Annabelle က Annabelle မဟုတ်ဘူး Annabelle ဆိုတာမရှိဘူး

Annabelle က Annabelle မဟုတ်ဘူး Annabelle ဆိုတာမရှိဘူး

Piki & A Million Thoughts
Annabelle ရုပ်ရှင်ကို သရဲကားကြိုက်တဲ့သူတိုင်းကြည့်ဖူးကြမှာပါ။ ၂ဝ၁၄ မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Annabelle ရုပ်ရှင်က ဟောလိဝုဒ် Horror Movie လောကမှာ အရမ်းကိုရေပန်းစားခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလို့ပြောရင်မမှားပါဘူး။ The Conjuring ထွက်တဲ့ ၂ဝ၁၃ ခုနှစ်ထဲက ဇာတ်လမ်းအစမှာပါတဲ့ Annabelle လို့အမည်ရတဲ့ အရုပ်သရဲမလေးအကြောင်းကို လူတိုင်းကသိချင်ခဲ့ကြတယ်။

ဒါနဲ့ ၂ဝ၁၄ လည်းရောက်ရော Annabelle ဆိုတဲ့ သရဲကားကထွက်လာရောပေါ့။ ဒါပေမယ့် Annabelle ရုပ်ရှင်က ဖြစ်ရပ်မှန်နဲ့လုံးဝကို ကွဲထွက်နေခဲ့ပါတယ်။ ၂ဝ၁၄ မှာထွက်တဲ့ Annabelle ဇာတ်ကားမှာ အရုပ်စုတတ်တဲ့မိန်းမကို ယောကျာ်းက နောင်တစ်ချိန်မှာ Annabelle ဖြစ်လာမယ့်အရုပ်လေးလက်ဆောင်ပေးခဲ့တယ်လေ။ နောက်တော့သူတို့အိမ်ကို Satanic Cult ထဲက စုံတွဲနှစ်ယောက်ကျူးကျော်ဝင်လာပြီး မိန်းမကိုရန်မူလို့ ယောကျ်ားက ကာကွယ်ပေးရင်းနဲ့ Cult ထဲက စုံတွဲနှစ်ယောက်လည်း သေသွားကြတယ်။ ဒါပေမယ့်အဲဒီစုံတွဲထဲက အမျိုးသမီးဖြစ်တဲ့သူရဲ့ နာမည်က Annabelle Higgins ဖြစ်ပြီးတော့ သူသေတဲ့အချိန်မှာ အရုပ်ထဲကိုသွေးတွေစီးဝင်သွားခဲ့တယ်။ အဲဒီကနေစပြီးတော့ ဒီအရုပ်က လင်မယားနှစ်ယောက်ထဲက အမျိုးသမီးဖြစ်တဲ့ Mia ကို စပြီးအနှောင့်အယှက်ပေးတော့တာပဲ။ ဒီတော့ပရိသတ်တွေထင်ခဲ့တာက လက်ဆောင်အဖြစ်ဝယ်ပေးတဲ့အရုပ်က Annabelle ဆိုတဲ့အမျိုးသမီးသွေးဝင်သွားလို့ Annabelle ဖြစ်သွားတယ်လို့ပေါ့။

