အမျိုးသားတွေ ဝတ်စားဆင်ယင်တဲ့အခါမှာ ရှောင်ရှားသင့်တဲ့ ဝတ်စားဆင်ယင်ပုံများ

အမျိုးသားတွေ ဝတ်စားဆင်ယင်တဲ့အခါမှာ ရှောင်ရှားသင့်တဲ့ ဝတ်စားဆင်ယင်ပုံများ

အမျိုးသားတွေဟာ အပြင်လေးဘာလေးသွားတဲ့အခါ ဘာမှမပြင်ဆင်ရင်တောင် အဝတ်အစားလေးတွေတော့ စမတ်ကျကျ သပ်သပ်ရပ်ရပ်လေးဖြစ်အောင်တော့ ဝတ်ဆင်တတ်ကြပါတယ်။ အဲ့ဒီလိုဝတ်စားဆင်ယင်ကြတဲ့အခါမှာ မသိလိုက်ဘဲ မှားယွင်းပြီး ဝတ်ဆင်မိတဲ့ အလွဲဖက်ရှင်လေးတွေကြောင့် လန်းရမယ့်အစား ဂွမ်းသွာတာမျိုူးတွေ ကြုံဖူးကြမှာပါ။ အဲဒီလိုဖက်ရှင်အမှားတွေကို ထပ်ခါထပ်ခါ ပြန်ဝတ်ဆင်မိတာမျိုး မဖြစ်စေဖို့ ဝတ်ဆင်တဲ့အခါမျိုးမှာ ဘယ်လိုဟာတွေကို ရှောင်ရှားပြီး ဝတ်ဆင်ရမလဲဆိုတာကို စုစည်းဖော်ပြပေးချင်ပါတယ်။

Pushed-up Shirt Sleeves
Pushes-up Shirt Sleeves တွေကို ဝတ်ထားရင် သေသေသပ်သပ်မရှိဘူး ရှုပ်ပွနေတယ်လို့ ထင်ရစေပါတယ်။အကယ်၍ ဝတ်မယ်ဆိုရင်လည်း သပ်ရပ်ကျော့ရှင်းနေတယ်လို့ ထင်ရအောင် လက်ကို သေသေချာချာလေး ခေါက်ပြီး ဝတ်ပေးပါ။

အိမ်တွင်း၊ရုံးတွင်းမှာနေကာမျက်မှန်ဝတ်ဆင်ခြင်း
နေကာမျက်မှန်ကို ဝတ်ဆင်မယ်ဆိုရင်လည်း ကိုယ်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒါအပြင် Accessories တွေကို ဝတ်ဆင်တဲ့အခါမှာလည်း လိုအပ်မှ ဝတ်ဆင်တာမျိုးက အကောင်းဆုံးပါပဲ။ နေမပူတဲ့ အိမ်အတွင်း၊အမိုးအတွင်းကို ရောက်နေတဲ့အခါမျိုးမှာ နေကာမျက်မှန် ဝတ်ရင် ရှိုးလိုက်တယ်လို့ လူတိုင်းထင်တာကို ခံရနိုင်ပါတယ်။

အကျီၤအောက်နားအစအရမ်းပွနေခြင်း
တော်တော်များများကတော့ အကျီၤအောက်နားအစကို ဘောင်းဘီတွေထဲကို ထိုးထည့်ပြီး ဝတ်ဆင်လေ့ရှိကြပါတယ်။ အဲဒီလိုဝတ်ဆင်တဲ့အခါမှာ အရေးကြီးတာက အောက်နားအစတွေဟာ အရမ်းကြီးပွနေတာမျိုး မဖြစ်သင့်ဘဲ ကွက်တိဖြစ်နေဖို့ကလည်း အရေးကြီးပါတယ်။

နာရီမဝတ်ခြင်း
ရိုးရှင်းတဲ့ Outfit လေးတွေကို ထူးခြားလာစေအောင် လုပ်ဆောင်ပေးနိုင်တာက Accessory လေးတွေပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေ စတိုင်ကျမိမိုက်စေဖု့ိအတွက် ရွေးချယ်သင့်တဲ့ Accessory ကတော့ နာရီပဲ ဖြစ်ပါတယ်။ကိုယ်နဲ့လိုက်ဖက်တဲ့ နာရီလေးတွေကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် ကိုယ်ရဲ့စတိုင်လ်ကို ပြုပြင်ပြောင်းလဲကြည့်လို့ ရပါတယ်။ အောက်မှာ ဘယ်လိုနာရီအမျိုးအစားတွေက ဘယ်လိုဝတ်စားဆင်ယင်ပုံနဲ့ လိုက်ဖက်လဲဆိုတာကို ပြထားပေးလို့ တစ်ချက်လောက်ကြည့်ကြည့်လိုက်ပါဦးနော်။

Sneaker တစ်မျိုးတည်းပဲဝတ်ဆင်ခြင်း
Sneaker လို ပြောလိုက်တာနဲ့ တောက်ပပြီး ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျစေတယ်ဆိုတာကိုတော့ ယုံမှားသံသယ ဖြစ်နေစရာ မလိုပါဘူးနော်။ အဲဒီလို ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဖြစ်စေလို့ နေ့စဉ်နဲ့အမျှ Sneaker ချည်းပဲ ဝတ်ဆင်နေတာမျိုးကတော့ ဖက်ရှင်ကျတဲ့သူ မဖြစ်စေပါဘူးနော်။ ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဖိနပ်မျိုူးကို ရွေးချယ်ဝတ်ဆင်တတ်မှသာ စတိုင်လ်ကျပြီး ဖက်ရှင်ကျသူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို ဘယ်လိုဖိနပ်တွေကို ဝတ်ဆင်ရမလဲဆိုတော့ အောက်ကပုံတွေကို ကြည့်ပြီး တစ်ချက်လောက် လေ့လာကြည့်လိုက်ပါဦးနော်။

ခြေအိတ်မဝတ်ခြင်း
ခြေအိတ်ဝတ်ထားတာကို မမြင်စေချင်လို့ ခြေအိတ်လုံးဝမဝတ်တာမျိုးတော့ မလုပ်သင့်ပါဘူးနော်။ ခြေအိတ်လုံးဝမဝတ်တာမျိုးလုပ်မယ့်အစား No-Shows Sock လေးတွေကိုတော့ ဝတ်ဆင်ပေးပါ။ ခြေအိတ်မဝတ်ထားရင် တစ်နေ့လုံး သက်သောင့်သက်သာမဖြစ်သလို အခန့်မသင့်ရင် ဖိနပ်ကြောင့် ခြေထောက်ကို ထိခိုက်ပျက်စီးတာမျိုးတောင် ဖြစ်နိုင်လို့ ဝတ်ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

ရှည်တဲ့တီရှပ်တွေဝတ်ဆင်ခြင်း
တစ်ခါတစ်ရံ ဒီလိုတီရှပ်တွေနဲ့ ဘောင်းဘီတွေကို တွဲဖက်ဝတ်ဆင်တာက စိတ်ဝင်စား နှစ်လိုဖွယ်ကောင်းပေမယ့် Hip-Hop Star တစ်ယောက်မဟုတ်ရင် ဒီလို တီရှပ်မျိုးတွေကို အမြဲလိုလို ဝတ်ဆင်တာမျိုး မလုပ်ဖို့ သတိပြုသင့်ပါတယ်။

အဖြူရောင်ခြေအိတ်တွေကိုပဲဝတ်ဆင်ခြင်း
အားကစားသမား မဟုတ်ဘူးဆိုရင်တော့ ခြေအိတ်အဖြူကို ရွေးချယ်ဝတ်ဆင်တာမျိုး မလုပ်သင့်ပါဘူး။ အဖြူကို ဝတ်ဆင်တာထက် ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ အရာကို ရွေးချယ်ဝတ်ဆင်တာက လူတွေရဲ့အမြင်အာရုံကို ပိုပြီး ဖမ်းစားနိုင်ကာ ထင်းခနဲနဲ့ မြင်သာစေပါတယ်။

ပွယောင်းယောင်းဘောင်းဘီကို ဝတ်ဆင်မိခြင်း
မိမိရဲ့ အထာကျနေတဲ့ စတိုင်လ်တွေကို သတ်လိုက်တဲ့ အဓိကအကြောင်းအရင်းကတော့ Oversized ဖြစ်ပြီး ပွယောင်းယောင်းဖြစ်တဲ့ ဘောင်းဘီတွေကို ဝတ်ဆင်မိခြင်းပါပဲ။ ဖိနပ်နဲ့ ပွယောင်းယောင်း ဘောင်းဘီတွေကို မဝတ်ဆင်တတ်ဘဲ တွဲဖက်ဝတ်ဆင်လိုက်ရင် လူကို ဂွမ်းသွားတဲ့ပုံစံမျိူး ဖြစ်သွားစေပါတယ်။ ဒါကြောင့်မို့ ပွယောင်းယောင်းဘောင်းဘီတွေကို ဝတ်ဆင်ရင် အရမ်းကြည့်ရမဆိုးအောင် အောက်နားလေးကို အနည်းငယ်ခေါက်ပြီး ဝတ်ဆင်ကြည့်ပါ။

အခုဖော်ပြပေးထားတဲ့ အချက်လေးတွေကို ဗဟုသုတအနေနဲ့ မှတ်သားထားမယ်ဆိုရင် မှားယွင်းတဲ့ ဖက်ရှင်တွေကို မဝတ်ဆင်မိတော့ဘဲ စမတ်ကျတဲ့သူအဖြစ်နဲ့ လူပုံအလယ်မှာ ထင်ပေါ်နေစေမှာ အသေအချာပါပဲ။

H.H(Akhayar)

Ref:Brightsideme