နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်ရမှာလဲ

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်ရမှာလဲ

အခုအချိန်ဟာ မြန်မာလူငယ်တွေအနေနဲ့ နိုင်ငံတကာကို သွားရောက်ပြီး ပညာသင်ကြားဖို့အတွက် အခွင့်အလမ်းတွေ ပိုမိုရရှိနေတဲ့အချိန်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်ဘက်က ကြိုးစားတာနဲ့ Scholarship တွေရနိုင်တဲ့အပြင် နိုင်ငံက ပွင့်လင်းလာတာနဲ့အမျှ မိသားစုတွေကလည်း နိုင်ငံတကာမှာ ကျောင်းတက်ကြဖို့အတွက် နားလည်ပြီး အားပေးတဲ့အချိန်ဖြစ်လာလို့ပါပဲနော်။ ဒီတော့ နိုင်ငံခြားကို ကျောင်းသွားတက်မယ့် ကျောင်းသားတွေအတွက် နိုင်ငံခြားရောက်သွားရင်လည်း အရာရာအဆင်ပြေချောမွေ့နေစေဖို့ လိုအပ်တာလေးတွေ ပြောပြပေးမယ်နော်။

ဘာသာစကားနဲ့ ယဉ်ကျေးမှုများ
အရင်ဆုံး ဘာသာစကားတံတိုင်းကြီးကို ဖြိုခွဲဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ မိသားစုရဲ့ မျှော်လင့်ချက်က နိုင်ငံခြားမှာပညာသွားသင်ဖို့ဖြစ်နေတယ်ဆိုရင် လိုအပ်တဲ့အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို ပြည့်အောင်ဖြည့်ဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်စာသင်ကြားရာမှာလည်း General English တစ်ခုတည်းမဟုတ်ဘဲ ကိုယ်သွားရောက်လေ့လာမယ့် ဘာသာရပ်အပေါ်မူတည်ပြီး Advanced English ကိုလည်း သေချာသင်ယူလေ့လာသွားပါနော်။ နောက်ပြီး ကိုယ်သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကိုလည်း လေ့လာသွားမှ အဆင်ပြေပါလိမ့်မယ်။

သတ္တိနဲ့ ယုံကြည်မှုများ
နောက်တစ်ခုကတော့ နေရာတကာမှာ ကြောက်နေတတ်တဲ့သူတွေက တစ်ယောက်တည်း ဖောက်ထွက်သွားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့နယ်မြေမှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ဆိုရင် ဘယ်လိုမှ နေရထိုင်ရ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ နိုင်ငံခြားမှာ အေးဆေးနေနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရှိနဲ့ တစ်ယောက်တည်းရပ်တည်နိုင်ဖို့ အရင်ဆုံး အကြောက်တရားကို မောင်းထုတ်ပစ်ဖို့ လိုအပ်ပါတယ်။

လူမှုဆက်ဆံရေးနဲ့ လိုက်လျောညီထွေမှုများ
လူမှုဆက်ဆံရေးကောင်းမှလည်း လူဝင်ဆံ့ဦးမှာပါ။ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် နိုင်ငံမတူ၊ ယဉ်ကျေးမှုမတူတဲ့သူငယ်ချင်းတွေအများကြီးနဲ့ ပေါင်းသင်းရမယ်။ အတူတူ ပရောဂျက်တွေ လုပ်ရမှာရှိသလို အတူတူ နေထိုင်ရမှာတွေလည်း ရှိပါတယ်။ အဲဒီ့အခါ လူမှုဆက်ဆံရေးမကောင်းဘဲ အမြင်ကျဉ်းနေတဲ့သူတွေ နောက်ပြီး စာအုပ်ကြီးဆန်လွန်းတဲ့သူတွေကတော့ ပတ်ဝန်းကျင်နဲ့ မသင့်မြတ်ရင် နေပျော်တော့မှာ မဟုတ်ပါဘူး။ ကိုယ် လိုတဲ့အကူအညီတွေလည်း သူများဆီက ယူသင့်ရင် ယူရမှာဖြစ်သလို သူတို့လိုတဲ့ အကူအညီကိုလည်း ကိုယ်တတ်စွမ်းရင် ဖြည့်ဆည်းပေးရင်း မှီခိုနေထိုင်ရမှာတွေ ရှိတာမို့လို့ လူမှုဆက်ဆံရေးကောင်းဖို့ လိုအပ်ပါတယ်။

အချက်အပြုတ်နဲ့ ငွေရေးကြေးရေးများ
ဒါကလည်း အရေးကြီးပါတယ်။ အရင်တုန်းကလို အမေက လိုက်ချက်ကျွေးတော့မှာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်စားချင်တာကို ကိုယ့်ဘာသာကိုယ် ချက်ပြုတ်တတ်ဖို့ ကြိုးစားရပါလိမ့်မယ်။ မဟုတ်ရင်တော့ Ready-made အစားအသောက်တွေနဲ့ နှစ်ပါးသွားရပါလိမ့်မယ်။ ဒါနဲ့ တစ်ဆက်တည်း အရေးကြီးတာက ငွေရေးကြေးရေးပါပဲ။ အမြဲတမ်း အပြင်မှာထွက်စားနေရင် ပိုက်ဆံကုန်သလို တခြားနေရာတွေမှာလည်း ရန်ကုန်မှာတုန်းက ထိုင်သုံးနေသလို သုံးမိနေရင်တော့ ကျောင်းတောင်ဆက်တက်နိုင်တော့မှာ မဟုတ်ပါဘူး။

အခုပြောပြခဲ့တဲ့အချက်တွေကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တဲ့ လူငယ်မောင်လေး၊ ညီမလေးများအနေနဲ့ နိုင်ငံရပ်ခြားမှာ အဆင်ပြေပျော်ရွှင်နိုင်ဖို့ လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးအချက်အလက်လေးတွေပဲ ဖြစ်ပါတယ်နော်။ ဒီအချက်လေးတွေကို ဂရုတစိုက် ပြင်ဆင်သွားမယ်ဆိုရင်တော့ နိုင်ငံခြားဆိုတဲ့အသိကြီးတောင် ပျောက်လုနီးပါး အဆင်ပြေနေမှာ မြင်ယောင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ စဉ်းစားနေပြီဆိုရင်တော့ “UnionPay” လို နိုင်ငံအနှံ့အပြားမှာ အလွယ်တကူ ငွေထုတ်ယူသုံးစွဲနိုင်တဲ့ Card လေးတစ်ခု လုပ်သွားဖို့ အကြံပြုချင်ပါတယ်။ ငွေသားချည်းပဲ ကိုင်ထားတာက အန္တရာယ်လည်း များပါတယ်။ “UnionPay” လို Card လေးနဲ့ဆိုရင် ငွေကိုင်စရာလည်း မလိုအပ်ဘဲ ကျောင်းပိတ်ရက် တခြားနိုင်ငံသွားလည်ပြီဆိုရင်တောင် အဆင်ပြေနေဦးမှာပါ။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