အော်စကာမင်းသားကြီးသုံးယောက်ပွဲကြမ်းတော့မယ့် The Comeback Trail

အော်စကာမင်းသားကြီးသုံးယောက်ပွဲကြမ်းတော့မယ့် The Comeback Trail

အော်စကာမင်းသားကြီးသုံးယောက်ဖြစ်တဲ့ Robert De Niro ၊ Tommy Lee Jones နဲ့ Morgan Freeman တို့တွေက Bad Boys စာရေးဆရာ George Gallo ရဲ့ နောက်ထွက်လာမယ့် The Comeback Trail ဆိုတဲ့ အက်ရှင်ဟာသကားလေးမှာ ပြန်လည်ပါဝင်လာတော့မှာပါတဲ့။

ဇာတ်လမ်းလေးက ဘယ်လိုဖြစ်လာမလဲဆိုတော့ Robert က Max Baber ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပြီး ၊ သူ့က Morgan Freeman ရဲ့လူဆိုးဂိုဏ်းအဖွဲ့ခေါင်းဆောင်ဆီမှာ အကြွေးတင်နေတာပေါ့။ အဲဒါနဲ့ နာမည်ကျနေပြီဖြစ်တဲ့ ရုပ်ရှင်စတား Duke Montana (Tommy Lee Jones) ကို အပေါစားရုပ်ရှင်ကားတစ်ကားမှာထည့်ရိုက်ပြီး အာမခံကြေးလိမ်ဖို့အတွက် ပထမဆုံးနေ့မှာတင် သတ်ဖို့လုပ်တော့တာပဲ။ ဖြစ်ချင်တော့ Duke က အရမ်းတွေသရုပ်ဆောင်ကောင်းနေတော့ Max နဲ့ တခြားသူတွေကို သူ့ဖက်ပါအောင်သိမ်းသွင်းနိုင်ခဲ့တယ်လေ။ နောက်ဆက်တွဲကတော့ ဇာတ်လမ်းလေးထွက်လာမှ ခွီရအောင်နော်။

Josh Posner က Gallo နဲ့ ဇာတ်ညွှန်းပူးတွဲရေးထားပြီးတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Harry Hurwitz ရဲ့ The Comeback Trail (1982) ဆိုတဲ့ ရုပ်ရှင်ကိုပဲ အခြေခံသွားမှာဖြစ်ပါတယ်။ New Mexico မှာ ဇွန်လမှာ ရိုက်ကူးရေးစမှာဖြစ်ပါတယ်။

De Niro ၊ Jones နဲ့ Freeman တို့ သုံးယောက်လုံးက အစကတည်းက အလုပ်အတူတူ လုပ်ဖူးကြသူတွေပါပဲ။ The Family (2013) တို့ ၊ Just Getting Started (2017) တို့လို ဇာတ်ကားတွေမှာပေါ့။ ဒီမင်းသားကြီးသုံယောက်လုံးက စာရေးသူတို့ရင်ကို ဟာသကားတွေ ၊ အက်ရှင်ဇာတ်လမ်းတွေနဲ့ တလှည့်စီ ဖောျ်ဖြေခဲ့သူတွေပါပဲ။ သုံးယောက်လုံးအရည်အချင်းရှိပြီး အရမ်းတော်တဲ့ သရုပ်ဆောင်တွေဖြစ်တာကြောင့် သူတို့သုံးယောက်လုံးပါဝင်မယ့်ဇာတ်ကားက ပက်ပက်စက်စက်ကောင်းနေမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးတို့ရော Comeback Trail ကိုကြည့်ဖို့ စိတ်ဝင်စားသွားလား။

Ref: www.hollywoodreporter.com

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle