သတင်းကျွတ်ကိုအိမ်မှာနေရင်းဘယ်လိုဖြတ်သန်းကြမလဲ

သတင်းကျွတ်ကိုအိမ်မှာနေရင်းဘယ်လိုဖြတ်သန်းကြမလဲ

သတင်းကျွတ်ဆိုတာမြန်မာလူမျိုးတွေအတွက် အရေးကြီးတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ သတင်းကျွတ်ကလည်း မကြာခင်ရောက်လာတော့ မယ်၊အခုချိန်ထိလည်းအပြင်တွေလည်းထွက်လို့မရသေးဘူးဆိုတော့အိမ်တွင်းအောင်းရင်းနဲ့ကိုယ့်ရဲ့သတင်းကျွတ်လေးတွေကိုဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာကို အကြံဉာဏ်လေးတွေနဲ့ မျှဝေပေးချင်ပါတယ်။
အိမ်မှာမီးပုံးလေးတွေဆင်မယ်
ကိုယ့်ရဲ့အိမ်ရှေ့ခြံဝန်းလေးမှာဖြစ်ဖြစ်မီးပုံးလေးတွေအလှဆင်ဖို့အတွက် DIY လေးတွေကိုအလှဆင်လို့ရပါတယ်။မီးပုံးလေးကို အလှဆင်တဲ့နည်းလမ်းတွေ   YouTube တွေကနေကြည့်ရပါတယ်။ကိုယ့်ရဲ့ မိသားစုနဲ့  အတူတူအချိန်တွေကုန်ဆုံးဖို့အတွက်လည်းအခွင့်အရေးတွေပိုရသွားတယ်လို့ပြောလို့ရပါတယ်။


အဝေးရောက်နေတဲ့ မိဘတွေကိုကန်တော့မယ်
ကိုယ့်မိသားစုကအဝေးကိုရောက်ရှိနေတဲ့ သူတွေအတွက်ဆိုရင်တော့ အခုလိုအချိန်မျိုးကကိုယ့်ရဲ့မွေးရပ်ကိုပြန်ဖို့ကလည်းအဆင်မပြေတဲ့ အခြေအနေမျိုးဆိုရင်တော့ Video Call လေးခေါ်ပြီးတော့ကန်တော့တာမျိုးတွေလုပ်သင့်ပါတယ်။အနည်းဆုံးတော့ ကိုယ့်ချစ်ရတဲ့သူတွေရဲ့မျက်နှာလေးကိုမြင်ပြီးစကားလေးပြောလို့ရတာပေါ့နော်။


မြန်မာမုန့်တွေလုပ်စားမယ်
အခုလိုအပြင်ထွက်လို့မရတဲ့ ကာလကြီးမှာဆိုရင် အဖိုးတွေ၊အဖွားတွေလုပ်ကျွေးတဲ့မြန်မာမုန့်လေးတွေကိုသတိရနေမှာတော့ အမှန်ပါနော်။ဒါကြောင့် အခုလိုသတင်းကျွတ်နေ့လေးမှာကိုယ့်အိမ်မှာရှိတဲ့မိသားစုဖြစ်ဖြစ်၊အတူနေတဲ့ အပေါင်းအသင်းတွေနဲ့ ပဲဖြစ်ဖြစ်မုန့်ဖက်ထုပ်တို့၊မုန့်ဆီကြော်တို့လုပ်စားကြည့်လို့လည်းရပါတယ်။

Kelly - Akhayar Lifestyle

Photo Credit -Wondercook