးနေ့မြတ်မှာ ၇ရက်သားသမီးတွေကို စတုဒီသာ၊ အာဟာရအလှူ ကျွေးမွေးလှူဒါန်းကြပါတယ်။ အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနဲ့ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအနေနဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်များမှာတော့ သင်္ကြန်ယိမ်းအကတွေနဲ့ လှပျိုဖြူတွေက လှပစွာ ကပြဖျော်ဖြေကြပါတယ်။ သင်္ကြန်ကာလမှာ မုန့်လုံးရေပေါ်ကျွေးတဲ့ အလေ့အထမှာလည်း ကျေးလက်မြို့ပြမကျန် ကျင့်သုံးနေဆဲဖြစ်ပါတယ်။ မုန့်လုံးရေပေါ်ထဲမှာ အစာသွတ်ထည့်ထားတဲ့ ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်တွေ ထည့်သွင်းပြီးတော့ သူငယ်ချင်းအပေါင်းအသင်းတွေကို ကျီစယ်တတ်တဲ့ ရိုးရာဓလေ့ကလည်း ချစ်စဖွယ်ဖြစ်ပါတယ်။

ဒါနဆိုတာက ပေးကမ်းစွန့်ကြဲတာတွေ ချီးမြင့်တာတွေ၊ ထောက်ပံ့တာတွေနဲ့ လှူဒါန်းတာတွေကို ဆိုလိုပါတယ်။ ဒါနအမှုမြောက်ဖို့ဆိုတာလည်း လွယ်လှတာတော့ မဟုတ်ပါဘူး။ ဒါနဖြစ်မြောက်ရန်အတွက် အကြောင်းတရား (၄)ပါး ပြည့်စုံရပါတယ်။

(၁) လှူဒါန်းသူ

(၂) လှူဖွယ်

(၃) လှူဒါန်းလိုတဲ့ စေတနာနဲ့

(၄) အလှူခံပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

လူဘဝသံသရာ ဝဲသြဃထဲကထွက်မြောက်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေဖြစ်တဲ့ ဒါနစွမ်းအင်၊ သီလစွမ်းအင်နဲ့ ဘာဝနာစွမ်းအင်ဆိုရာဝယ် သီလဟာ အခြေခံအုတ်မြစ်ဖြစ်ပေမယ့် ဒါနစွမ်းရည်ဟာ လက်ရှိဘဝတွင်အကျိုးပေးတဲ့အပြင် နိဗ္ဗာန်လမ်းကြောင်းမှာလည်း လှေကားထစ်အဖြစ် ပံ့ပိုးပေးတတ်ပါတယ်။ ဒါနစေတနာဟာ သမထစိတ်ရဲ့ အခြံအရံဖြစ်တဲ့အတွက် ပေးလှူပြီးတဲ့အခါ ရန်သူသော်လည်း မေတ္တာ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစတဲ့ ဗြဟ္မစိုတရားပွားများအားထုတ်မယ်ဆိုရင် ဗြဟ္မာပြည်ကို လားနိုင်ပါတယ်။  ဒါကြောင့် ဒီနှစ်မဟာသင်္ကြန်မှာလည်း ရသဒါန (အရသာအလှူ) ဖြစ်တဲ့ စတုဒီသာအာဟာရအလှူတော်မှာ ကိုယ်တတ်နိုင်သမျှ သဒ္ဓါတက်အားနည်းများမဆို ရဲရဲဝံ့ဝံ့လှူဒါန်းသင့်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

အကိုးအကား ။ အရှင်နန္ဒဝံသ (ဇေယျသုခ ဓမ္မရိပ်သာ)

Photo Credit – Pinterest

ကျော်စိုးအောင် (အခရာ)