ခရီးသွားရင်း နားထောင်ဖို့ အကောင်းဆုံး သီချင်းဟောင်းလေးများ

ခရီးသွားရင်း နားထောင်ဖို့ အကောင်းဆုံး သီချင်းဟောင်းလေးများ

ယူတို့တော့ မသိဘူး။ ကိုယ်ကတော့ ခရီးသွားရင်း ကားပေါ်မှာ သီချင်းနားထောင်ရတာကို အရမ်းကြိုက်တာပဲ။ ကားပေါ်ရောက်ပြီး နည်းနည်းလေး ဘီးလှိမ့်ပြီးတာနဲ့ နားကြပ်လေးတပ်၊ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အမှောင်ထုထဲကို ငေးကြည့်ရင်း သက်သောင့်သက်သာလေး သီချင်းနားထောင်သွားရတာဟာ ကိုယ့်မြို့ကိုယ့်ရွာမှာ ရှိနေတဲ့ စိတ်ဖိစီးမှု၊ အဆင်မပြေမှုတွေအားလုံးကို မေ့ပြီး စိတ်ဓာတ်တက်ကြွပျော်ရွှင်စေပါတယ်။ ဒါကြောင့်လည်း ခရီးသွားခါနီးပြီဆို အသစ်တွေရော၊ အဟောင်းတွေထဲကရော သီချင်းတွေရွေးထည့်ပြီး Playlist လုပ်ထားရတာကလည်း အမောပါ။ အခရာပရိသတ်ကြီးတွေထဲမှာလည်း ခရီးသွားမယ့်လူတွေရှိမှာပဲဆိုတော့ ခရီးသွားရင် ဘယ်လိုသီချင်းတွေက မပါမဖြစ် နားထောင်သင့်တာလဲဆိုတာ သိရအောင်၊ ပြီးရင် ကိုယ့်လိုမျိုး တစ်ပုဒ်ပြီးတစ်ပုဒ် စဉ်းစားလိုက်၊ နားထောင်လိုက်နဲ့ ရွေးမနေရအောင် ကိုယ့်ရဲ့ Playlist ကို ဖွင့်ချပြီး ကူညီပါရစေနော်။

ထာဝရခရီးသည် (ထူးအယ်လင်း)

ထာဝရခရီးသည် သီချင်းလေးဟာ တေးရေး မြင့်မိုရ်အောင် ရေးသားခဲ့ပြီး ထူးအယ်လင်း သီဆိုခဲ့ပါတယ်။ ပထမဦးဆုံး “လွင်မိုး ခရီးသွားနေသည်” အစီအစဉ်မှာ စတင်ထည့်သွင်းသီဆိုထားတာ ကြားဖူးတာပါ။ ဒါပေမယ့် ခရီးသွားတဲ့သူတွေအတွက် အရမ်းကို Motivation ဖြစ်စေပြီး သီချင်းလေးကြားတာနဲ့ တခြားနေရာကို ခရီးထွက်လိုက်ရသလို၊ အသစ်အသစ်တွေကို မြင်တွေ့လိုက်ရသလို စိတ်ကိုလန်းဆန်းပြီး တက်ကြွသွားစေပါတယ်။

နယ်မြေသစ်များစွာ (အငဲ)

နောက်တစ်ပုဒ်ကိုလည်း တေးရေး မြင့်မိုရ်အောင် ရေးသားထားတာလေးကိုပဲ ရွေးချယ်ပေးပါရစေ။ အငဲ သီဆိုထားတဲ့ နယ်မြေသစ်များစွာ သီချင်းလေးပဲဖြစ်ပါတယ်။ တခြားလူတွေကတော့ ဘယ်လိုအဓိပ္ပာယ်ကောက်လဲမသိပေမယ့် “နယ်မြေသစ်များစွာ ရှေ့မှာ အတူစွန့်စားကြစို့ မင်းနဲ့ငါ” လို့ ကြားလိုက်တိုင်း ကိုယ် မရောက်ဖူးတဲ့နေရာသစ်တစ်ခုကို သွားရောက်လည်ပတ်ဖို့ပဲ မျက်လုံးထဲ ပြေးမြင်မိပါတယ်။ ချစ်သူလေးနဲ့ ခရီးထွက်ရင် နားထောင်လို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။

ငါတို့ခရီး (အငဲ၊ လေးဖြူ၊ မျိုးကြီး)

IC ရဲ့ နောက်တစ်ပုဒ် ထပ်ရွေးထားတာရှိပါသေးတယ်။ အဲဒါကတော့ အငဲရေးထားတဲ့ သီချင်းလေးပါပဲ။ ခရီးသွားဖို့ တိုက်တွန်းထားတဲ့သီချင်းလေး ကွတ်တိပါပဲ။ သီချင်းလေး တအေးအေးနဲ့ ကားလေးစီးပြီး ခရီးသွားတဲ့အချိန် ဒီသီချင်းကို ချန်ထားခဲ့လို့ မဖြစ်နိုင်ပါဘူးနော်။ ကဲ အပေါင်းအသင်းတွေ ခရီးထွက်စို့။

အိပ်မက်လှေ (ဝိုင်းစုခိုင်သိန်း)

ချစ်သူနဲ့ ကမ်းခြေကို ခရီးထွက်ဖို့ စဉ်းစားနေပြီဆိုရင်တော့ ဒီသီချင်းလေးဟာ ယူတို့ရဲ့ ခရီးလေးကို ပိုပြီး ပြည့်စုံသွားအောင် စွမ်းဆောင်နိုင်ပါတယ်နော်။ ဝိုင်းစုခိုင်သိန်း သီဆိုထားတဲ့ ဒီသီချင်းလေးဟာ ကမ်းခြေမှာ အပြတ်ကဲဖို့ ရည်ရွယ်ထားတဲ့ ယူတို့အတွက်ပါပဲ။ ခရီးသွားရင် နားထောင်ရမယ့် Playlist ထဲမှာ မထည့်မဖြစ် ထည့်ထားရမယ့် သီချင်းတစ်ပုဒ်ပါ။

သဘာဝရဲ့ ရင်သွေးငယ်တွေ (စိုင်းထီးဆိုင်)

ဒီသီချင်းလေးဟာ တေးရေး စိုင်းခမ်းလိတ် ရေးသားထားပြီးတော့ မူရင်းအဆိုရှင်ကတော့ စိုင်းထီးဆိုင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ခရီးသွားရင်း နားထောင်မှာဆိုတော့ နည်းနည်းမြူးတဲ့ ဆောင်းဦးလှိုင်နဲ့အဖွဲ့ သီဆိုထားပုံလေးကို ထည့်ပေးလိုက်ပါတယ်။ တစ်ခါတလေ ကိုယ်တွေလည်း သဘာဝကို ခိုလှုံချင်တယ်။ ကားတွေကြပ်ပြီး ရုန်းကန်နေရတဲ့ မြို့ပြကို ကျောခိုင်းထားချင်ပြီးတော့ နယ်မြို့လေးရဲ့ အငွေ့အသက်တွေနဲ့ ထာဝရငြိမ်းချမ်းမှုရှာချင်တာပါပဲ။ အဲဒီအတွက် ခရီးသွားပြီဆိုရင် ဒီသီချင်းလေးကို နားထောင်နော်။

ခရီးသွားမီးခိုးတန်းများ (ဇော်ဝင်းထွဋ်၊ ဆုန်သင်းပါရ်)

ဒီသီချင်းလေးဟာ Old Song လေး ဖြစ်ပေမယ့် အခုထိ ချစ်စရာကောင်းနေတုန်းပါပဲ။ တေးရေး သုခမိန်လှိုင်က ရေးစပ်ထားပြီးတော့ ခရီးသွားရင် နားထောင်လို့ အရမ်း အရမ်းကောင်းတာပါ။ တကယ်ကို ခရီးသွားရင်းနဲ့ ဘယ်လိုတွေများ ပျော်ရမလဲဆိုပြီး ကားပေါ်မှာ တွေးပျော်နေရတဲ့အထိပါပဲ။

ကဲ ဟုတ်တော့ ဟုတ်နေပါပြီ။  အခုချက်ချင်းပဲ အထုတ်ပြင်ပြီး ခရီးသွားချင်စိတ် ပေါ်လာပြီလားတောင် မသိဘူးနော်။ ခရီးသွားရင် ကားပေါ်မှကျတော့ တဒုန်းဒုန်းတဒိုင်းဒိုင်း ခေတ်ပေါ်သီချင်းတွေထက် နားမထောင်ဖြစ်တာကြာပြီဖြစ်တဲ့ သီချင်းအဟောင်း ငြိမ့်ငြိမ့်လေးတွေက ပိုပြီး မိုက်ပါတယ်။ တချို့စာသားလေးတွေကျတော့လည်း မှတ်ထားပြီး Facebook မှာ ဓာတ်ပုံလေးတွေတင်တဲ့အခါ Caption အနေနဲ့ သုံးလို့ရသေးတယ်။ ဟဲဟဲ … အကြံမပိုင်ဘူးလား။ ဒီတော့ ခရီးသွားပါ။ သီချင်းနားထောင်ပါ။ ဘောင်တွေထဲမှာပဲ တချိန်လုံးမနေဘဲ မကြာခဏ အဝေးကို ထွက်ပြေးပါလို့ အကြံပေးချင်ပါတယ်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle