The Voice Myanmar Season-3စတင်

The Voice Myanmar Season-3စတင်

The Voice Myanmar သည် The Voice ၏ တရားဝင်ခွင့်ပြုချက်ဖြင့် MRTV-4 မှ ကြီးမှူးကျင်းပသော သီချင်းဆိုပြိုင်ပွဲဖြစ်ရာ ယခုနှစ်တွင်  SEASON-3  သို့ ရောက်ရှိခဲ့ပြီဖြစ်သည် ။ ယှဉ်ပြိုင်သူ ထောင်နှင့် ချီလျှောက်ထားခဲ့ပြီး ပြိုင်ပွဲဝင်များကို တေးရေး ဆရာ စောခူဆဲလ် ၊ Big Bag Band မှ ကိုရဲဇော်မျိုး နှင်ကိုဖြိုးမင်းနိုင်တို့က လူတွေ့စစ်ဆေး၍ Blind Audition အဆင့်အတွက် ပြိုင်ပွဲဝင် အယောက်(၁၀၀)ကို ရွေးချယ်ပေးခဲ့သည်။ အသက် ၁၆ နှစ်နှင့် အထက် မည်သူ မဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီး အဆင့်(၄)ဆင့်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ The Voice Myanmar Season-3 တွင် ဟန်ထူးလွင်(ကျားပေါက်)၊ ရန်ရန်ချမ်း ၊ နီနီခင်ဇော် နှင့် Rဇာနည် တို့က Coaches များအဖြစ် ပြန်လည်ပါဝင်ဆောင်ရွက်မည် ဖြစ်ပါတယ်။
The Voice Myanmar Season-3 ၏ ပထမအဆင့်ဖြစ်သည့် blind audition တွင် စင်ပေါ်၌ ပြိုင်ပွဲဝင်များ သည်  အသံတစ်ခုတည်းဖြင့် Coaches များနှစ်သက်လာအောင် သီဆိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ Coaches များက ထိုင်ခုံကို ကျောပေး ထိုင်နေလျက် ပြိုင်ပွဲဝင်သီဆိုသည့် အချိန် ၂မိနစ် အတွင်း မိမိသဘောကျ နှစ်သက်သည့် ပြိုင်ပွဲဝင်ကို ခုံလှည့်၍ ရွေးချယ်မည် ဖြစ်သည်။ Coach တစ်ဦး မှ ရွေးချယ်လိုက်သော ပြိုင်ပွဲဝင်မှာ ထို Coach ၏ အဖွဲ့ထဲသို့ အလိုအလျောက် ရောက်ရှိ သွားမည် ဖြစ်သည်။ အကယ်၍ ပြိုင်ပွဲဝင်အား Coach တစ်ဦးထက် ပို၍ရွေးချယ်ခဲ့ပါက ပြိုင်ပွဲဝင်၏ အဆုံးအဖြတ်သာ အဓိက ဖြစ်ပါတယ်။


ဒုတိယအဆင့် battle round တွင် ပြိုင်ပွဲဝင်များသည် မိမိ၏ အဖွဲ့မှ အခြားပြိုင်ပွဲဝင်နှင့် သီချင်းတစ်ပုဒ် တည်းကိုပင် သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ဦးတည်းသာလျှင် နောက်တစ်ဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။ Coaches များသည် မိမိအဖွဲ့မှ ပြိုင်ပွဲဝင် (၆)ဦးအပြင် အခြားအဖွဲ့မှ မိမိကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်(၂)ဦးကို မိမိအသင်းသို့ “Steal” ဖြင့် ခေါ်ယူ ခွင့်ရှိသည်။ အကယ်၍ ထိုပြိုင်ပွဲဝင်အား Coach တစ်ဦးထက် ပို၍ မိမိအသင်းသို့ ခေါ်ယူချင်ပါက ပြိုင်ပွဲဝင်၏ အဆုံးအဖြတ်သာ အဓိက ဖြစ်သည်။ battle round အပြီးတွင် အဖွဲ့တိုင်း၌ Coach ကိုယ်တိုင် ရွေးချယ် ထားသော ပြိုင်ပွဲဝင်(၆)ဦး အပြင် “steal” လုပ်ထားသော ပြိုင်ပွဲဝင်(၂)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၈)ဦးစီ ကျန်ရှိမည်ဖြစ်ပါတယ်။
တတိယ အဆင့် “Knock Out round” တွင် အဖွဲ့တစ်ဖွဲ့ချင်းစီမှ ပြိုင်ပွဲဝင်(၄)ဦးစီ နှစ်ခါခွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အားလုံး သည် စင်ပေါ်တွင် နေရာယူပြီး တစ်ဦးချင်းစီ ရှေ့ထွက်ကာ သီဆိုရမည်ဖြစ်သည်။ သက်ဆိုင်ရာ Coachက ၎င်း၏ အသင်းမှ(၂)ဦးစီ ဖြင့် စုစုပေါင်း(၄)ဦးကို ရွေးချယ်ပြီး နောက်ဆုံးအဆင့်သို့ ခေါ်ဆောင်သွားမည်ဖြစ်ပါတယ်။


နောက်ဆုံးအဆင့် LIVE SHOW သို့ Coachတစ်ဦးချင်းစီမှ ပြိုင်ပွဲဝင်(၄)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် (၁၆) ဦး တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ Live Show ပထမအပတ်တွင်  Coaches နှစ်ဦး၏ ပြိုင်ပွဲဝင်(၄)ဦးစီ ယှဉ်ပြိုင်မည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့စီမှ ပြိုင်ပွဲဝင်(၂) ဦးစီ ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာရမည်ဖြစ်သည်။ Live Show ဒုတိယအပတ်တွင်  ကျန်ရှိသော အဖွဲ့(၂) ဖွဲ့ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမအပတ် နှင့် အလားတူ ပင် ဖြစ်သည်။ Semi Final (Live Show တတိယအပတ်) တွင် အဖွဲ့တစ်ဖွဲ့စီမှ ပြိုင်ပွဲဝင် (၂)ဦးစီ ၊ စုစုပေါင်း(၈)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အဖွဲ့တစ်ဖွဲ့စီမှ ပြိုင်ပွဲဝင်တစ်ဦးသာ Final Live Show သို့တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ပရိသတ်များ သည်လည်း မိမိကြိုက်နှစ်သက် သော ပြိုင်ပွဲဝင်များအား Vote ပေး၍ အားပေးနိုင်မည်ဖြစ်ပါတယ်။
THE VOICE MYANMAR SEASON-3 အား သြဂုတ်လ (၂၃) ရက်နေ့မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ည (၈:၄၅) အချိန်တွင် MRTV-4 ရုပ်သံလိုင်းမှ ကြည့်ရှုအားပေးနိုင်မှာဖြစ်ပြီး Pyone Play App မှ တစ်ဆင့်လည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ပြသခဲ့ပြီးသောအပိုင်းအား နောက်အပတ် စနေနေ့ည (၈:၄၅) အချိန် တွင် MRTV-4 တွင် ပြန်လည်ကြည့်ရှု အားပေးနိုင်မည် ဖြစ်သည်။ ပြသခဲ့ပြီးသော အပိုင်းအား ပြန်လည် ကြည့်ရှုအားပေး လိုပါက You Tube တွင် The Voice Myanmar အား Subscribe ပြုလုပ်ပြီး ပြန်လည်ကြည့်ရှု အားပေးနိုင်မည်ဖြစ်ပါတယ်။

Kelly -Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle