MLBB Southeast Asian Cup ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပြီ

MLBB Southeast Asian Cup ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပြီ

Moonton အနေနဲ့ ၂၀၁၇ ခုနှစ်က စတင်ကာ ကျင်းပခဲ့တဲ့ Mobile Legends Southeast Asian Cup ပြိုင်ပွဲကို ယခုနှစ်မှာတော့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကျင်းပတော့မှာ မဟုတ်ကြောင်း အတည်ပြုပေးခဲ့ပြီ ဖြစ်ပါတယ်။

MLBB Southeast Asian Cup 2017 (MSC) ပြိုင်ပွဲကို စက်တင်ဘာလ ၁ ရက်၊ ၂၀၁၇ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၁ သိန်း ချီးမြှင့်ခဲ့သလို၊ MSC 2018 ပြိုင်ပွဲကိုလည်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်မှာ ထပ်မံ ကျင်းပခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁ သိန်း ချီးမြှင့်ခဲ့ပါတယ်။

MSC 2018 Champion (Bren Esports)

MSC 2019 ပြိုင်ပွဲကိုတော့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ဇွန်လ ၂၁ ရက်နေ့မှာ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁ သိန်းခွဲ ချီးမြှင့်ခဲ့သလို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ အခြေစိုက် ပရိုဖက်ရှင်နယ် MLBB အသင်းပေါင်း (၁၂) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

MSC 2019 Champion (Onic Esports) 

MSC 2020 ပြိုင်ပွဲကို မူလ ပထမက ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကို Moonton ဘက်က အခုလိုပဲ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Moonton ရဲ့ MLBB ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ၊ ပရိုဖက်ရှင်နယ် MLBB အသင်းသားတွေ၊ ပြိုင်ပွဲကျင်းပရေး အဖွဲ့သားတွေရဲ့ ကျန်းမာရေးပိုင်းကို ထောက်ရှုပြီး အခုလို MSC 2020 ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် Moonton အနေနဲ့ MSC 2020 ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပေမယ့်လည်း MSC 2020 အစားထိုး ပြိုင်ပွဲများ အဖြစ် နိုင်ငံ တစ်နိုင်ငံစီ အလိုက် ပြိုင်ပွဲ အသေးစားများကို ပြန်လည် ကျင်းပပေးသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle