၂၀၁၈ ခုနှစ်ရဲ့ အချောဆုံးလို့ သတ်မှတ်ခံရတဲ့ အမျိုးသား ၁၀ ဦး

၂၀၁၈ ခုနှစ်ရဲ့ အချောဆုံးလို့ သတ်မှတ်ခံရတဲ့ အမျိုးသား ၁၀ ဦး

TC Candler လို့ ခေါ်တဲ့ လွတ်လပ်တဲ့ ရုပ်ရှင်ဝေဖန်သူများ အဖွဲ့ကနေ နှစ်စဉ်ထုတ်ပြန်နေကျ အချောဆုံး အမျိုးသား ၁၀၀ ဦးနဲ့ အမျိုးသမီး ၁၀၀ ဦးကို ထုတ်ပြန်ခဲ့ရမှာ ဘယ်သူတွေ ပါဝင်သလဲဆိုတာတော့ တကယ်ကို စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ ၂၀၁၈ ရဲ့ အချောဆုံး အမျိုးသား ၁၀ ဦးကိုပဲ ဖော်ပြပေးမှာ ဖြစ်ပြီး ဘယ်သူတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။

၁၀။ Armie Hammer
နံပါတ် ၁၀ နေရာမှာ ရှိနေတဲ့ Armie Hammer ရဲ့ နာမည်အရင်းကတော့ Armand Douglas Armie Hammer ဖြစ်ပြီး အမေရိကန်မင်းသား တစ်လက် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် လက်ရှိမှာ အသက် ၃၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူ့ကိုတော့ ‘Call Me by Your Name’ ထဲက Oliver အနေနဲ့ သိကြသလို တခြား သူပါဝင်ထားတဲ့ နာမည်ကျော်ဇာတ်ကားတွေလည်း ရှိပါသေးတယ်။ သူ့ရဲ့မျက်လုံးနဲ့ မေးရိုးအကျကတော့ နတ်သားတစ်ပါးအလားပါပဲ။

၉။ Jensen Ackles
နံပါတ် ၉ နေရာက Jensen Ross Ackles ကတော့ အမေရိကန် မင်းသားနဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ၁၉၇၈ ခုနှစ် မတ်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် လက်ရှိ အသက် ၄၁ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ သူ့ကိုတော့ Supernatural ပရိသတ်တွေ သိကြမှာ ဖြစ်ပြီး Dean Winchester ဟာ သူ့ရဲ့ နာမည်ကျော် ဇာတ်ရုပ်ပါ။ ယောကျာ်းပီသပြီး ပဟေဠိဆန်တဲ့ မျက်နှာဟာ သူ့ရဲ့ ညှို့အားပဲ ဖြစ်ပြီး ဦးအရွယ်ရောက်နေပေမယ့် ချောနေဆဲပါပဲ။

၈။ Marino Di Vaio
အီတလီလူမျိုး ဒီဇိုင်နာလည်း ဖြစ်၊ မင်းသားလည်း ဖြစ်တဲ့ Marino Di Vaio ရဲ့ မွေးနေ့က ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့ ဖြစ်ပြီး လက်ရှိ အသက် ၂၉ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာကျနဲ့ မေးရိုးပုံစံဟာ တကယ့်ကို ယောကျာ်းပီပီသသပုံစံပဲ ဖြစ်ပါတယ်။

၇။ Marlon Teixeira
Marlon Luiz Teixeira လို့ ခေါ်တဲ့ အမျိုးသားလေးကတော့ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် အသက် ၂၇နှစ်သားဖြစ်ပါတယ်။ ဘရာဇီးလူမျိုး ဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ ရုပ်ရည်ဟာ လုံးဝကို မှတ်မိလွယ်စေတဲ့ အစား ဖြစ်ပါတယ်။

၆။ Shawn Mendes
Shawn Mendes ကိုတော့ မိန်းကလေးပရိသတ်တွေ သိပြီးသား ဖြစ်မှာပါ။ ဒီကနေဒါအဆိုတော်လေးဟာ အခုမှ အသက် ၂၀ ပဲ ရှိသေးပြီး မွေးနေ့က ၁၉၉၈ ခုနှစ် သြဂုတ်လ ၈ရက်နေ့ ဖြစ်ပါတယ်။ သူ့ရဲ့ ရိုးသားတဲ့ မျက်နှာလေးနဲ့ အရပ် ၆ပေ ၂ လက်မ ရှိတဲ့ ရှည်လျားတဲ့ အရပ်အမောင်းဟာ ကောင်မလေးတွေ စိတ်ကူးယဉ်စရာဖြစ်တာ မထူးဆန်းပါဘူး။

၅။ Kim Tae-hyung

BTS ရဲ့ Member လေး V ကလည်း ဒီစာရင်းထဲမှာ ပါဝင်လာပါတယ်။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မွေးဖွားတဲ့အတွက် အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ နုနုနယ်နယ် ပျိုပျိုမြစ်မြစ်ချစ်စရာဆိုတာ သူ့ကို ပြောတာ ထင်ပါတယ်။

၄။ Felix Kjellberg
သူ့နာမည်ရင်းကို ပြောတာထက် PewDiePie လို့ ပြောရင် ပိုသိကြမှာပါ။ ဆွီဒင်လူမျိုး နာမည်ကြီး YouTuber PewDiePie ဟာ အောက်တိုဘာလ ၂၄ ရက် ၁၉၈၉ ခုနှစ် မွေးဖွားခဲ့တဲ့အတွက် အသက် ၂၉ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ခပ်ရိုးရိုးရှင်းရှင်းရုပ်လို့ ထင်ရပေမယ့် သူ့ Video တိုင်း လူကြည့်များပြီး သူ့မှာ ညှို့ဓာတ်တစ်ခုရှိတယ်ဆိုတာတော့ ငြင်းမရတဲ့ အချက်ပဲ ဖြစ်ပါတယ်။

၃။ Idris Elba
အင်္ဂလိပ်သရုပ်ဆောင်နဲ့ DJ ဖြစ်တဲ့ Idris Elba ဟာ အသက် ၄၆ နှစ်ရှိနေပေမယ့် ညှို့အားပြင်းနေဆဲ ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ မွေးဖွားတဲ့ ဒီလူကြီးဟာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး လူ ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

၂။ Jeon Jung-kook
သူလေးဟာလည်း BTS အဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အသက် ၂၁ နှစ်ရှိပြီ ဖြစ်တဲ့သူဟာ BTS နဲ့ အတူ အောင်မြင်မှုတွေ ရရှိခဲ့သလို သူ့ကိုမှ သူ့ကို သည်းသည်းလှုပ်ချစ်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

၁။ Jason Momoa
နံပါတ် ၁ နေရာမှာတော့ ရေဘုရင်ကြီး Jason Momoa လာပါပြီဗျာ။ ထွားကြိုင်းတဲ့ ခန္ဓာကိုယ်နဲ့ သဘောကောင်းတဲ့ ရုပ်ရည်ရှိတဲ့ ရေဘုရင်ကြီးဟာ လက်ရှိ အသက် ၃၉ နှစ်ရှိပြီ ဖြစ်ပါတယ်။ မွေးနေ့က ၁၉၇၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ဖြစ်ပြီး အမျိုးသားတွေထဲမှာ နံပါတ် ၁ နေရာကို မိန့်မိန့်ပြုံးပြုံးကြီး ရရှိထားတာ ဖြစ်ပါတယ်။

ကဲ … ဒီအမျိုးသား ၁၀ ဦးထဲမှာ ဘယ်သူကတော့ ကိုယ်နဲ့ အကြိုက်တူတယ်၊ ဘယ်သူကတော့ ကိုယ့်အကြိုက်မဟုတ်ဘူးဆိုတာလေး ပြောသွားပေးပါဦး။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle