Carry ကစားသမား နေရာအတွက် အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ Dota2 အသင်း B8

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အမေးအဖြေ တစ်ခုမှာ B8 Dota2 အသင်းကို တည်ထောင်ခဲ့သူ Dendi အနေနဲ့ အသင်းရဲ့ Carry ကစားသမား Pio65 အနေနဲ့ ပြိုင်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ အတွက် အတွေ့အကြုံ လိုအပ်သေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယခုအခါမှာတော့ B8 Dota2 အသင်း အနေနဲ့ Carry ကစားသမားဖြစ်သူ Alexandr “Pio65” ကို အသင်းကနေ ထုတ်ပယ်ပြီး အတွေ့အကြုံရှိ Carry ကစားသမား တစ်ဦးဖြစ်တဲ့ Steve “Excalibur” Ye ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။
Unfortunately, we have to part ways with Pio65. We are grateful for his help, especially in the hard times, and for the work we all did during this time. Good luck, Sasha.
— B8 (@B8esportsGG) March 27, 2020
And a new carry in our team is now Steve "Excalibur" Ye, a former Singularity player. Welcome, Steve!#b8d pic.twitter.com/ACN7uI64fg
B8 Dota2 အသင်း အနေနနဲ့ အသင်းကို စတင် တည်ထောင်ခဲ့စဉ် အချိန်က စတင်ပြီး ပရိသတ်တွေ မျှော်လင့်ထားသလို အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိသလို ဆိုးဝါးတဲ့ စွမ်းဆောင်ရည်တွေကိုသာ ပြသနိုင်ခဲ့ပြီ ကျရှုံးမှုတွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါကြောင့်လည်း အတွေ့အကြုံ အနည်းငယ်သာ ရှိသေးတဲ့ Carry ကစားသမား Pio65 ကို ထုတ်ပယ်ပြီး Excalibur ကို ခေါ်ယူဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။ Pio65 ကို အသင်းကနေ ထုတ်ပယ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး Dendi ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့တွေ အသင်းရဲ့ Carry ကစားသမား နေရာအတွက် လူငယ်ကစားသမားဖြစ်တဲ့ Pio65 ကို ခေါ်ယူခဲ့တယ်။ Pio65 အနေနဲ့ ပရိုဖက်ရှင်နယ် Dota2 အသင်းကြီး တစ်သင်းမှာ ကစားဖို့ အတွက် အတွေ့အကြုံကောင်းတွေ မရှိသေးသလို လေ့လာစရာတွေလည်း အများကြီး လိုအပ်နေပါတယ်။
ကျွန်တော့် တစ်ဦးတည်း သဘောအရတော့ Pio65 အတွက် လိုအပ်တဲ့ အချိန်ပမာဏ တစ်ခုကို ပေးသွားခြင်းပေမယ့် လက်ရှိ Dota2 လောကရဲ့ အခြေအနေအရ ကစားသမား တစ်ဦး အတွက် လိုအပ်တဲ့ လေ့ကျင့်ချိန် ပေးဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း Pio65 ကို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”
Excalibur အနေနဲ့ ပရိုဖက်ရှင်နယ် Dota2 အသင်း အများစုမှာ ဝင်ရောက် ကစားခဲ့ဖူးသလို Fnatic, DeToNator, Singularity စတဲ့ အသင်းကြီး အများစုမှာ ကစားခဲ့ဖူးတာကြောင့် B8 Dota2 အသင်း အောင်မြင်မှုတွေ စွတ်ခူးနိုင်စေဖို့ အတွက် အထောက်အကူကောင်းတွေ ပေးစွမ်းနိုင်မယ်လို့ ထင်မြင်မိပါတယ်။

B8 Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Steve “Excalibur” Ye – Pos 1
- Danil “Dendi” Ishutin – Pos 2
- Andrey “Ghostik” Kadyk – Pos 3
- Rinat “KingR” Abdullin – Pos 4
- Nikola “LeBronDota” Popovic – Pos 5