မိုးတွင်းမှာအပြင်ထွက်တိုင်း မဖြစ်မနေဆောင်သွားသင့်တဲ့ ပစ္စည်းများ

မိုးတွင်းမှာအပြင်ထွက်တိုင်း မဖြစ်မနေဆောင်သွားသင့်တဲ့ ပစ္စည်းများ

မိုးတွင်းလည်းရောက်နေပြီဆိုတော့ မိုးတွင်းနဲ့ပတ်သက်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတော့မယ်လေ။ မိုးတွင်းမှာအပြင်ထွက်ရင် လက်လွတ်စပယ် ထွက်လို့မရဘူးဆိုတာ သိတယ်မလား။ မိုးမိရင် တုတ်ကွေးတွေဖြစ်ပြီး ကျန်းမာရေးကို တော်တော်ဒုက္ခပေးတယ်လေ။ အခုဆိုရင် H1N1 တွေလည်းဖြစ်နေတော့ ကိုယ်ခံအားကောင်းအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှဖြစ်မယ် ဟုတ်တယ်ဟုတ်။ ဒါကြောင့်မိုးတွင်းမှာ ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ဖို့ ဘယ်လိုပစ္စည်းတွေကို အမြဲဆောင်ထားဖို့ လိုတယ်ဆိုတာကို ကြည့်လိုက်ကြရအောင်။


ထီး


မိုးတွင်းမှာ ထီးကိုဆောင်ကို ဆောင်ရမယ်ဆိုတာ မပြောလည်းသိပါတယ်။ ဟုတ်တယ်မလား။ ဒါပေမယ့် ဝန်ခံလိုက်နော်။ ကျွန်မတို့တွေထဲမှာ ထီးသယ်ရမှာကို သိပ်ပျင်းတဲ့ ကိုယ်တော်ချောတွေရှိတယ်လေ။ နွေတုန်းက နေပူပူထဲမှာ ထီးမပါဘဲလျှောက်သွားတာက သိပ်ပြီးတော့ရှော့မရှိဘူး။ အများဆုံးဖြစ် အပူရှပ်တာလောက်ပေါ့။ ဒါပေမယ့် မိုးတွင်းမှာထီးမပါဘဲ သတ္တိတွေရှိပြီး လျှောက်သွားနေမယ်ဆိုရင်တော့ မိုးမိလို့ခြေတွေလက်တွေကိုက်မယ် ၊ ဖျားမယ်နာမယ် တုပ်ကွေးမိမယ် ၊ အဲဒီလိုတွေဖြစ်ရင် အနည်းဆုံး သုံးလေးရက်လောက်တော့ နားနေရမှာမို့လို့ အလုပ်ပျက်အကိုင်ပျက်တယ်။ ထီးမပါဘဲမိုးရေထဲလမ်းလျှောက်ရင်း ရိုတာကရုပ်ရှင်ထဲမှာပဲကောင်းပါတယ်။ အပြင်မှာတော့ မိုးတွင်းမှာ ထီးဆောင်ဖို့မမေ့ပါနဲ့။

ဦးထုပ်


သိပါတယ်…မိုးတွင်းကြီးဘာလို့ဦးထုပ်ဆောင်ခိုင်းတာလဲ ၊ နေလည်းမပူဘဲနဲ့ စာရေးတဲ့တစ်ယောက်တော့ ကြောင်နေလားမသိဘူးလို့ ပြောတော့မယ်ဆိုတာ။ ဒါပေမယ့် ဦးထုပ်ယူခိုင်းရတဲ့ အကြောင်းပြချက်ရှိပါတယ်နော်။ အားလုံးသိတဲ့အတိုင်း ထီးယူရတာသိပ်ပျင်းတဲ့သူတွေရှိတယ်လေ။ ကျွန်မအထင်တော့ ထီးသိပ်မဆောင်တဲ့ထဲမှာ ယောကျ်ားလေးတွေပိုများမယ်ထင်တယ်။ အဲဒီလိုလူတွေက ထီးမဆောင်ရင်တော့ အနည်းဆုံးခေါင်းမစိုအောင်လို့ ဦးထုပ်လေးတော့ဆောင်းပေါ့လို့ ပြောချင်လို့ပါ။ အထာလည်းကျတယ်လို့ သဘောထားလိုက်ပေါ့။

မိုးကာအကျီၤ

မိုးတွင်းမှာ မိုးအရမ်းသည်းလာရင် ထီးတစ်ချောင်းတည်းနဲ့လည်း အဆင်မပြေတော့ဘူး။ ထီးကအဲဒီလောက်မိုးမလုံလို့လေ။ ဖြစ်နိုင်ရင် ထီးလည်းဆောင်း မိုးကာလည်းဝတ်တာက ပိုပြီးစိတ်ချရပါတယ်။ ဒီလိုအချိန်မှာ ထီးတွေလည်းဆောင်း မိုးကာတွေလည်းဝတ်လို့ စတိုင်ပျက်တယ်လို့ သူများတွေတွေးတာကို စိတ်ပူနေလို့မရတော့ပါဘူး။ ကိုယ့်ကျန်းမာရေးက အရေးအကြီးဆုံးလေ။ အထူးသဖြင့် ဖျားနာလွယ်တဲ့သူတွေဆိုရင် ကျွန်မပြောတဲ့အတိုင်းလုပ်ကိုလုပ်သင့်ပါတယ်။

လွယ်အိတ်အတွက် Poncho


အခုဆိုရင် ကျွန်မတို့ရုံးတွေဘာတွေသွားတဲ့အခါမှာ ကျောပိုးအိတ်တွေသုံးတာများတယ်လေ။ အိတ်ထဲမှာ Laptop တို့ ၊ ဖုန်းတို့ ၊ Tablet တို့လို လျှပ်စစ်ပစ္စည်းတွေ တေ်ာတော်များများသယ်လာကြတယ်။ ဒီပစ္စည်းတွေက ရေစိုခံတွေမဟုတ်တာကြောင့် မိုးတွင်းမှာအပြင်သွားလို့ လွယ်အိတ်နဲ့ လျှပ်စစ်ပစ္စည်းတွေထည့်ရရင် Poncho လေးတော့လိုပါတယ်။ အစကတော့ Poncho ကို ကင်မရာအိတ်တွေမှာ အတပ်များပေမယ့် ကျွန်မတို့လိုသာမန်ကျောပိုးအိတ်ဝတ်တဲ့သူတွေလည်း တပ်လို့ရပါတယ်။ လက်ဆွဲအိတ်တွေ ဘေးလွယ်တွေအတွက်တော့ ရှိမရှိသေချာမသိဘူး။

Thermos


တခြားသူတွေတော့မသိဘူး။ ကျွန်မကတော့ မိုးတွင်းမှာအလုပ်သွားတဲ့အခါပဲဖြစ်ဖြစ် အပြင်သွားတဲ့အခါပဲဖြစ်ဖြစ် Thermos လေးတော့အမြဲဆောင်သွားတယ်။ ဒါလေးဆောင်ထားတာ ဘာအထောက်အကူဖြစ်လဲဆိုတော့ အေးစက်နေတဲ့ဘယ်နေရာမှာ ရောက်နေပါစေ ၊ ပူပူနွေးနွေးလေးတစ်ခု အချိန်မရွေးသောက်လို့ရတဲ့ ခံစားချက်ပါ။ လူလည်းနွေးတယ်လေ။ Thermos ထဲကိုများသောအားဖြင့်တော့ ကော်ဖီပဲထည့်ဖျော်သွားတတ်တယ်။ ဒါပေမယ့် ကိုယ်ကြိုက်တာကို ဖောျ်ထည့်ပြီးသယ်သွားလို့ရတာပဲလေ။ သိပ်ထည့်ချင်သပဆို ရေနွေးကြမ်းတောင်ထည့်သွားလို့ရတယ်။ သယ်ရတာလည်း အလေးကြီးမှ မဟုတ်တာ။

ခြေအိတ်တွေ


Shoe ဖိနပ်စီးမှ ခြေအိတ်ဝတ်ရမှာ မဟုတ်ပါဘူး။ ကိုယ်ဆိုရင် Sandal စီးပြီး ခြေအိတ်စွပ်တာပဲ။ ဂေါက်သီးလို့ပြောလည်း ဂရုမစိုက်ဘူး။ တကယ်ပါ…ကိုယ့်ကျန်းမာရေးက သူတို့ရဲ့ပွစိပွစိပြောစကားတွေထက် ပိုအရေးကြီးတယ်လေ။ ဘာလို့ခြေအိတ်ဆောင်ခိုင်းလဲဆိုတော့ မိုးရေထဲမှာသွားပြီးတော့ ရုံးရောက်သွားတယ်ပဲ ထားပါတော့။ ခြေထောက်ကစိုထားတော့ အေးနေမှာလေ။ ခြေထောက်အေးတာက ဗိုက်အောင့်တာကို ဖြစ်စေတယ်။ ပြီးတော့ ခြေထောက်စိုရင် ခြေလည်းကိုက်တယ်။ လေးဖက်နာရှိတဲ့သူတွေဆိုရင် မိုးတွင်းမှာရေစိုကြည့် အရမ်းကိုက်ခဲလို့ ခံစားရခက်တယ်။ အဲဒီလိုတွေဖြစ်တာကို သက်သာစေတာက ခြေအိတ်စွပ်တာပါ။ အနည်းဆုံးတော့ ခြေထောက်လေးနွေးနေတာပေါ့။

Ziplock အိတ်လေးတွေဆောင်ထားတာ


တကယ်လို့ Poncho ဝယ်ရတာအဆင်မပြေဘူးဆိုရင် Ziplock အိတ်လေးတွေဆောင်ထားပြီး ဖုန်းတွေဘာတွေ ထည့်ထားလို့ရတယ်လေ။ ဒါဆိုင်ရင်လွယ်အိတ်တွေစိုရင်တောင်မှ ဖုန်းတွေမစိုတော့ဘူးပေါ့။

အဝတ်အစားအပိုတွေ


မိုးတွင်းကတော့ မိုးမိရင်ရေစိုကိုစိုမှာပါ။ ဒီကိစ္စကရှောင်လွဲလို့မရပါဘူး။ ဒါပေမယ့် မိုးမိထားလို့ အဝတ်အစားတွေစိုနေတာကို မလဲပဲဒီတိုင်းထားလိုက်ရင် ကိုက်ခဲကုန်မှာပါ။ ဒါကြောင့် မိုးရေစိုရင်လဲလို့ရအောင် အဝတ်အစားအပိုကတော့ အမြဲဆောင်ထားသင့်ပါတယ်။ အဝတ်အစိုတွေကိုပြန်သိမ်းဖို့ ပလက်စတစ်အိတ်အပိုတွေလည်း ဆောင်ထားသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ မိုးတွင်းကိုကျော်ဖြတ်ဖို့ လုံလောက်မယ်ထင်ပါတယ်။ တခြားဘယ်လိုပစ္စည်းတွေ ဆောင်ထားသင့်လဲဆိုတာကိုတော့ ပရိသတ်ကြီးတို့သိသေးရင် ပြောကြည့်လို့ရတယ်နော်။


Photo Credit
Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle