StarLadder Dota 2 Minor ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ မြောက်အမေရိက အခြေစိုက် Dota 2 အသင်းများ

StarLadder Dota 2 Minor ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ မြောက်အမေရိက အခြေစိုက် Dota 2 အသင်းများ

2019-2020 DPC ရာသီရဲ့ တတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ StarLadder ImbaTV Dota 2 ပြိုင်ပွဲကို ယူကရိန်းနိုင်ငံ၊ Kyiv မြို့မှာ မတ်လ ၅ ရက်နေ့မှာ စတင် ကျင်းပခဲ့ပါတယ်။ အခုဆိုရင် ပြိုင်ပွဲ ကျင်းပတာ အချိန် အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်တာနဲ့ အညီ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ Dota 2 အသင်းတွေလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Business Associates

StarLadder ImbaTV Dota 2 ပြိုင်ပွဲမှာ Team Aster, Boom Esports, Forze, Business Associates တို့က အုပ်စု (A), Gambit Esports, Alliance, Crazy, NoPing E-Sports တို့က အုပ်စု (B) ကနေ တစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အုပ်စုတစ်စုစီက ထိပ်ဆုံး (၂) သင်းဆီသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်တာနဲ့ အညီ ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ အုပ်စုအဆင့်မှာကတည်းက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

NA အခြေစိုက် Dota 2 အသင်း တစ်သင်းဖြစ်တဲ့အပြင် TI 5 Champion ကစားသမား Fear, TI 6 မှာ Digital Chaos Dota 2 အသင်းနဲ့ အတူ ဒုတိယဆုကို ရယူနိုင်ခဲ့တဲ့ Moo တို့ ပါဝင်တဲ့ Business Associates အနေနဲ့ အုပ်စုအေရဲ့ အဖွင့်ပွဲစဉ်မှာ Chuvash, 633, Vanskor စတဲ့ CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Forze Esports Dota 2 အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ဒုတိယမြောက် ပွဲစဉ်မှာလည်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း BOOM Esports ကို (၂-၁) ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

Business Associates

Business Associates နည်းတူ ပြိုင်ပွဲကနေ စောစောစီစီး ထွက်ခွာခဲ့ရတဲ့ နောက်ထပ် NA အခြေစိုက် Dota 2 အသင်းကတော့ CR4ZY Dota 2 အသင်းပဲ ဖြစ်ပါတယ်။ CR4ZY Dota 2 အသင်း ဆိုတာကတော့ Fighting Panda Dota 2 အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Aui2000, Bryle, Skiter, Khezu, Moonmeander တို့နဲ့ ဖွဲ့စည်းထားတဲ့ Dota 2 အသင်းပဲ ဖြစ်ပါတယ်။

CR4ZY Dota 2 အသင်း အနေနဲ့ အုပ်စုဖွင့် ပွဲစဉ်မှာ CIS အခြေစိုက် နာမည်ကျော် Dota 2 အသင်း Gambit ကို ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ NoPing Esports ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ပြန်လည် အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း တတိမြောက် ပွဲစဉ်မှာ Nikobaby, Fata, 33 တို့ ပါဝင်တဲ့ Alliance ကို ၂ ပွဲပြတ်ဖြင့် ပြန်လည် ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

CR4ZY

လက်ရှိအချိန်မှာ StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲကို ဆက်လက် ကျင်းပလျက် ရှိတာကြောင့် Business Associates, CR4ZY Dota 2 အသင်းတို့ နည်းတူ ဘယ်အသင်းတွေ ပြိုင်ပွဲကနေ ထွက်ခွာသွားရမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle