ကိုယ့်မှာအဆိုးရွားဆုံး ရည်းစားဟောင်းတစ်ယောက်ရှိတယ်ဆိုတဲ့ လက္ခဏာများ

ကိုယ့်မှာအဆိုးရွားဆုံး ရည်းစားဟောင်းတစ်ယောက်ရှိတယ်ဆိုတဲ့ လက္ခဏာများ

ရည်းစားတွေဆိုတာ အချိန်တန်လို့ယူရင်ယူ မဟုတ်ရင် အချိန်တန်တော့ ပြတ်သွားကြတာပါပဲလေ။ ဒီလိုပြတ်သွားတဲ့ ရည်းစားဟောင်းတွေမှာလည်း ကိုယ့်အတွက် ဘာပြဿနာမှမပေးဘဲ ကိုယ့်လမ်းကိုယ်လေ ျှာက်သွားတတ်တဲ့ ရည်းစားဟောင်းတွေရှိသလို ၊ သူ့ဟာသူရှေ့မဆက်နိုင်ဘဲ ကိုယ့်ကိုပါ လိုက်ဒုက္ခပေးတဲ့ ရည်းစားဟောင်းတွေလည်းရှိပါတယ်။ ဒီလိုသူများကိုဇာတ်လမ်းတွေပြီးသွားပြီးနောက်ပိုင်းတောင်မှ လိုက်ပြီးတော့အနှောင့်အယှက်ပေးတတ်တဲ့ အကျင့်မကောင်းတဲ့ရည်းစားဟောင်းတွေက ရည်းစားဟောင်းတွေထဲမှာ အဆိုးဆုံးပါပဲ။ ကိုယ့်မှာဒီလိုဆိုးရွားတဲ့ရည်းစားဟောင်းရှိနေပြီဆိုရင် ဘယ်လိုလက္ခဏာတွေ တွေ့နိုင်မှာလဲ။

အရက်မူးတိုင်းဖုန်းဆက်တဲ့ရည်းစားဟောင်း
ကိုယ်နဲ့သူနဲ့ပြတ်တာ သိပ်မကြာသေးလို့ ကိုယ့်ကိုဖုန်းတွေဆက်တိုက်ခေါ်နေတာက မကောင်းဘူးဆိုပေမယ့်လည်း လက်ခံလို့ရနိုင်ပါသေးတယ်။ ဒါပေမယ့်ပြတ်ပြီးတာလည်း နှစ်နဲ့ချီနေပြီ ၊ ဒါကိုသူ့ဟာသူ သောက်ပြီးမူးပြဲတိုင်း ကိုယ့်ကိုဖုန်းတွေဆက်နေသေးတယ်ဆိုရင်တော့ ဒီရည်းစားဟောင်းက သူတစ်ပါးဘက်ကို စာနာထောက်ထားမှုမရှိတဲ့ အဆိုးရွားဆုံးရည်းစားဟောင်းတစ်ယောက်ပါပဲ။

ကိုယ့်ဘဝရဲ့အရေးပါတဲ့နေ့တွေမှာ လက်ဆောင်တွေလာပို့တာ
ကိုယ်နဲ့သူနဲ့တစ်ချိန်က ရည်းစားတွေဖြစ်ခဲ့တယ်။ ကိုယ့်မွေးနေ့တွေ ၊ ကိုယ်တို့ရဲ့နှစ်ပတ်လည်တွေမှာ လက်ဆောင်တွေအပြန်အလှန်ပေးခဲ့ကြတယ်။ ခုတော့နှစ်ယောက်က ဘာမှမဆိုင်တော့ဘူး။ ပြီးတော့ ဇာတ်လမ်းတွေ တစ်ခန်းရပ်သွားပြီ။ ဒါကိုမွေးနေ့တွေဘာတွေမှာ ကိုယ့်ကိုများ ပြန်ရမလားဆိုတဲ့ စိတ်လေးနဲ့ လက်ရေးနဲ့ရေးတဲ့စာတွေပေးပြီး ပန်းတွေလာပို့တယ်။ မွေးနေ့ဆုတောင်းပြောချင်တယ်ဆိုရင်လည်း မက်ဆေ့ချ်လေးပို့လိုက်ရင်ဖြစ်တာပဲ။ စာတွေ ၊ ပန်းတွေ ၊ လက်ဆောင်တွေပို့တာက ဘာအကွက်လဲ။ အဲဒီလိုလုပ်လို့ ကိုယ့်ကိုတော့ပြန်မရဘူး။ ကိုယ့်ရဲ့လက်ရှိရည်းစား ထိုးတာပဲခံရင်ခံရမှာပါ။ ဒီလိုအကွက်တွေခင်းတဲ့ ရည်းစားဟောင်းတွေဆိုတာလည်း ဆိုးရွားတဲ့ ရည်းစားဟောင်းတွေထဲမှာ ပါပါတယ်။

ကိုယ်နဲ့သူနဲ့ကြားကကိစ္စတွေကို Social Media မှာ ဖွာတာ
Ethic ရှိတဲ့လူတိုင်းနားလည်ကြတာက သူတစ်ပါးရဲ့အတိတ်ကို လူအများရှေ့မှာချပြတာက မကောင်းတဲ့လုပ်ရပ်ဆိုတာကိုပါ။ တချို့ရည်းစားဟောင်းတွေက ပြတ်ပြီးသွားတာကို Feel တာဆိုတာ ကိုယ်နဲ့သူနဲ့ဖြစ်ပျက်ခဲ့သမ ျှကို လူတကာရှေ့အလွမ်းသယ်သလို ပြန်တမ်းတပြီး Social Media မှာတင်ကြတယ်။ ဒါပေမယ့်တချို့ကိစ္စတွေက အရမ်း Private ဖြစ်တဲ့အရာတွေဆိုရင် ဒီလိုတွေတင်လို့ တစ်ဖက်သားကိုထိခိုက်မယ်ဆိုတာကိုတွေးသင့်တာတွေရှိတယ်။ ဒါပေမယ့်ဆိုးရွားတဲ့ ရည်းစားဟောင်းတွေဆိုတာ ကိုယ့်ကိုထိခိုက်စေမယ့်အရာတွေကို တမင်တကာကို Social Media မှာတင်ပြီး တိုက်ခိုက်တတ်တဲ့သူတွေပါ။

နှစ်တွေအကြာကြီးနေမှ တို့နှစ်ယောက်ကြားဘာဖြစ်သွားတာလဲဆိုပြီး ဖြေရှင်းချက်လာတောင်းတာ
ကိုယ့်ရည်းစားဟောင်းရဲ့ ဒုက္ခပေးတဲ့ဂယက်တွေပြီးသွားလို့ သက်ပြင်းချပြီးဘဝကို ရှေ့ဆက်မယ်ကြံရုံရှိသေးတယ်ပေါ့ ၊ ပြတ်ပြီးလေးနှစ်လောက်နေမှ ကိုယ်အလုပ်သွားမလို့ အိမ်တံခါးပိတ်တယ်ပဲရှိသေးတယ် အိမ်ရှေ့မှာ မတ်တပ်ကြီးရပ်ပြီး “ငါတို့ကြားမှာဘာတွေလွဲသွားတာလဲဟာ ၊ ငါတို့ဘာတွေမှားခဲ့ကြတာလဲ ၊ ငါလေအဲဒီအမှားဆိုတာတွေကို ပြန်ပြင်ပြီး အသစ်ကတစ်ခေါက်ပြန်စချင်တယ် ၊ နင်ရောမစချင်ဘူးလား”ဆိုပြီး လာမေးတယ်ပေါ့။ သေချာပါတယ် ဒီလိုလာမေးတဲ့ ရည်းစားဟောင်းက ကိုယ့်ဘဝအတွက် အဆိုးရွားဆုံး ရည်းစားဟောင်းပါပဲ။ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းနေပြီပဲကို ဘာလို့သူများကို စိတ်ဒုက္ခတွေပေးချင်တာလဲဆိုတာ တကယ်လည်းစဉ်းစားလို့မရပါဘူး။

ကိုယ့်သူငယ်ချင်းတွေကိုရောပြီး အပြင်လေ ျှာက်သွားဖို့ဖိတ်တာ
ကိုယ်နဲ့သူနဲ့ပြတ်သွားပြီမို့လို့ ကိုယ့်သူငယ်ချင်းတွေနဲ့သူလည်းဆက်ပေါင်းစရာမလိုတော့ဘူးလို့ ဥပဒေသတ်မှတ်ထားတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့်အချစ်ရေးတွေရဲ့ထုတ်ဖော်မပြောကြတဲ့ စည်းမျဉ်းတွေထဲမှာ သူငယ်ချင်းတွေကို ကိုယ့်အရှုပ်ထဲဆွဲမသွင်းရဘူးဆိုတာတော့ ပါပါတယ်။ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ပြီး ဘာခံစားချက်မှမဖြစ်ဘဲနဲ့ ပြန်တွေ့နိုင်ဖို့အထိ ရင့်ကျက်တဲ့အချိန်ကို မရောက်သေးဘဲနဲ့ ကိုယ်နဲ့တွေ့ဖို့အဆင်မပြေသေးတဲ့ ရည်းစားဟောင်းကိုပြန်ရဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့ လိုက်ရောပြီး အခွင့်အရေးရှာတာက လုံးဝကိုမကောင်းပါဘူး။ ပြီးတော့သူနဲ့ပြတ်ပြီးသွားပြီကို သူ့သူငယ်ချင်းတွေကို လိုက်ရောတာ သူ့ပိုင်တဲ့သူ့သူငယ်ချင်းတွေကို ခိုးယူတာနဲ့လည်း တူပါတယ်။

Photo Credit -The Morden Man

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle