The Greatest Showman ရဲ့ Sequel က ထွက်လာတော့မှာလား

The Greatest Showman ရဲ့ Sequel က ထွက်လာတော့မှာလား

The Greatest Showman လို့ပြောလိုက်တာနဲ့ ပရိသတ်တွေရင်ကိုထိအောင်ရိုက်ပြသွားနိုင်တယ်တဲ့ Musical Drama ဇာတ်ကားကောင်းလေးမှန်းအားလုံးသိမှာပါနော်။ ဝမ်းသာစရာသတင်းတစ်ခုကတော့ The Greatest Showman ရဲ့ခေါင်းဆောင်မင်းသားကြီး Hugh Jackman က Sequel ထွက်ဖို့စပြီးလုပ်နေပြီလို့ ပြောလာတာပါပဲ။ ဟုတ်ပါတယ် နောက်တော့အသည်းထဲထိတဲ့ သီချင်းတွေကို နားထောင်ရတော့မှာပါ။

Hugh Jackman က တင်္နလာနေ့က BBC နဲ့အင်တာဗျူးမှာ The Greatest Showman ဒုတိယကားအတွက် ပြင်ဆင်တာတွေ စနေပြီလို့ပြောလာခဲ့ပါတယ်။ ထုတ်လုပ်သူတွေက Sequel အတွက် ဖြစ်မြောက်ရေးအတွက် လုပ်နေကြတာတော့ သိတယ်လို့ ထုတ်ပြီးပြောလာခဲ့တာပါ။ Hugh Jackman ပြောခဲ့တာက “အဖြေမှန်က “ဖြစ်နိုင်ခြေရှိတယ်” ကျွန်တော် မသေချာဘူး။ ကျွန်တော်လုံးဝ ရိုးရိုးသားသားပြောတာနော်။ တစ်ခုခုဖြစ်နေတယ်လို့ ပြောနေကြတာတော့ရှိတယ်။ ဒါပေမယ့် အားလုံးက မရေရာမသေချာဘူး”တဲ့။ “ဒါပေမယ့် ကျွန်တော်ထင်တယ် တစ်ယောက်ယောက်ကတော့ Sequel ထွက်လာဖို့အတွက် တစ်ခုခုတော့ပြင်ဆင်နေတယ် သူတို့စီစဉ်နေတာ ကျွန်တော်သိတယ် ၊ သူတို့တစ်ခုခုဖြစ်မြောက်ဖို့အတွက် စီစဉ်နေကြတယ်။”

Hugh က ထပ်ပြီးပြောသေးတာက Sequel မှာ သူထပ်ပြီးပါဝင်သရုပ်ဆောင်ချင်ပါတယ်တဲ့။ သူရဲ့ဇာတ်ကောင်က Sequel မှာ အဓိကနေရာက ပါမပါတော့ သူလည်းမသေချာသေးပါဘူးတဲ့။ ဒါကိုလည်း ရုပ်ရှင်ဒါရိုက်တာ Michael Gracey က The Sun ကို ဖေဖော်ဝါရီလတုန်းက Hughနဲ့ နောက်ဇာတ်လမ်းအတွက် အကြမ်းတွေချနေပြီလို့ ပြောပြီးနောက်ပိုင်းမှာမှ Hugh Jackman က ပြောလာတာဖြစ်ပါတယ်။
Hugh – “ရုပ်ရှင်တစ်ကားဒီလောက်အောင်မြင်ခဲ့ပြီဆိုရင် နောက်ဆက်တွဲကားကို တောင်းဆိုလာကြတာက သဘာဝပါပဲလေ။ ဒါကြောင့်အပိုင်းဆက်နဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေလည်း ဖြစ်လာခဲ့ပြီး အခုလည်းကျွန်တော်တို့ လုပ်နေကြပါတယ်။”

The Greatest Showman ကို ရိုက်တာက ရှစ်နှစ်လောက်ကြာသွားခဲ့တယ်။ ဒါတောင်ကြားမှာ မဖြစ်နိုင်ဘူး ဘာဘူးနဲ့ သံသယတွေဝင်ပြီး ပြန်ရှောင်ထွက်သွားတဲ့သူတွေလည်း ရှိသေးတယ်တဲ့။ ဒီတော့ ဒုတိယတစ်ကားထွက်လာဖို့ ဘယ်လောက်ကြာဦးမယ်ဆိုတာတော့ စာရေးသူတို့လည်းမသိနိုင်ပါဘူး။ သေချာတာကတော့ ဒုတိယတစ်ကားက ထွက်ကိုထွက်လာဦးမှာပါ။ စာရေးသူကတော့ ရုပ်ရှင်ကားကောင်းတစ်ကောင်းကို ကြည့်ရဖို့ နှစ်တွေအကြာကြီးစောင့်ရလည်း စောင့်နိုင်ပါတယ်။ ပရိသတ်ကြီးတို့ရော The Greatest Showman Sequel ကို ကြည့်ချင်ကြလား။

Piki (Akhayar)

Ref: www.dailymail.co.uk

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle