အပေါစားဆန်တဲ့ပုံစံမျိုးကို ဖြစ်သွားစေနိုင်တဲ့ မှားယွင်းတဲ့ ဝတ်စားဆင်ယင်မှုပုံစံများ

အပေါစားဆန်တဲ့ပုံစံမျိုးကို ဖြစ်သွားစေနိုင်တဲ့ မှားယွင်းတဲ့ ဝတ်စားဆင်ယင်မှုပုံစံများ

ယနေ့ခေတ်မှာ လူတွေဟာ ဖက်ရှင်ကို အရေးပါမှန်းသိလာတဲ့အခါ ဖက်ရှင်ကျနိုင်မယ့် အဝတ်အစားတွေကို ရှာဖွေပြီး ဝတ်ဆင်လာကြပါတယ်။ ဖက်ရှင်ကျချင်လို့ အဝတ်အစားတွေကို ရှာဖွေပြီး ဝယ်ဝတ်ကြတဲ့အခါမျိုးမှာ ကွဲပြားတဲ့ စတိုင်လ်အမျိုးမျိုးကို ရွေးချယ်ပြီး ဝတ်ဆင်လို့ရပေမယ့် စတိုင်လ်ကျချင်ဇောအားကြီးပြီး ဈေးပေါတယ်လို့ထင်ရတဲ့ ပုံစံမျိုးကိုတော့ ရွေးဝတ်မိတာမျိုး မဖြစ်သင့်ပါဘူးနော်။ မှားယွင်းရွေးချယ်ဝယ်မိလို့ လူပုံအလယ်မှာ အရှက်ကွဲပြီး အဆင့်အတန်းကျဆင်းတာမျိုး မဖြစ်ရလေအောင် ဘယ်လိုဝတ်စားဆင်ယင်မှုပုံစံမျိုးတွေက ဈေးပေါတဲ့ ပုံစံမျိုးပေါက်စေလဲဆိုတာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

တလက်လက်တွေပါတဲ့ အဝတ်အစားမျိုးတွေ
တလက်လက်ဖြစ်တဲ့ စီးကွင့်တွေနဲ့ စိန်အတုတွေပါတဲ့ အဝတ်အစားတွေက ပွဲအခမ်းအနားတွေနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေ ဖြစ်တာမှန်ပေမယ့်လည်း နေ့စဉ်နေ့တိုင်း ဝတ်ဆင်တဲ့အခါမှာ ကျောက်မျက်ရတနာတွေကို နားလည်ကျွမ်းကျင်သူတွေက အကဲခတ်မိပြီး အတုတွေနဲ့ ကြွားဝါနေတယ်ဆိုပြီး ထင်မြင်သွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဝတ်အစားနဲ့ တောက်ပြောင်ဖို့ ကြိုးစားတာထက် ကိုယ်ရည်ကိုယ်သွေးနဲ့ပဲ တောက်ပြောင်နိုင်အောင် ကြိုးစားတာကလည်း ရေရှည်အတွက် ပိုကောင်းပါတယ်နော်။

နာမည်ကြီးပစ္စည်းတွေကိုအတုခိုးထားတဲ့ပစ္စည်းတွေ
ထုတ်လုပ်သူတွေကတော့ ဒီပစ္စည်းတွေကို “Replica” လို့ ခေါ်ကြပေမယ့် သေချာတာကတော့ ဒီပစ္စည်းတွေဟာ မူရင်းပစ္စည်းတွေလည်းမဟုတ်သလို မူရင်းပစ္စည်းတွေလောက်လည်း ကွာလတီ မကောင်းပါဘူး။ လျှော့ဈေးဆိုင်က ကွာလတီကျနေတဲ့ ပစ္စည်းတွေဟာ ကမ္ဘာနဲ့အဝှမ်းကျော်ကြားနေတဲ့ ဒီဇိုင်နာတွေထုတ်တဲ့ ပစ္စည်းတွေနဲ့တော့ တူမှာမဟုတ်တာ သေချာပါတယ်နော်။ ဒါ့အပြင် ဒီလိုတစ်ပုံစံတည်းတူတဲ့ ပုံစံတုတွေကို ကိုင်လိုက်ခြင်းဟာ ဖက်ရှင်မကျစေသလို အရည်အသွေးမကောင်းတဲ့အတွက် အခန့်မသင့်ရင် လူပုံအလယ်မှာ အရှက်ကွဲတာမျိုးတောင် ဖြစ်နိုင်ပါသေးတယ်။

လိုက်ဖက်မှုမရှိတာတွေတွဲဖက်ဝတ်ဆင်ခြင်း
ထင်းနေတဲ့ အစက်အပြောက်တွေပါတဲ့ အဝတ်အစားနဲ့ အစင်းကြားတွေကို တွဲဖက်ဝတ်ရင် လိုက်ဖက်တယ်လို့ ထင်ပါသလား။ ဘယ်လိုမှ မလိုက်ဖက်တဲ့အပြင် အပေါစားဆန်သွားစေနိုင်ပါတယ်။ အစင်းကြားဝတ်ချင်ရင် အစင်းကြားနဲ့ ပြောင်ကိုပဲ တွဲဝတ်တာမျိုး၊ ပန်းပွင့်ဆို ပန်းပွင့်ချည်းပဲပါတဲ့ အဆင်မျိုးကို ရွေးဝတ်တာမျိုးနဲ့ ဖက်ရှင်ကျတဲ့သူဖြစ်အောင် ဖန်တီးယူလို့ ရပါတယ်။

အဖြူရောင်ဖိနပ်တွေပဲ ဝတ်ဆင်ခြင်း
အခုပြောပြမယ့်အချက်က အသားအရောင် ခွဲခြားမှုအကြောင်းမဟုတ်ဘဲ အရောင်ခွဲခြားမှုအကြောင်းပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ အဖြူရောင် Sneaker တွေနဲ့ အားကစားဖိနပ်တွေကိုသာ လူကြိုက်နည်းလာရုံတင်မကဘဲ အဖြူရောင်ရှုးတွေကိုလည်း တဖြည်းဖြည်းနဲ့ လူကြိုက်နည်းလာကြပါပြီ။ သတို့သမီးတွေကတောင် မင်္ဂလာဆောင်မှာ အဖြူရောင်ဖိနပ်တွေကို ရွေးမဝတ်ကြတော့ဘဲ တခြားအရောင်ကွဲလေးတွေကို ဝတ်ဆင်လာကြပါတယ်။ ဒါကြောင့်မို့ အဖြူရောင်ဖိနပ်တွေကို နေ့စဉ်ဝတ်ဆင်တာကလည်း ဖက်ရှင်မကျစေပါဘူးနော်။ ပွဲအခမ်းအနားတွေအတွက် ဖိနပ်ကိုရွေးချယ်မယ်ဆိုရင် အကောင်းဆုံးကတော့ အဖြူရောင်ကို မရွေးချယ်သင့်ဘဲ Nude အရောင်လေးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Nude အရောင်ဖိနပ်လေးတွေဟာ အဝတ်ဗီရိုတွေထဲက ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဒီအရောင်လေးကို ဝတ်ဆင်လိုက်ရင် ရုပ်ရည်ကိုလည်း ပိုပြီးကျော့ရှင်းသွားစေသလို ကျက်သရေလည်း ပိုရှိသွားစေပါတယ်။

ဈေးကြီးတာကိုမှဝယ်နိုင်ရင်ဝယ် မဟုတ်ရင်မဝယ်ပါနဲ့
တချို့အဝတ်အစားတွေက ဈေးပေါပေမယ့် ဈေးကြီးတဲ့ပုံတွေ ပေါက်နေတတ်ပါတယ်။ ဒါပေမယ့် ကွာလတီကောင်းမကောင်းကတော့ ပြုလုပ်ထားတဲ့ အထည်သားပေါ်မှာ အများကြီးမူတည်ပါတယ်။ အဝတ်အစားတွေ ဝယ်တဲ့အခါမှာ စည်းမျဉ်းတစ်ခုရှိပါတယ်။ အဲ့ဒီစည်းမျည်းလေးကို ပရိသတ်ကြီးတွေလည်း ထားဖူးကြမှာပါ။ ဘာစည်းမျဉ်းလေးလဲဆိုတော့ ကွာလတီကောင်းတဲ့ အဝတ်အစားတွေကို ဝယ်ဖို့မတတ်နိုင်ရင် လုံးဝမဝယ်တာက ပိုကောင်းပါတယ် ဆင်တူတာမျိုးကိုတော့ လုံးဝ ဝယ်မဝယ်ပါနဲ့။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဇာလိုမျိုး အဝတ်အစားတွေပါ။ ဘာကြောင့်လဲဆိုတော့ ကွာလတီမကောင်းတဲ့ ဇာနဲ့လုပ်ထားတဲ့ အဝတ်အစားတွေကို ဝယ်မိရင် နှစ်ခါသုံးခါလျှော်လိုက်တာနဲ့တင် ပေါက်ပြဲသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရည်အသွေးမကောင်းတဲ့ ဇာမျိုူးကို ဝတ်ဆင်မိရင် ဝတ်ဆင်ရင်းနဲ့ ပေါက်ပြဲသွားတာမျိုးတွေလည်း ဖြစ်တတ်တာကြောင့် ဝတ်ဆင်တဲ့သူရဲ့ အဆင့်အတန်းကို ကျဆင်းကာ အပေါစားနိုင်သွားစေနိုင်ပါတယ်။

သက်သောင့်သက်သာမရှိတဲ့ဖိနပ်ကိုစီးခြင်း
ဒေါက်ဖိနပ်တွေဟာ စီးလိုက်တဲ့လူကို ပိုလှစေပြီး မိန်းမဆန်စေတာ မှန်ပေမယ်လည်း ခြေထောက်ကို နာကျင်စေပြီး သက်သောင့်သက်သာမဖြစ်စေရင်တော့ လုံးဝမစီးတာ ပိုကောင်းပါတယ်။ ကျိတ်မှိတ်စီးမိရင် သက်သောင့်သက်သာမရှိတဲ့အတွက် ထော့နဲထော့နဲဖြစ်ကာ လမ်းလျှောက်တဲ့အခါမှ ကြည့်ရဆိုးနေပါလိမ့်မယ်။ အပေါစားမဆန်ဘဲနဲ့ ဖက်ရှင်ကျတယ်ဆိုတာ သက်သောင့်သက်သာရှိတဲ့ဖိနပ်ကိုစီးပြီး စမတ်ကျကျလမ်းလျှောက်နိုင်တာမျိုးကို ဆိုလိုတာမျိုးဖြစ်လို့ စီးကျင့်မရှိရင် အတင်းကြီး ဒေါက်ဖိနပ်စီးပြီး ရှိုးမထုတ်ပါနဲ့နော်။

ဒီအချက်လေးတွေကိုသာ သတိထားပြီး ဝတ်ဆင်လိုက်မယ်ဆိုရင် အပေါစားဆန်တဲ့ ဖက်ရှင်မျိုးကို ဝတ်မိတာမျိုး သိပ်ဖြစ်တော့မှာ မဟုတ်ပါဘူးနော်။ ဒါကြောင့်မို့ အဝတ်အစားဝတ်တဲ့အခါတိုင်းမှာ ဒီအချက်လေးတွေကို သတိပြုဝတ်စားဖို့ မမေ့ပါနဲ့နော်။

Reference and Photo Credit-brightside.me

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle