သင်္ကြန်အတွက် သယ်ယူသွားရမယ့် မပါမဖြစ်ပစ္စည်းလေးများ

သင်္ကြန်အတွက် သယ်ယူသွားရမယ့် မပါမဖြစ်ပစ္စည်းလေးများ

သင်္ကြန်ရောက်တော့မယ်ဆိုတော့ ကဲကြဖို့ Ready ဖြစ်နေလောက်ပြီထင်တယ်နော်။ ဒီစာလေးကတော့ သင်္ကြန်ကဲကြမယ့် ဘော်ဒါတွေအတွက် အသုံးဝင်မယ့်ပစ္စည်းတချို့ကို မပါမဖြစ် ဆောင်သွားရလေအောင် ရွေးချယ်ပေးသွားမှာပါ။ သင်္ကြန်ကဲတော့မယ်ဆိုရင် ဘယ်လိုပစ္စည်းတွေကို ဂရုတစိုက်ပြင်ဆင်သင့်လဲ အခုကြည့်ရအောင်။

Sunscreen
“Sunscreen” လို့ အော်နေပါသော်ငြားလည်း မသုံးဖြစ်အောင် မသုံးကြတဲ့လူတွေရှိပါတယ်။ ဒီလိုသင်္ကြန်မျိုးမှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော Sunscreen ကို မမေ့ကြပါနဲ့။ အိမ်ကလည်း လိမ်းသွားရမှာဖြစ်သလို Travel Size ဘူးသေးလေးတွေကိုလည်း အဆင်သင့်ယူသွားကြပါ။ နေ့လည်ထမင်းစားချိန်လိမ်းပါ။ ကားခဏရပ်နားရင် လိမ်းပါ။ မဏ္ဍပ်ကျဲလို့ ရေခြောက်သွားရင်လိမ်းပါ။ လစ်ရင်လစ်သလိုလိမ်းပါ။ နေပူတယ်နော်။

Tampon
နောက်တစ်ခုကတော့ “Tampon” ပါပဲ။ မိန်းကလေးတွေဟာ သင်္ကြန်ရက်မှ တိုက်တိုက်ဆိုင်ဆိုင် ရာသီလာတတ်ကြပါတယ်။ တစ်ခါတလေ ပျော်ချင်ဇောနဲ့ ကိုယ့်နေ့ကိုယ်မေ့နေပြီး ရုတ်တရက်ထလာတာမျိုးတွေလည်း ကြုံတတ်ပါတယ်။ အိတ်ထဲမှာ Tampon တစ်ခုလောက်ထည့်သွားတာ အကောင်းဆုံးပါပဲ။ City Mart နဲ့ ဆေးကောင်တာတွေမှာ ရှာဝယ်သွားပါ။ အရေးပေါ်လိုတာနဲ့ ချက်ချင်းသုံးလို့ရတာပေါ့။ သင်္ကြန်ရက်တွေမှာ ရိုးရိုး Pad က အဆင်ပြေမှာ မဟုတ်ပါဘူး။

Slipper
တကယ်တော့ သင်္ကြန်ရောက်ရင် လူတိုင်း ဖက်ရှင်ကျချင်တာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း တွေးကြည့်မယ်ဆိုရင် ဈေးကြီးတဲ့ Shoe Brand ကြီးတွေ ချစီးတော့လည်း နှမြောစရာအရမ်းကောင်းတယ်။ မဖြစ်သင့်ဘူး။ ဒီလိုဆိုလို့ China Made Shoe ဖိနပ်အပေါစားတွေ ဝယ်စီးပြန်တော့လည်း ရေအိတာနဲ့ ကော်ကွာရတာနဲ့ ဆေးကျွတ်ရတာနဲ့ အရှက်ကွဲဦးမယ်။ ဒါလည်း မဖြစ်သင့်ဘူး။ ဒီတော့ ဖက်ရှင်ကျပြီး အကြမ်းခံတဲ့ Slipper နဲ့ Sandal လေးတွေ ရွေးစီးပါ။ အဲဒါကိုပဲ Recommend ပေးပါရစေ။

Snack
ကားလည်တဲ့သူတွေဆိုလည်း အရှေ့ခန်းမှာပဲဖြစ်ဖြစ်၊ လမ်းလျှောက်တဲ့သူ၊ မဏ္ဍပ်ထိုင်တဲ့သူတွေဆိုလည်း အိတ်ထဲမှာပဲဖြစ်ဖြစ် Snack ထုတ်လေးတွေ နည်းနည်းလောက်တော့ ဆောင်ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရေစိုတော့ ဗိုက်က ဆာ၊ ကြုံရာဝယ်စားမယ်ဆိုတော့လည်း မတန်မရာ၊ မသန့်မရှင်းကို ဈေးက အဆမတန်ကြီးနေသေးဆိုတော့ အိတ်ထဲမှာ စားစရာတစ်ခုခုထည့်ထားဖို့ လိုအပ်ပါတယ်။

Girl/Boyfriend
ဒါကတော့ နောက်ဆုံးမှ ပြောလို့ အရေးမကြီးဘူးလားလို့ မထင်လိုက်ပါနဲ့။ အရေးကြီးပါတယ်။ ချစ်သူရည်းစားလေးတစ်ယောက်လောက်မှမပါရင် သင်္ကြန်နေ့ရက်တွေက ဘယ်လောက်များ လွမ်းဆွတ်ဖွယ်ကောင်းလိုက်မလဲ စဉ်းစားကြည့်ပါဦး။ သနားစရာသိပ်ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထီးကျန်မခံပါနဲ့။ ချစ်သူလေးကို ပါအောင်ခေါ်သွားပါနော်။ မဟုတ်ရင်တော့ တစ်နေကုန်ထိုင်ငိုင်နေရတော့မှာပါပဲ။

ဒီတော့ ဒီ (၅) မျိုးမပါဘဲနဲ့တော့ သင်္ကြန်ကဲဖို့ မစဉ်းစားနဲ့နော်။ ကဲ ချစ်သူလိုနေလား၊ Slipper လိုနေလား။ လိုနေတာတွေအားလုံးကို အခုကတည်းက စုထားလိုက်တော့နော်။

Moethaesay (Akhayar)