သင့်အိမ်နီးချင်းတွေက သင့်ကို လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေ

သင့်အိမ်နီးချင်းတွေက သင့်ကို လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေ

လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိကြပါတယ်။ အစုနဲ့အဝန်းနဲ့ နေကြတဲ့ ရပ်ကွက်တွေ၊ တိုက်ခန်းတွေမှာဆိုရင် သူစိမ်းတစ်ရံတွေ စုပေါင်းပြီးနေတာဖြစ်တဲ့အတွက် တခြားသူတွေကို မသိစေချင်တဲ့ အကြောင်းအရာတွေက အိမ်နီးချင်းဖြစ်တဲ့ သူတို့တတွေဆီမှာ ပိုလို့တောင် ရှိဦးမှာပါ။

ဒီလိုဆိုတော့ သူတို့တွေ ကိုယ့်ကိုမသိစေချင်တဲ့ အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Wifi


ရလေ လိုလေ အိုတစ္ဆေ တဲ့။ ခုခေတ်ကြီးမှာ အိမ်တိုင်းလိုလို အင်တာနက်သုံးနိုင်၊ တပ်နိုင်ပေမယ့်လို့ အလကားရနိုင်တဲ့ Wifi ကို ရမလားဆိုပြီး အနည်းနဲ့အများ ကြိုးစားတတ်ကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ Strong ဖြစ်မယ့် Password မျိုးကို ထားထားတာ အကောင်းဆုံးပါပဲ။

(၂) ညဘက်တွေဆိုရင်


အမှောင်ကျလာပြီဆိုတာနဲ့ အိမ်တိုင်း မီးတွေ ဖွင့်ပြီးနေတတ်ကြတယ် မဟုတ်ပါလား။ မီးဖွင့်ပြီးနေတာက ဘာမှမဖြစ်ပေမယ့် အပြင်ကနေကြည့်မယ်ဆိုရင်တော့ အိမ်ထဲကလူတွေ ဘာလုပ်နေလဲဆိုတာ အထင်သား မြင်နိုင်၊ တွေ့နိုင်ပါတယ်။ ဒီတော့ လိုက်ကာတွေတပ်ထားတာက ပိုလုံခြုံစေပါလိမ့်မယ်နော်။

(၃) ဝုန်းဒိုင်းကြဲသံတွေ


အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံတွေကြားရလေ့ရှိပေမယ့် ထူးဆန်းတာတစ်ခုက ဘယ်အိမ်နီးချင်းကမှ အဆင်မပြေတဲ့ပုံ မပြတာပဲ။ ဒါကြောင့် ကြား သုံးကြား မဝင်ကောင်းဘူး ဆိုတဲ့ စကားပုံပေါ်လာတာ ဖြစ်လိမ့်မယ်လို့ တွေးမိတယ်။

(၄) အိမ်မွေးတိရစ္ဆာန်လေးတွေ


ကားကို သေးပန်းသွားတာ၊ တိုက်လှေကားမှာ ချေးပါသွားတာတွေကို ကြုံဖူးတယ်ဆိုရင်တော့ သင့်အိမ်နီးချင်းတွေထဲက အနည်းဆုံးတစ်ယောက်လောက်က အိမ်မွေးတိရစ္ဆာန်မွေးထားလို့ပဲ ဖြစ်မှာပါ။ ဒါပေမယ့် ဒီလိုလုပ်သွားတဲ့သူရဲ့ပိုင်ရှင်ကိုတော့ ဘယ်သူဘယ်ဝါလဲဆိုတာ သိဖို့ခဲယဉ်းပါလိမ့်မယ်။

(၅) ညှော်နံ့


တစ်ခုခုကြော်မယ်ဆိုရင် “ညှော်မယ်ဗျို့” ဆိုပြီး အော်တော့တဲ့ အချိန်ကာလမဟုတ်တော့လည်း လက်သည်တရားခံမပေါ်တဲ့ ဒီညှော်နံ့ကို ခန္ဓီပါရမီအပြည့်နဲ့ ရှူလိုက်ရတာပဲ မဟုတ်လား။ အော် အိမ်နီးချင်း အိမ်နီးချင်း။

ကဲ ပရိသတ်ကြီးရော ဒီအချက်တွေအပြင် တခြားဘာတွေရှိသေးမယ်ထင်လဲ။