တကယ့် Annabelle ဖြစ်ရပ်မှန်အစစ်က အဲဒီလိုမဟုတ်ပါဘူး။ အပြင်လောကမှာရှိတဲ့ Annabelle အရုပ်ဆိုတာက ဆံပင်အနီရောင်လေးနဲ့ ကြယ်သီးနဲ့လုပ်ထားတဲ့ မျက်လုံးလေးတွေနဲ့ ချစ်စရာ Raggedy Ann အရုပ်လေး။ တစ်နေ့မှာ အမျိုးသမီးတစ်ယောက်က သူ့ရဲ့သမီးဖြစ်တဲ့သူနာပြုဆရာမလေးကို လက်ဆောင်ပေးမလို့ဆိုပြီး အဲဒီအရုပ်လေးကို ဝယ်သွားပေးတယ်။ သမီးဖြစ်တဲ့သူနာပြုမလေးက အရုပ်လေးရလို့ပျော်နေခဲ့ပေမယ့် နောက်ပိုင်းမှာအရုပ်က နေရာကနေရွေ့သွားတာ ၊ လက်တွေခြေတွေလုပ်လာတာတွေ့လို့ Medium တစ်ခုခေါ်ပြီး ဝိညာဉ်နဲ့စကားပြောဖို့ အစီအစဉ်လုပ်ခဲ့တယ်။ Medium ကနေသိရတာက Annabelle Higgins ဆိုတဲ့ ကလေးမလေးတစ်ယောက်က သူတို့နေတဲ့တိုက်ခန်းဆောက်တဲ့နေရာမှာပဲ သေသွားခဲ့တာဖြစ်ပြီးတော့ ဒီသရဲမလေးက Raggedy Ann အရုပ်လေးကို သဘောကျလို့ ဒီအရုပ်လေးထဲမှာနေချင်တယ်တဲ့။ ဒါကြောင့်သူ့ကိုနေခွင့်ပြုပါလို့ ပြောခဲ့တယ်။ ဒါနဲ့သူနာပြုဆရာမဆိုတဲ့အတိုင်း ကလေးတွေချစ်တတ်တာကြောင့် အရုပ်ထဲမှာ သရဲမလေး Annabelle ကိုနေဖို့ခွင့်ပြုပေးခဲ့တယ်။ ။ ပြဿနာက အဲဒီကနေစတာပေါ့။ နောက်ပိုင်းမှာ အဲဒီ Annabelle အရုပ်လေးက သူနာပြုဆရာမလေးနဲ့သူ့အခန်းဖော်ကို စိတ်ခြောက်ခြားအောင်လုပ်တယ်။ ထားခဲ့တဲ့နေရာမှာမဟုတ်ဘဲ တခြားနေရာတွေရောက်နေပြီးတော့ ကလေးလက်ရေးနဲ့ရေးထားတဲ့ စာတွေလည်းချန်ထားခဲ့တယ်။ အခြေအနေအဆိုးဆုံးဖြစ်သွားတာက Lou ဆိုတဲ့ သူတို့သူငယ်ချင်းကောင်လေးရဲ့ ရင်ဖက်မှာ ကုတ်ရာ ၇ ချက်ပေါ်အောင်ကို Annabelle က ကုတ်ပစ်လိုက်တာပဲ။

ဒါနဲ့သူနာပြုဆရာမလေးနဲ့သူငယ်ချင်းတွေက ကြောက်လန့်လို့ ဘုန်းတော်ကြီးကိုပင့်ကြတယ်။ ဒီမှာ ဘုန်းကြီးကလည်း သူမနိုင်တဲ့ကိစ္စမို့လို့ ဒီအပိုင်းမှာကျွမ်းကျင်တဲ့ Ed နဲ့ Lorraine Warren တို့နှစ်ယောက်ကို ခေါ်လိုက်တယ်။ နောက်ပိုင်း Ed နဲ့ Lorraine တို့က အဖြစ်အပျက်တွေကိုကြည့်ပြီး သုံးသပ်ခဲ့တာက Annabelle ဆိုတဲ့သရဲမလေးဆိုတာ ဘယ်တော့မှမရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဝိညာဉ်တွေဆိုတာဝင်ပူးလို့မရတာကြောင့်ဖြစ်တယ်တဲ့။ ဝိညာဉ်တွေဆိုတာ ပစ္စည်းတွေမှာ တွယ်ကပ်နေနိုင်လောက်တဲ့အထိ စွမ်းအားမရှိကြဘူးပေါ့။ တကယ်ကသူနာပြုမလေးရဲ့ခန္ဓာကိုယ်ထဲကို ဝင်ချင်တဲ့ (Inhumane Demonic Spirit) မကောင်းဆိုးဝါးက Annabelle ဆိုတဲ့ကလေးမလေးရှိတယ်လို့ လေ ျှာက်ပြောပြီးတော့ သူနာပြုမလေးတွေသနားပြီး အရုပ်ထဲဝင်ခွင့်ပေးအောင်လုပ်တာဖြစ်တယ်။ သူ့ရဲ့အစီအစဉ်က အရုပ်ထဲဝင်လို့ရတာနဲ့ နည်းမျိုးစုံနဲ့ခြောက်မယ် ၊ အန္တရာယ်ပေးမယ်။ နောက်ဆုံးမှာ လူရဲ့အသက်ဝိညာဉ်ကို နှုတ်ယူလိုက်ပြီး ခန္ဓာကိုယ်ကိုအပိုင်စီးလိုက်ဖို့ပဲဖြစ်တယ်။

Ed နဲ့ Lorraine က နောက်ပိုင်းမှာအရုပ်ကို Warren’s Occult Museum မှာ ဖန်ဗီရိုထဲကိုထည့်ပြီးတော့ သော့ခတ်ပြီး သိမ်းထားခဲ့ရတယ်။ ဒီအရုပ်ကိုအိမ်ပြန်သယ်သွားတဲ့လမ်းမှာလည်း အရုပ်လုပ်လို့ ကားဘရိတ်တွေချော်တာတွေ ၊ ကားတိုက်မှုဖြစ်ခါနီးတွေဖြစ်တာကြောင့် ကားနောက်ခန်းကအရုပ်ကို ပရိတ်ရေနဲ့ပတ်ရတဲ့အဆင့်ထိ ရောက်တယ်တဲ့။ အခုဆိုရင် အရုပ်ထည့်ထားတဲ့ဗီရိုကို မထိမကိုင်ဖို့သတိပေးစာတွေကပ်ထားရပြီး Warren’s Occult Museum မှာ ပြသထားတယ်။ ဒီအရုပ်ကို မခန့်လေးစားနဲ့ပြောဆိုမိတဲ့သူတွေလည်း သေဘေးနဲ့ကြုံရတဲ့အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်။ တစ်ယောက်က ဆိုင်ကယ်မှောက်လို့သေတယ်။ နောက်တစ်ယောက်က  ကားတိုက်မှုဖြစ်တယ်။ ပြောရရင် ဒီအရုပ်ကိုယ်တိုင်ကိုက သရဲမဟုတ်ပါဘူး။ ကိုယ်တွေအနေနဲ့နားလည်အောင်ကြည့်မယ်ဆိုရင် ဒီအရုပ်က ခိုက်နေတဲ့ပစ္စည်းတစ်ခုပေါ့။ မကောင်းတဲ့ပရလောက က မိစ္ဆာတွေ လူတွေကိုလှည့်စားဖို့အတွက် ကြားခံအနေနဲ့သုံးတဲ့ပစ္စည်းလိုပဲ။ ဒါကြောင့်မို့လို့ ဒီအရုပ်ကိုဖျက်ဆီးလို့လည်းမရဘူး။ သူ့ကိုဖျက်ဆီးလိုက်လည်း မိစ္ဆာကသေသွားမှာမဟုတ်ဘူးလေ။ တခြားကြားခံတွေနဲ့ အမြဲပြန်လာလို့ရတာပဲ။ ကိုယ်တွေးမိတာကိုပြောပါတယ်။ ဒါကြောင့်မို့လို့သော့ခတ်ပြီးတော့ပဲ သိမ်းထားရတာပေါ့။

ဒီတော့ Annabelle ဆိုတဲ့သရဲကားက သေဆုံးသွားတဲ့သရဲမလေး Annabelle ရဲ့ ဝိညာဉ်ဝင်ပူးတဲ့အရုပ်က သရဲခြောက်တာမဟုတ်ဘဲ အရုပ်မှာတွယ်ကပ်နေတဲ့ မကောင်းဆိုးဝါးဝိညာဉ်က လူခန္ဓာကိုယ်ကို အပိုင်စီးချင်လို့ လှည့်ဖျားနေတာဖြစ်တယ်ပေါ့နော်။ ဒီမကောင်းဆိုးဝါးမှာ နာမည်ရှိတယ်လို့လည်း ဘယ်မှာမှရှာဖတ်လို့မရလို့ ဒီအရုပ်ကို Annabelle လို့ပဲ ဆက်ခေါ်နေရတော့မှာပေါ့နော်။ အမှန်အတိုင်းပြောရရင် အခုပြောခဲ့တာတွေအားလုံးကို သိနေပြီးသားလူတွေလည်း ပရိသတ်တွေထဲမှာ ရှိနေပြီးသားဆိုတာ ဟောဒီကကိုယ်က သိပါတယ်။ ဒါပေမယ့် Annabelle ဆိုတာအပြင်မှာ တကယ်မရှိပါဘူးလို့ ကိုယ့်ဟာကိုယ်တွေးလိုက်တယ်ကွယ်။ ဒါကြောင့် နောက်ထွက်မယ့် Annabelle Coming Home ကို သွားမကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ (ဝါးဟားဟားဟား)

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle