PUBG Mobile Club Open Spring Split 2020 ပြိုင်ပွဲအတွက် ဆုကြေးငွေ ဒေါ်လာ ၁ သန်း အသုံးပြုသွားမယ့် Tencent

PUBG Mobile Club Open Spring Split 2020 ပြိုင်ပွဲအတွက် ဆုကြေးငွေ ဒေါ်လာ ၁ သန်း အသုံးပြုသွားမယ့် Tencent

Tencent Gaming အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲတွေ အတွက် ဆုကြေးငွေ ဒေါ်လာ ၅ သန်းခန့် အသုံးပြုသွားမှာ ဖြစ်ကြောင်းကို ပြီးခဲ့တဲ့ လပိုင်းခန့်က တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။ ယခုအခါမှာတော့ ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး PUBG Mobile ပြိုင်ပွဲ ဖြစ်လာမယ့် PMCO Spring Split ပြိုင်ပွဲကြီးကို ကျင်းပသွားမယ့် နေ့ရက်နဲ့ ဆုကြေးငွေကို တရားဝင် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

PMCO Spring Split ပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင် ကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁ သန်းခန့် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ PMCO Spring Split ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်တယ် ဆိုရင်တော့ ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ စာရင်းပေးနိုင်မှာ ဖြစ်ပါတယ်။

PMCO Spring Split ပြိုင်ပွဲကြီးရဲ့ ဒေသတွင်း လက်ရည်စစ်ပွဲတွေကို ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဒေသတွင်း အုပ်စုအဆင့် ပွဲစဉ်များနဲ့ ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်များကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း ဖိုင်နယ် အဆင့် ပြိုင်ပွဲများကို မတ်လ ၂၀၂၀ ခုနှစ်မှာ ကျင်းပသွားမှာ ဖြစ်ပြီး World League ပြိုင်ပွဲကြီးကိုတော့ ၂၀၂၀ ခုနှစ် မေလမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

PMCO Spring Split 2020 ပြိုင်ပွဲကို ယခင်နှစ်က ပုံစံအတိုင်း ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမားတွေ အနေနဲ့ Erangel, Miramar, Sanhok, Vikendi စတဲ့ မြေပုံလေးခုမှာ Third-Person Perspective (TPP) Format ဖြင့် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

PMCO Spring Split 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားမယ့် ဒေသတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Latin America (LATAM)
  • Europe
  • The Middle East and Africa
  • South Asia
  • Wildcard
  • SEA Wildcard
  • North America
  • Brazil
  • Turkey
  • CIS
  • Germany
  • Iraq
  • Saudi Arabia
  • India
  • Pakistan

တကယ်လို့ သင့်အနေနဲ့ နိုင်ငံတကာ PUBG စင်မြင့်ထက်မှာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား တစ်ဦးအဖြစ် ကိုယ်ပိုင် အစွမ်းအစတွေကို ထုတ်ပြသွားဖို့ စိတ်ကူးထားတယ် ဆိုရင်တော့ PMCO Spring Split 2020 ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် အမြန်ဆုံး Register ပြုလုပ်လိုက်ဖို့ အကြံပေးလိုက်ရပါရစေ။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle